စစ်တောင်းမြစ်ရေ နောက် ၃ ရက်အတွင်း မဒေါက်မြို့ စိုးရိမ်ရေအမှတ်သို့ ရောက်မည်

စစ်တောင်းမြစ်ရေ နောက် ၃ ရက်အတွင်း မဒေါက်မြို့ စိုးရိမ်ရေအမှတ်သို့ ရောက်မည်

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် နောက် ၃ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုး/ဇလမှ ယနေ့ သြဂုတ်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လ ၁ ရက် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည်၊ မဒေါက်မမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက် ၃ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်အတွင်း စီးဝင်သည့် ကျောက်ကြီးချောင်းရေ မြင့်တက်လာမှုကြောင့် ကျောက်ကြီးမြို့ရှိ ပဲခူးရပ်ကွက်တွင် အိမ်ထောင်စု ၁၁ စု၊ ကပ်ကျေးရပ်ကွက်တွင် အိမ်ထောင်စု ၂ စု တို့ ဇူလိုင်လ ၃၀ ရက်နေ့က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျှက်ရှိတယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ပဲခူး၊ သြဂုတ် - ၁

( Zawgyi )

စစ္ေတာင္းျမစ္ေရ ေနာက္ ၃ ရက္အတြင္း မေဒါက္ၿမိဳ႕ စိုးရိမ္ေရအမွတ္သို႔ ေရာက္မည္

စစ္ေတာင္းျမစ္ေရသည္ မေဒါက္ၿမိဳ႕တြင္ ေနာက္ ၃ ရက္အတြင္း စိုးရိမ္ေရအမွတ္သို႔ ေရာက္ရွိႏိုင္တယ္လို႔ မိုး/ဇလမွ ယေန႔ ၾသဂုတ္လ ၁ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ၾသဂုတ္လ ၁ ရက္ မြန္းလြဲ ၂ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ စစ္ေတာင္းျမစ္ေရသည္၊ မေဒါက္မၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ေပဝက္ခန႔္တြင္ ေရာက္ရွိေနၿပီး အဆိုပါ ျမစ္ေရသည္ ေနာက္ ၃ ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရအမွတ္သို႔ ေရာက္ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

စစ္ေတာင္းျမစ္အတြင္း စီးဝင္သည့္ ေက်ာက္ႀကီးေခ်ာင္းေရ ျမင့္တက္လာမႈေၾကာင့္ ေက်ာက္ႀကီးၿမိဳ႕ရွိ ပဲခူးရပ္ကြက္တြင္ အိမ္ေထာင္စု ၁၁ စု၊ ကပ္ေက်းရပ္ကြက္တြင္ အိမ္ေထာင္စု ၂ စု တို႔ ဇူလိုင္လ ၃၀ ရက္ေန႔က ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေနထိုင္လွ်က္ရွိတယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ပဲခူး၊ ၾသဂုတ္ - ၁