စက်မှုပြည်ထောင်စုဝန်ကြီးနေရာ ၎င်းအား အစားထိုးမည်ဆိုသောသတင်း မဖြစ်နိုင်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ငြင်းဆို

စက်မှုပြည်ထောင်စုဝန်ကြီးနေရာ ၎င်းအား အစားထိုးမည်ဆိုသောသတင်း မဖြစ်နိုင်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ငြင်းဆို

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး အား နှုတ်ထွက်စာတင်ထားသည်ဟုဆိုသည့် စက်မှုပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၏ နေရာတွင် အစားထိုးမည်ဆိုသော သတင်းမှာ မဖြစ်နိုင်ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုး မှ ငြင်းဆိုခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုထ္ထနေ့အစီအစဉ် ကြယ်ပွင့်ပြမေးခွန်းများ လာရောက်ဖြေဆိုပြီး အပြန်တွင် မီဒီယာများက ၎င်းအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား နှုတ်ထွက်စေပြီး ထိုနေရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး အား အစားထိုးခန့်အပ်သွားမည်ဆိုသော သတင်းများ ထွက်ပေါ်နေမှုအပေါ် မေးမြန်းခဲ့ရာ ယင်းကဲ့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

"အဲ့ဒါက သတင်းထွက်ပေါ်တာလေ။မီဒီယာတွေ ဂျာနယ်တွေမှာ ပြောတဲ့ကိစ္စလေ။ဒီကိစ္စကမဖြစ်နိုင်ပါဘူး။ကျနော်က ပို့ဆောင်ရေးဖက်မှာ အင်မတန်အရေးကြီးတဲ့ လုပ်ငန်းစီမံကိန်းတွေ တာဝန်ပေးထားလို့ ဦးစီးဆောင်ရွက်နေရတဲ့ အနေအထားရှိပါတယ်။အဲ့တော့ ကိုယ်ကျွမ်းကျင်ပိုင်ဆိုင်ရာ ကျွမ်းကျင်တဲ့ တာဝန်တွေကိုဘဲ ဆက်လက်ထမ်းဆောင်ရန်ဘဲ ရှိပါတယ်။မဖြစ်နိုင်ပါဘူး " ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး မှ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ ဇူလိုင် - ၂၅

( Zawgyi )

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳး အား ႏႈတ္ထြက္စာတင္ထားသည္ဟုဆိုသည့္ စက္မႈျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳ၏ ေနရာတြင္ အစားထိုးမည္ဆိုေသာ သတင္းမွာ မျဖစ္ႏိုင္ဟု ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳး မွ ျငင္းဆိုခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး စတုထၳေန႔အစီအစဥ္ ၾကယ္ပြင့္ျပေမးခြန္းမ်ား လာေရာက္ေျဖဆိုၿပီး အျပန္တြင္ မီဒီယာမ်ားက ၎အား စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအား ႏႈတ္ထြက္ေစၿပီး ထိုေနရာတြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳး အား အစားထိုးခန႔္အပ္သြားမည္ဆိုေသာ သတင္းမ်ား ထြက္ေပၚေနမႈအေပၚ ေမးျမန္းခဲ့ရာ ယင္းကဲ့ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္ပါတယ္။

"အဲ့ဒါက သတင္းထြက္ေပၚတာေလ။မီဒီယာေတြ ဂ်ာနယ္ေတြမွာ ေျပာတဲ့ကိစၥေလ။ဒီကိစၥကမျဖစ္ႏိုင္ပါဘူး။က်ေနာ္က ပို႔ေဆာင္ေရးဖက္မွာ အင္မတန္အေရးႀကီးတဲ့ လုပ္ငန္းစီမံကိန္းေတြ တာဝန္ေပးထားလို႔ ဦးစီးေဆာင္႐ြက္ေနရတဲ့ အေနအထားရွိပါတယ္။အဲ့ေတာ့ ကိုယ္ကြၽမ္းက်င္ပိုင္ဆိုင္ရာ ကြၽမ္းက်င္တဲ့ တာဝန္ေတြကိုဘဲ ဆက္လက္ထမ္းေဆာင္ရန္ဘဲ ရွိပါတယ္။မျဖစ္ႏိုင္ပါဘူး " ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳး မွ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ဇူလိုင္ - ၂၅