ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေ အမည်အား အမျိုးသား ငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ဟုပြောင်းလဲရန် လွှတ်တော်သို့ တင်ပြမည်

 
ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေ အမည်အား အမျိုးသား ငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ဟုပြောင်းလဲရန် လွှတ်တော်သို့ တင်ပြမည်

ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေ အမည်အား အမျိုးသား ငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ဟုပြောင်းလဲရန် လွှတ်တော်သို့ တင်ပြ မည်ဖြစ်ကြောင်း ဧပြီလ ၁၀ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး မှာကျင်းပ ပြုလုပ်တဲ့ လစဉ်ပုံမှန် အစည်းအဝေးမှာ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းကြိုင်က ပြောကြားခဲ့ပါတယ်။

“ငါးလုပ်ငန်းဥပဒေကို နာမည်ကိုပါ ကျွန်တောတို့ကပြောင်းချင်တယ်။သူကြေညာတာက ငါးမွေးမြုခြင်းဆိုင်ရာ ဥပဒေ၊ကျွန်တော်တို့က အမျိုးသား ငါးမွေးမြူခြင်း ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ၊ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သွားတဲ့ ဥပဒေဖြစ်ချင်လို့ နာမည်ကို နံပါတ် ၁ ပြောင်းဖို့အတွက် ကျွန်တော်တို့တင်ပြပါမယ်” လို့ ဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော်မှ ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေမူကြမ်း အား ၂၀၁၉ ခုနှစ် မတ်လ အတွင်း ထုတ်ပြန် ခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်ရေးဆွဲရန် အများပြည်သူသို့ နိုင်ငံပိုင် သတင်းစာများမှ အသိပေးဖော်ပြခဲ့ပါတယ်။ ထိုသို့ ဖော်ပြခဲ့သည့် အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အဆိုပါ ဥပဒေကြမ်းတွင် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ၊ငါးမွေးမြူလုပ်ငန်းတောင်သူများ၏ရပိုင်ခွင့်များ၊ အစာထုတ်လုပ် ရောင်းဝယ်ခြင်းများ ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များ၊ အစာနှင့်ရောဂါ ရှာဖွေစမ်းသပ် ရန် ဓာတ်ခွဲခန်း ကိစ္စရပ်များ၊ မွေးမြူရေး နည်းစနစ်များ ဥပဒေတွင် ပြည့်စုံစွာ ပါဝင်သင့်ကြောင်း၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များ စုပေါင်းပြီး ငါးလုပ်ငန်း ဖွံ့ဖြိုတိုးတက်ရေး ကော်မတီ ဖွဲ့စည်းသင့်ကြောင်း အစရှိတဲ့ အချက် အလက်များ ထည့်သွင်းရေးဆွဲရန် လွှတ်တော်သို့ သွားရောက် တင်ပြမည်ဖြစ်ပြီး အဆိုပါ အချက် အလက်များပါ ထည့်သွင်းရေးဆွဲပါက ငါးလုပ်ငန်း အလျှင်အမြန်တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်နိုင်တယ်လို့ ဦးဝင်းကြိုင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

 “ငါး၊ပုဇွန် လုပ်ငန်းဖွံ့ဖြိုတိုးတက်အောင် ဥဒေရဲ့ပံ့ပိုးမှုနဲ့ လုပ်မယ်ဆိုရင် ဒီလိုနည်းနဲ့လုပ်ရင် မြန်မြန်တိုး တက် သွားမယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် သြင်္ကန်ပြီးရင် လွှတ်တော်မှာ တင်ပြသွားမယ်” လို့ ပြောကြား ခဲ့ပါ တယ်။ ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ်က စတင်ပြဠာန်းခဲ့ပြီး လိုအပ်ချက်များ ထပ်မံထည့်သွင်းရေးဆွဲရန် လွှတ်တော်တွင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ ၁၀

(  Zawgyi  )

 ငါးေမြးျမဴျခင္းဆိုင္ရာ ဥပေဒ အမည္အား အမ်ိဳးသား ငါးေမြးျမဴျခင္း ဖြံ႕ၿဖိဳးတိုးတက္မႈ ဥပေဒ ဟုေျပာင္းလဲရန္ လႊတ္ေတာ္သို႔ တင္ျပ မည္ျဖစ္ေၾကာင္း ဧၿပီလ ၁၀ ရက္ နံနက္ပိုင္းက ျမန္မာႏိုင္ငံ ငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္႐ုံး မွာက်င္းပ ျပဳလုပ္တဲ့ လစဥ္ပုံမွန္ အစည္းအေဝးမွာ အတြင္းေရးမႉးျဖစ္သူ ဦးဝင္းႀကိဳင္က ေျပာၾကားခဲ့ပါတယ္။

“ငါးလုပ္ငန္းဥပေဒကို နာမည္ကိုပါ ကြၽန္ေတာတို႔ကေျပာင္းခ်င္တယ္။သူေၾကညာတာက ငါးေမြးျမဳျခင္းဆိုင္ရာ ဥပေဒ၊ကြၽန္ေတာ္တို႔က အမ်ိဳးသား ငါးေမြးျမဴျခင္း ဖြံ႕ၿဖိဳးတိုးတက္မႈ ဥပေဒ ၊ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးတည္သြားတဲ့ ဥပေဒျဖစ္ခ်င္လို႔ နာမည္ကို နံပါတ္ ၁ ေျပာင္းဖို႔အတြက္ ကြၽန္ေတာ္တို႔တင္ျပပါမယ္” လို႔ ဆိုပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္မွ ငါးေမြးျမဴျခင္းဆိုင္ရာ ဥပေဒမူၾကမ္း အား ၂၀၁၉ ခုႏွစ္ မတ္လ အတြင္း ထုတ္ျပန္ ခဲ့ၿပီး လိုအပ္ခ်က္မ်ားကို ျဖည့္စြက္ေရးဆြဲရန္ အမ်ားျပည္သူသို႔ ႏိုင္ငံပိုင္ သတင္းစာမ်ားမွ အသိေပးေဖာ္ျပခဲ့ပါတယ္။ ထိုသို႔ ေဖာ္ျပခဲ့သည့္ အတြက္ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္အေနျဖင့္ အဆိုပါ ဥပေဒၾကမ္းတြင္ ငါးလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး ၊ငါးေမြးျမဴလုပ္ငန္းေတာင္သူမ်ား၏ရပိုင္ခြင့္မ်ား၊ အစာထုတ္လုပ္ ေရာင္းဝယ္ျခင္းမ်ား ၊ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး အစီအစဥ္မ်ား၊ အစာႏွင့္ေရာဂါ ရွာေဖြစမ္းသပ္ ရန္ ဓာတ္ခြဲခန္း ကိစၥရပ္မ်ား၊ ေမြးျမဴေရး နည္းစနစ္မ်ား ဥပေဒတြင္ ျပည့္စုံစြာ ပါဝင္သင့္ေၾကာင္း၊ ပညာရွင္မ်ားႏွင့္ လုပ္ငန္းရွင္မ်ား စုေပါင္းၿပီး ငါးလုပ္ငန္း ဖြံ႕ၿဖိဳတိုးတက္ေရး ေကာ္မတီ ဖြဲ႕စည္းသင့္ေၾကာင္း အစရွိတဲ့ အခ်က္ အလက္မ်ား ထည့္သြင္းေရးဆြဲရန္ လႊတ္ေတာ္သို႔ သြားေရာက္ တင္ျပမည္ျဖစ္ၿပီး အဆိုပါ အခ်က္ အလက္မ်ားပါ ထည့္သြင္းေရးဆြဲပါက ငါးလုပ္ငန္း အလွ်င္အျမန္တိုးတက္ဖြံ႕ၿဖိဳးလာမွာ ျဖစ္ႏိုင္တယ္လို႔ ဦးဝင္းႀကိဳင္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 “ငါး၊ပုဇြန္ လုပ္ငန္းဖြံ႕ၿဖိဳတိုးတက္ေအာင္ ဥေဒရဲ႕ပံ့ပိုးမႈနဲ႔ လုပ္မယ္ဆိုရင္ ဒီလိုနည္းနဲ႔လုပ္ရင္ ျမန္ျမန္တိုး တက္ သြားမယ္လို႔ ယုံၾကည္တဲ့ အတြက္ေၾကာင့္ ၾသကၤန္ၿပီးရင္ လႊတ္ေတာ္မွာ တင္ျပသြားမယ္” လို႔ ေျပာၾကား ခဲ့ပါ တယ္။ ငါးေမြးျမဴျခင္းဆိုင္ရာ ဥပေဒကို ၂၀၁၅ ခုႏွစ္က စတင္ျပဠာန္းခဲ့ၿပီး လိုအပ္ခ်က္မ်ား ထပ္မံထည့္သြင္းေရးဆြဲရန္ လႊတ္ေတာ္တြင္ ေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ ၁၀