စက်တင်ဘာ ၃၀ အထိ မှတ်ပုံတင် လာမလုပ်သော တက္ကစီများ ထိထိရောက်ရောက် အရေးယူသွားမည်

စက်တင်ဘာ ၃၀ အထိ မှတ်ပုံတင် လာမလုပ်သော တက္ကစီများ ထိထိရောက်ရောက် အရေးယူသွားမည်

ရန်ကုန်တိုင်းဒေသကြီးထဲ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်တွေကို စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်မှုကို စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်လက်ခံ လုပ်ဆောင်ပေးလျက်ရှိရာ ယင်းနောက်ပိုင်းတွင် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောပါတယ်။

“ကညနရဲ့ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါ ၅၇၈၆ စီးက စာရင်းထဲကနေ ပျက်ကွက်နေတယ်၊ စက်တင်ဘာ ၃၀ အထိ မှတ်ပုံမတင်ရင်တော့ ဘာနဲ့အရေးယူမလဲဆိုတာ လောလောဆယ် မပြောသေးဘူး၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက အများကြီးရှိတယ်၊ ညီညွတ်တဲ့ တည်ဆဲဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ အရေးယူနိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမယ်၊ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ဦးလှအောင် က ရှင်းပြပါတယ်။

ထိုတက္ကစီယာဉ်တွေကို အရေးယူနိုင်ရန် ဥပဒေများစွာရှိပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုသော ဥပဒေဖြင့်သာ အရေးယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိကာလအထိ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန စာရင်းမှာ တက္ကစီအဖြစ် မှတ်ပုံတင်ထားတဲ့ ယာဉ်ပေါင်း ၆၆၆၇၃ စီးရှိပြီး ယင်းအနက်က AA, BB နံပါတ် ယာဉ်အစီး ၃၇၀၀ ဝန်းကျင်နဲ့ တခြားအက္ခရာယာဉ် ၂၀၀၀ ကျော် တို့ဟာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ဖို့ ပျက်ကွက်နေသေးတယ်လို့ သိရပါတယ်။

“တက္ကစီတွေကို အရင် မထသ လက်ထက်မှာကတည်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်နဲ့ အရေးယူခဲ့တာတွေ ရှိပါတယ်၊ မှန်ကို စတစ်ကာကပ်တဲ့ ကိစ္စကိုတောင်မှ တော်တော်လေး အရေးယူလိုက်ရတယ်၊ တစ်ချို့ဆိုရင် ဥပဒေနဲ့အညီ လုပ်ငန်းရပ်ဆိုင်းတဲ့အထိ အရေးယူခဲ့တာတွေ ရှိပါတယ်” လို့ သူက ဆက်လက်ပြောကြားပါတယ်။

ရန်ကုန်မြို့မှာ နယ်လိုင်စင်နံပါတ် တက္ကစီတွေလည်း အစီးရေများစွာရှိနေပြီး ရန်ကုန်လိုင်စင် တက္ကစီတွေကို စီးတီးတက္ကစီ မှတ်ပုံမတင်တဲ့အခါ အရေးယူမှုထက် နယ်လိုင်စင် တက္ကစီတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုအပ်ကြောင်း၊ နယ်လိုင်စင် တက္ကစီများ ပြေးဆွဲမှုကို ထိရောက်တဲ့ထိန်းချုပ်မှု မလုပ်ဆောင်နိုင်သေးပဲနဲ့ ယခုလိုလုပ်ဆောင်တာဟာ မျှတမှုမရှိတဲ့ မူဝါဒဖြစ်ကြောင်း တက္ကစီလုပ်ငန်း လုပ်ကိုင်နေသူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၄

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီးထဲ ေျပးဆြဲေနတဲ့ တကၠစီယာဥ္ေတြကို စီးတီးတကၠစီယာဥ္အျဖစ္ မွတ္ပုံတင္မႈကို စက္တင္ဘာ ၃၀ ရက္အထိ ဆက္လက္လက္ခံ လုပ္ေဆာင္ေပးလ်က္ရွိရာ ယင္းေနာက္ပိုင္းတြင္ ဥပေဒနဲ႔အညီ ထိထိေရာက္ေရာက္ အေရးယူသြားဖို႔ စီစဥ္ထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္ က ေျပာပါတယ္။

“ကညနရဲ႕ စာရင္းနဲ႔ တိုက္ဆိုင္စစ္ေဆးတဲ့အခါ ၅၇၈၆ စီးက စာရင္းထဲကေန ပ်က္ကြက္ေနတယ္၊ စက္တင္ဘာ ၃၀ အထိ မွတ္ပုံမတင္ရင္ေတာ့ ဘာနဲ႔အေရးယူမလဲဆိုတာ ေလာေလာဆယ္ မေျပာေသးဘူး၊ ျပ႒ာန္းထားတဲ့ ဥပေဒေတြက အမ်ားႀကီးရွိတယ္၊ ညီၫြတ္တဲ့ တည္ဆဲဥပေဒေတြ၊ အမိန႔္ၫႊန္ၾကားခ်က္ေတြနဲ႔ အေရးယူႏိုင္ဖို႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကို တင္ျပမယ္၊ ထိထိေရာက္ေရာက္ အေရးယူသြားမွာ ျဖစ္ပါတယ္” လို႔ ဦးလွေအာင္ က ရွင္းျပပါတယ္။

ထိုတကၠစီယာဥ္ေတြကို အေရးယူႏိုင္ရန္ ဥပေဒမ်ားစြာရွိေပမယ့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳေသာ ဥပေဒျဖင့္သာ အေရးယူသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

လက္ရွိကာလအထိ ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ကုန္းလမ္းပို႔ေဆာင္ေရး ၫြန္ၾကားမႈဦးစီးဌာန စာရင္းမွာ တကၠစီအျဖစ္ မွတ္ပုံတင္ထားတဲ့ ယာဥ္ေပါင္း ၆၆၆၇၃ စီးရွိၿပီး ယင္းအနက္က AA, BB နံပါတ္ ယာဥ္အစီး ၃၇၀၀ ဝန္းက်င္နဲ႔ တျခားအကၡရာယာဥ္ ၂၀၀၀ ေက်ာ္ တို႔ဟာ စီးတီးတကၠစီအျဖစ္ မွတ္ပုံတင္ဖို႔ ပ်က္ကြက္ေနေသးတယ္လို႔ သိရပါတယ္။

“တကၠစီေတြကို အရင္ မထသ လက္ထက္မွာကတည္းက တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ အမိန႔္ၫႊန္ၾကားခ်က္နဲ႔ အေရးယူခဲ့တာေတြ ရွိပါတယ္၊ မွန္ကို စတစ္ကာကပ္တဲ့ ကိစၥကိုေတာင္မွ ေတာ္ေတာ္ေလး အေရးယူလိုက္ရတယ္၊ တစ္ခ်ိဳ႕ဆိုရင္ ဥပေဒနဲ႔အညီ လုပ္ငန္းရပ္ဆိုင္းတဲ့အထိ အေရးယူခဲ့တာေတြ ရွိပါတယ္” လို႔ သူက ဆက္လက္ေျပာၾကားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ နယ္လိုင္စင္နံပါတ္ တကၠစီေတြလည္း အစီးေရမ်ားစြာရွိေနၿပီး ရန္ကုန္လိုင္စင္ တကၠစီေတြကို စီးတီးတကၠစီ မွတ္ပုံမတင္တဲ့အခါ အေရးယူမႈထက္ နယ္လိုင္စင္ တကၠစီေတြကို ထိထိေရာက္ေရာက္ အေရးယူေပးဖို႔လိုအပ္ေၾကာင္း၊ နယ္လိုင္စင္ တကၠစီမ်ား ေျပးဆြဲမႈကို ထိေရာက္တဲ့ထိန္းခ်ဳပ္မႈ မလုပ္ေဆာင္ႏိုင္ေသးပဲနဲ႔ ယခုလိုလုပ္ေဆာင္တာဟာ မွ်တမႈမရွိတဲ့ မူဝါဒျဖစ္ေၾကာင္း တကၠစီလုပ္ငန္း လုပ္ကိုင္ေနသူေတြက ေဝဖန္မႈေတြ ရွိေနပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၄