စစ်ကိုင်းရုပ်စုံကျောင်း ရှေးမူလက်ရာများမပျောက်ပျက်ရအောင် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လို

စစ်ကိုင်းရုပ်စုံကျောင်း ရှေးမူလက်ရာများမပျောက်ပျက်ရအောင် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လို

စစ်ကိုင်းမြို့က ရှေးဟောင်းမြန်မာမှုလက်ရာအဆောက်အဦတစ်ခုဖြစ်တဲ့ ရုပ်စုံကျောင်းက အခုအခါမှာတော့ ကျန်ရှိနေသေးတဲ့ ရှေးမူလက်ရာ တွေမပျောက်ပျက်သွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အခြေအနေဖြစ်နေပါတယ်။ လက်ရှိမှာတော့ ဒီကျောင်းတည်ရှိရာ စစ်ကိုင်းတောင်ရိုး အရိယာဝံသချောင်ဆရာတော်အစဉ်အဆက်ကပဲ ထိန်းသိမ်းစောင့်ရှောက်နေတာလို့သိရပါတယ်။

 "ဆရာတော်ရဲ့သြဝါဒနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်၊ဒီနေရာက လွန်ခဲ့တဲ့ ၁၀ လလောက်ကအထိ တောတွေခြုံတွေနဲ့ပါ၊ ဦးဇင်းတို့ပဲ ဒါတွေကိုရှင်းလင်းလိုက်လို့ အခုလိုမြင်ရတွေ့ရလေ့လာနိုင်တာပါ၊ ဦးဇင်းပြောချင်တာက ကျောင်းပေါ်ဖိနပ်စီးတာတွေ ကျောင်းအနီးအနားမှာ အညစ်အကြေးအမှိုက်စွန့်တာတွေမလုပ်ကြဖို့ မေတ္တာရပ်ခံချင်တာပါ" လို့ ရုပ်စုံကျောင်းအားထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဦးဇင်းလေး အရှင်ပညာဒီပက Opinion Leaders Media ကိုမိန့်ပါတယ်။

စစ်ကိုင်းရုပ်စုံကျောင်းက ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပဲဖြစ်ပြီး တစ်ပါးနေကျောင်းလည်းဖြစ်ပါတယ်။ သစ်သားကိုမြန်မာပန်းပု လက်ရာမြောက်ပန်းပုလက်မှုပညာနဲ့ တည်ဆောက်ထားတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပြီး ဗုဒ္ဓဝင်ဇာတ်ကြီးဆယ်ဘွဲ့ နဲ့ ငါးရာ့ငါးဆယ်ဇာတ်တော်လာဖြစ်စဉ်တွေကို လက်ရာမြောက်စွာထွင်းထုထားတာကြောင့်လည်း ရုပ်စုံကျောင်းလို့ခေါ်ဝေါ်ခဲ့တာပါ။

"ဒီကျောင်းကနှစ်ပေါင်းခုနှစ်ရာခန့်ရှိနေပါပြီ၊ အင်းဝဘုရင်ဒုတိယမင်းခေါင်က ဆရာတော်(ရှင်အရိယာဝံသ)ကိုလှူခဲ့တာလို့သိထားပါတယ်၊ ဒီကျောင်းကအရိယာဝံသချောင်မှာရှိတာပေါ့ ဆရာတော်အရိယာဝံသသီတင်းသုံးခဲ့တာကိုအစွဲပြုပြီးတော့ အရိယာဝံသချောင်လို့ ဟိုတုန်း ကတည်းကခေါ်ခဲ့တာပါ" လို့လည်း ရုပ်စုံကျောင်းဖြစ်ပေါ်လာပုံသမိုင်းနဲ့ပတ်သက်ပြီး ဦးဇင်းလေးကမိန့်ပါတယ်။ လက်ရှိမှာတော့ အရိယာဝံ သချောင် ကို တိုက်အုပ်ဆရာတော်ဦးနန္ဒမဉ္ဖူကဆက်လက်ထိန်းသိမ်းထားတာဖြစ်ပြီး ရုပ်စုံကျောင်းကိုလည်း ဆရာတော် ကိုယ်တိုင်စောင့်ရှောက် ထားတာပါ။

"ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ပါပဲ ဦးဇင်းတို့လည်း အစွမ်းကုန်စောင့်ရှောက်ထားတယ် ကားရပ်နားဖို့နေရာလုပ်ပေးထားတယ် သွားလာရ အဆင်ပြေဖို့အတွက်ရော သန့်ရှင်းမှုကအစ ဂရုစိုက်နေရတယ် အညစ်အကြေးစွန့်မယ့်နေရာသပ်သပ်ရပ်ရပ်လေးလုပ်ပေးချင်တယ်" လို့လည်း ဦးဇင်းလေးကမိန့်ပါတယ်။ ရုပ်စုံကျောင်းက စစ်ကိုင်းတောင်ရိုး စစ်ကိုင်းတောင်အဆင်းလမ်းက အရိယာဝံသချောင်အတွင်းတည်ရှိတာပါ။

KT
မန္တလေး ၊ ဇူလိုင် ၁၅

(  Zawgyi )

 စစ္ကိုင္းၿမိဳ႕က ေရွးေဟာင္းျမန္မာမႈလက္ရာအေဆာက္အဦတစ္ခုျဖစ္တဲ့ ႐ုပ္စုံေက်ာင္းက အခုအခါမွာေတာ့ က်န္ရွိေနေသးတဲ့ ေရွးမူလက္ရာ ေတြမေပ်ာက္ပ်က္သြားေစဖို႔ ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္ အေျခအေနျဖစ္ေနပါတယ္။ လက္ရွိမွာေတာ့ ဒီေက်ာင္းတည္ရွိရာ စစ္ကိုင္းေတာင္႐ိုး အရိယာဝံသေခ်ာင္ဆရာေတာ္အစဥ္အဆက္ကပဲ ထိန္းသိမ္းေစာင့္ေရွာက္ေနတာလို႔သိရပါတယ္။

 "ဆရာေတာ္ရဲ႕ၾသဝါဒနဲ႔ပဲ ထိန္းသိမ္းေစာင့္ေရွာက္ထားပါတယ္၊ဒီေနရာက လြန္ခဲ့တဲ့ ၁၀ လေလာက္ကအထိ ေတာေတြၿခဳံေတြနဲ႔ပါ၊ ဦးဇင္းတို႔ပဲ ဒါေတြကိုရွင္းလင္းလိုက္လို႔ အခုလိုျမင္ရေတြ႕ရေလ့လာႏိုင္တာပါ၊ ဦးဇင္းေျပာခ်င္တာက ေက်ာင္းေပၚဖိနပ္စီးတာေတြ ေက်ာင္းအနီးအနားမွာ အညစ္အေၾကးအမႈိက္စြန႔္တာေတြမလုပ္ၾကဖို႔ ေမတၱာရပ္ခံခ်င္တာပါ" လို႔ ႐ုပ္စုံေက်ာင္းအားထိန္းသိမ္းေစာင့္ေရွာက္ေပးေနတဲ့ ဦးဇင္းေလး အရွင္ပညာဒီပက Opinion Leaders Media ကိုမိန႔္ပါတယ္။

စစ္ကိုင္း႐ုပ္စုံေက်ာင္းက ေရွးေဟာင္းဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းပဲျဖစ္ၿပီး တစ္ပါးေနေက်ာင္းလည္းျဖစ္ပါတယ္။ သစ္သားကိုျမန္မာပန္းပု လက္ရာေျမာက္ပန္းပုလက္မႈပညာနဲ႔ တည္ေဆာက္ထားတဲ့ေက်ာင္းတစ္ေက်ာင္းလည္းျဖစ္ၿပီး ဗုဒၶဝင္ဇာတ္ႀကီးဆယ္ဘြဲ႕ နဲ႔ ငါးရာ့ငါးဆယ္ဇာတ္ေတာ္လာျဖစ္စဥ္ေတြကို လက္ရာေျမာက္စြာထြင္းထုထားတာေၾကာင့္လည္း ႐ုပ္စုံေက်ာင္းလို႔ေခၚေဝၚခဲ့တာပါ။

"ဒီေက်ာင္းကႏွစ္ေပါင္းခုႏွစ္ရာခန႔္ရွိေနပါၿပီ၊ အင္းဝဘုရင္ဒုတိယမင္းေခါင္က ဆရာေတာ္(ရွင္အရိယာဝံသ)ကိုလႉခဲ့တာလို႔သိထားပါတယ္၊ ဒီေက်ာင္းကအရိယာဝံသေခ်ာင္မွာရွိတာေပါ့ ဆရာေတာ္အရိယာဝံသသီတင္းသုံးခဲ့တာကိုအစြဲျပဳၿပီးေတာ့ အရိယာဝံသေခ်ာင္လို႔ ဟိုတုန္း ကတည္းကေခၚခဲ့တာပါ" လို႔လည္း ႐ုပ္စုံေက်ာင္းျဖစ္ေပၚလာပုံသမိုင္းနဲ႔ပတ္သက္ၿပီး ဦးဇင္းေလးကမိန႔္ပါတယ္။ လက္ရွိမွာေတာ့ အရိယာဝံ သေခ်ာင္ ကို တိုက္အုပ္ဆရာေတာ္ဦးနႏၵမၪၹဴကဆက္လက္ထိန္းသိမ္းထားတာျဖစ္ၿပီး ႐ုပ္စုံေက်ာင္းကိုလည္း ဆရာေတာ္ ကိုယ္တိုင္ေစာင့္ေရွာက္ ထားတာပါ။

"ဝိုင္းဝန္းေစာင့္ေရွာက္ၾကဖို႔ပါပဲ ဦးဇင္းတို႔လည္း အစြမ္းကုန္ေစာင့္ေရွာက္ထားတယ္ ကားရပ္နားဖို႔ေနရာလုပ္ေပးထားတယ္ သြားလာရ အဆင္ေျပဖို႔အတြက္ေရာ သန႔္ရွင္းမႈကအစ ဂ႐ုစိုက္ေနရတယ္ အညစ္အေၾကးစြန႔္မယ့္ေနရာသပ္သပ္ရပ္ရပ္ေလးလုပ္ေပးခ်င္တယ္" လို႔လည္း ဦးဇင္းေလးကမိန႔္ပါတယ္။ ႐ုပ္စုံေက်ာင္းက စစ္ကိုင္းေတာင္႐ိုး စစ္ကိုင္းေတာင္အဆင္းလမ္းက အရိယာဝံသေခ်ာင္အတြင္းတည္ရွိတာပါ။

KT
မႏၲေလး ၊ ဇူလိုင္ ၁၅