စနစ်ကျ၍ အရည်အသွေးပြည့်ဝသော ကျောင်းစာကြည့်တိုက်များပေါ်ထွန်းရေး စီစဉ်ထား

စနစ်ကျ၍ အရည်အသွေးပြည့်ဝသော ကျောင်းစာကြည့်တိုက်များပေါ်ထွန်းရေး စီစဉ်ထား

ကျောင်းစာကြည့်တိုက်တွေအနေနဲ့ အရည်အသွေးပြည့်ဝကာစနစ်ကျပြီး ကျောင်းသား၊ ကျောင်းသူတွေ အတွက် အထောက်အကူပြုနိုင်တဲ့ အခြေအနေမျိုးဖြစ်လာအောင် စီစဉ်နေတယ်လို့ ပညာ့ဗိမာန်စာကြည့်တိုက် ကော်မတီမှ ကိုသန့်ဇော်ဦးက ထုတ်ဖော်ပြောကြားပါတယ်။

အဆိုပါအစီအစဉ်အနေနဲ့ ယင်းကော်မတီက အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေကို မြန်မာနိုင်ငံ စာကြည့် တိုက် အသင်းနဲ့ ပူးပေါင်းကာ လိုအပ်အပ်တဲ့ပညာပေးသင်တန်းတွေကို ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး လာမယ့် မေလ ၂ရက်မှ ၆ ရက်အထိ သင်တန်းတွေပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ “တကယ်တော့ ကျောင်းစာကြည့် တိုက်တွေဟာ အနှစ်သာရပြည့်ဝပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အားထားရာ နေရာလေးဖြစ်လာစေ ချင ်ပါတယ်၊ အဓိကကတော့ ကလေးတွေစာဖတ်ကြစေဖို့ပါပဲ၊ ကလေးတွေရဲ့ စာဖတ်ဖို့ဆိုတာကလည်း စာကြည့်တိုက်တေ ွ က အရေးပါလာပြန်ရော၊ ဒါကြောင့် ကျောင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးဖို့ ပံ့ပိုးတဲ့အနေနဲ့ စီစဉ်ရတာဖြစ်ပါတယ်၊ အခုသင်တန်းပေးမှာက ဆရာဆရာမတွေကို စာကြည့်တိုက်မှူး သင်တန်းအဖြစ် ပေးမှာ ပါ၊ သင်ကြားတာကိုတော့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှာရှိတဲ့ ဆရာဆရာမကြီး တွေက လာပြီးသင်ပေး မယ်၊ ကျွန်တော်တို့က လိုအပ်တဲ့ပံ့ပိုးမှုတွေနဲ့ ကူညီဆောင်ရွက်ပေးမယ်၊ ဘယ်ကျောင်း ကနေမဆို လာပြီး တက်ရောက် လို့ရမယ်၊ အခမဲ့သင်ကြားပေးမှာဖြစ်သလို နံနက်စာ၊ နေ့လည်စာတွေအတွက် ကိုလည်း စီစဉ်ပေး ထားတာ ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ထိုသင်တန်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေက ဆရာဆရာမတွေ ဘယ်သူမဆို စိတ်ပါဝင်စားသူ တိုင်း တက်ရောက်နိုင် သလို ဖိတ်ခေါ်ထားပြီး မနက် ၉နာရီကနေ ညနေ ၄နာရီအထိ သင်ကြား ပေးသွားမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ သင်ကြားပေးသလို စာဖတ်ရှိန်မြှင့်တင်ရေးအနေနဲ့ စာပေပွဲတော်ကိုလည်း ဧပြီ ၁ ရက်မှ ၅ရက်အထိ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်း ထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

ထိုပညာ့ဗိမာန်စာကြည်တိုက်ဟာ စိန်ဂျွန်းကျောင်းသား၊ ကျောင်းသူဟောင်းများအသင်းမှ ပံ့ပိုးမှုဖြင့် မွမ်းမံကာ ပြန်လည်ပြင်ဆင်ထားခဲ့ပြီး အဆိုပါကျောင်းဝင်းအတွင်းဖွင့်လှစ်ထားသလို ၁၇၆၃ ခုနှစ်လောက်က ထုတ်ဝေတဲ့ စာအုပ်တွေ၊ ကိုလိုနီခေတ်ကာလထဲ ထုတ်ဝေတဲ့ စာအုပ်တွေအပြင် မြန်မာနိုင်ငံမှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက ်မှာပဲ ရှိဖူးတဲ့ စာအုပ်မျိုးတွေကိုလည်း အဆိုပါစာကြည့်တိုက်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ “ဒီမှာထားတဲ့ ရှားပါးစာအုပ်တွေထဲမှာတစ်ချို့ဟာ ကျွန်တော်တို့စာကြည့်တိုက်နဲ့ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်တို့မှာပဲရှိပါတယ်၊ အဲ့ဒီလို ရှားပါးစာအုပ်တွေကိုတော့ အပြင်ကို ထုတ်မငှား ပါဘူး၊ ဖတ်ချင်တဲ့သူတွေအတွက်တော့ ဖတ်ရှုနိုင်အောင် မိတ္တူပွား လုပ်ဆောင်ထားပေးပါတယ်”လို့ သူက ရှင်းပြပါ တယ်။

ယခင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဖခင်ဖြစ်သော ဆရာကြီး မင်းသုဝဏ်ရဲ့ လက်ရေးဖြင့် အမှတ်တရရေးသားလှူဒါန်းထားတဲ့ စာအုပ်တွေလည်းရှိသလို စာကြည့်တိုက်တည်ရှိရာ အဆောက်အအုံဟာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖြစ် အသိအမှတ်ပြု ထိန်းသိမ်း ထားသော အဆောက်အအုံလည်းဖြစ်တာကြောင့် နံရံမှ အုတ်တွေကို သဘာဝအတိုင်း ထားရှိကာ ယိုယွင်းပျက်စီးမှုမရှိအောင် မှန်အကာ အရန် များဖြင့်လည်း လုပ်ဆောင်ထားကြောင်း သိရပါတယ်။

  ဇွဲမာန်  
 ရန်ကုန်၊ ဧပြီ ၃၀

(  Zawgyi  )

 ေက်ာင္းစာၾကည့္တိုက္ေတြအေနနဲ႔ အရည္အေသြးျပည့္ဝကာစနစ္က်ၿပီး ေက်ာင္းသား၊ ေက်ာင္းသူေတြ အတြက္ အေထာက္အကူျပဳႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္လာေအာင္ စီစဥ္ေနတယ္လို႔ ပညာ့ဗိမာန္စာၾကည့္တိုက္ ေကာ္မတီမွ ကိုသန႔္ေဇာ္ဦးက ထုတ္ေဖာ္ေျပာၾကားပါတယ္။

အဆိုပါအစီအစဥ္အေနနဲ႔ ယင္းေကာ္မတီက အေျခခံပညာ ေက်ာင္းဆရာ၊ ဆရာမေတြကို ျမန္မာႏိုင္ငံ စာၾကည့္ တိုက္ အသင္းနဲ႔ ပူးေပါင္းကာ လိုအပ္အပ္တဲ့ပညာေပးသင္တန္းေတြကို ဖြင့္လွစ္သြားဖို႔ စီစဥ္ထားၿပီး လာမယ့္ ေမလ ၂ရက္မွ ၆ ရက္အထိ သင္တန္းေတြေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။ “တကယ္ေတာ့ ေက်ာင္းစာၾကည့္ တိုက္ေတြဟာ အႏွစ္သာရျပည့္ဝၿပီးေတာ့ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ အားထားရာ ေနရာေလးျဖစ္လာေစ ခ်င ္ပါတယ္၊ အဓိကကေတာ့ ကေလးေတြစာဖတ္ၾကေစဖို႔ပါပဲ၊ ကေလးေတြရဲ႕ စာဖတ္ဖို႔ဆိုတာကလည္း စာၾကည့္တိုက္
ေတ ြ က အေရးပါလာျပန္ေရာ၊ ဒါေၾကာင့္ ေက်ာင္းစာၾကည့္တိုက္ေတြ ဖြံ႕ၿဖိဳးဖို႔ ပံ့ပိုးတဲ့အေနနဲ႔ စီစဥ္ရတာျဖစ္ပါတယ္၊ အခုသင္တန္းေပးမွာက ဆရာဆရာမေတြကို စာၾကည့္တိုက္မႉး သင္တန္းအျဖစ္ ေပးမွာ ပါ၊ သင္ၾကားတာကိုေတာ့ ျမန္မာႏိုင္ငံစာၾကည့္တိုက္အသင္းမွာရွိတဲ့ ဆရာဆရာမႀကီး ေတြက လာၿပီးသင္ေပး မယ္၊ ကြၽန္ေတာ္တို႔က လိုအပ္တဲ့ပံ့ပိုးမႈေတြနဲ႔ ကူညီေဆာင္႐ြက္ေပးမယ္၊ ဘယ္ေက်ာင္း ကေနမဆို လာၿပီး တက္ေရာက္ လို႔ရမယ္၊ အခမဲ့သင္ၾကားေပးမွာျဖစ္သလို နံနက္စာ၊ ေန႔လည္စာေတြအတြက္ ကိုလည္း စီစဥ္ေပး ထားတာ ျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

ထိုသင္တန္းကို ျမန္မာႏိုင္ငံတစ္ဝန္းလုံးမွာရွိတဲ့ အေျခခံပညာေက်ာင္းေတြက ဆရာဆရာမေတြ ဘယ္သူမဆို စိတ္ပါဝင္စားသူ တိုင္း တက္ေရာက္ႏိုင္ သလို ဖိတ္ေခၚထားၿပီး မနက္ ၉နာရီကေန ညေန ၄နာရီအထိ သင္ၾကား ေပးသြားမွာျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ သင္ၾကားေပးသလို စာဖတ္ရွိန္ျမႇင့္တင္ေရးအေနနဲ႔ စာေပပြဲေတာ္ကိုလည္း ဧၿပီ ၁ ရက္မွ ၅ရက္အထိ လမ္းမေတာ္ၿမိဳ႕နယ္ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းဝင္း ထဲမွာ က်င္းပသြားဖို႔ စီစဥ္ထားၾကတာ ျဖစ္ပါတယ္။

ထိုပညာ့ဗိမာန္စာၾကည္တိုက္ဟာ စိန္ဂြၽန္းေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ားအသင္းမွ ပံ့ပိုးမႈျဖင့္ မြမ္းမံကာ ျပန္လည္ျပင္ဆင္ထားခဲ့ၿပီး အဆိုပါေက်ာင္းဝင္းအတြင္းဖြင့္လွစ္ထားသလို ၁၇၆၃ ခုႏွစ္ေလာက္က ထုတ္ေဝတဲ့ စာအုပ္ေတြ၊ ကိုလိုနီေခတ္ကာလထဲ ထုတ္ေဝတဲ့ စာအုပ္ေတြအျပင္ ျမန္မာႏိုင္ငံမွာ ရန္ကုန္တကၠသိုလ္ စာၾကည့္တိုက ္မွာပဲ ရွိဖူးတဲ့ စာအုပ္မ်ိဳးေတြကိုလည္း အဆိုပါစာၾကည့္တိုက္မွာ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ “ဒီမွာထားတဲ့ ရွားပါးစာအုပ္ေတြထဲမွာတစ္ခ်ိဳ႕ဟာ ကြၽန္ေတာ္တို႔စာၾကည့္တိုက္နဲ႔ ရန္ကုန္ တကၠသိုလ္ စာၾကည့္တိုက္တို႔မွာပဲရွိပါတယ္၊ အဲ့ဒီလို ရွားပါးစာအုပ္ေတြကိုေတာ့ အျပင္ကို ထုတ္မငွား ပါဘူး၊ ဖတ္ခ်င္တဲ့သူေတြအတြက္ေတာ့ ဖတ္ရႈႏိုင္ေအာင္ မိတၱဴပြား လုပ္ေဆာင္ထားေပးပါတယ္”လို႔ သူက ရွင္းျပပါ တယ္။ ယခင္ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးထင္ေက်ာ္ရဲ႕ ဖခင္ျဖစ္ေသာ ဆရာႀကီး မင္းသုဝဏ္ရဲ႕ လက္ေရးျဖင့္ အမွတ္တရေရးသားလႉဒါန္းထားတဲ့ စာအုပ္ေတြလည္းရွိသလို စာၾကည့္တိုက္တည္ရွိရာ အေဆာက္အအုံဟာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိတဲ့ ၿမိဳ႕ျပအေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရး အျဖစ္ အသိအမွတ္ျပဳ ထိန္းသိမ္း ထားေသာ အေဆာက္အအုံလည္းျဖစ္တာေၾကာင့္ နံရံမွ အုတ္ေတြကို သဘာဝအတိုင္း ထားရွိကာ ယိုယြင္းပ်က္စီးမႈမရွိေအာင္ မွန္အကာ အရန္ မ်ားျဖင့္လည္း လုပ္ေဆာင္ထားေၾကာင္း သိရပါတယ္။

  ဇြဲမာန္  
 ရန္ကုန္၊ ဧၿပီ ၃၀