စားသူအတွက်ဘေးကင်းသော GAP စနစ် စိုက်ခင်းများ ဖော်ဆောင်ကာ ဈေးကွက်အတွင်းထိုးဖောက်ရန်စီစဉ်

စားသူအတွက်ဘေးကင်းသော GAP စနစ် စိုက်ခင်းများ ဖော်ဆောင်ကာ ဈေးကွက်အတွင်းထိုးဖောက်ရန်စီစဉ်

စားသုံးသူအတွက် ဘေးကင်းသော ဈေးကွက်အခြေအနေမျိုး ဖြစ်စေဖို့ GAP စနစ် သီးနှံစိုက်ခင်းများ ကျယ်ပြန့်စွာ ထူထောင်ကာ ဈေးကွက်ထိုးဖောက် လုပ်ဆောင်သွားနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။

"အဓိကကတော့ Food Safety ဖြစ်ဖို့ ဦးတည်ပါတယ်၊ အစားအစာလုံခြုံစိတ်ချမှုအတွက် စားသုံးသူတွေက သတိပြု ရွေးချယ်လာတဲ့ အချိန်မှာ စိုက်ပျိုးသူတောင်သူတွေ ဘက်ကို လည်း အခုလိုသီးနှံစိုက်တွေ ဖော်ဆောင်ရင်း ဈေးကွက်ထဲ ခိုင်မာတဲ့ အခွင့်အလမ်းအခြေအနေတွေ ပိုင်ဆိုင်ဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ်"လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားပါတယ်။

လတ်တလောမှာတော့ GAP စိုက်ပျိုးမှုစနစ်တွေနဲ့ စိုက်ခင်း တွေကို အသင်းက မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာ စတင်အကောင်အထည်ဖော် နေတာဖြစ်သလို စိုက်ပျိုးမှုနည်းပညာလိုအပ်ချက်တွေအတွက်ကိုလည်း တောင်သူတွေကို သင်တန်းပေးတာတွေနဲ့ ပံ့ပိုးလုပ်ဆောင် နေတယ်လို့ သိရပါတယ်။

"မန္တလေးတိုင်း ဒေသကြီးထဲမှာက ပြင်ဦးလွင်မှာ လုပ်ဆောင် နေတာပါ၊ ဟိုဘက် ရှမ်းပြည်နယ်မှာ လုပ်ဆောင်နေတဲ့ စိုက်ခင်း တွေကတော့ ပင်းတယမြို့နယ်နဲ့ တောင်ကြီး မြို့နယ် ဘက်မှာ ဖြစ်ပါတယ်"လို့ သူက ဆက်ပြောပါတယ်။ ထိုစနစ်ဖြင့် လုပ်ဆောင်တာတွေကို စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျီအိုင်ဇက်) တို့ကလည်း ပံ့ပိုးဆောင်ရွက်တာ တွေနဲ့ လုပ်ဆောင်နေလျက် ရှိတယ်လို့ သိရပါတယ်။ ထိုကဲ့သို့သော ဓာတုဆေးဝါးတွေနဲ့ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းလွတ်တဲ့ စိုက်ပျိုးထွက်ရှိလာတဲ့ သီးနှံတွေဟာ ရန်ကုန် အပါအဝင် မြို့ကြီးတွေက ဈေးဝယ်စင်တာကြီးတွေမှာ တွင်တွင်ကျယ်ကျယ် ရောင်းချလာကြသလို ဈေးကွက် အခိုင်အမာ ရလာခဲ့ပါတယ်။

ထိုGAP စနစ်ဖြင့် လုပ်ဆောင်ခဲ့ရာမှာ ပြင်ဦးလွင်မှာ စတော်ဘယ်ရီစိုက်ခင်းနဲ့ ပင်းတယ၊ တောင်ကြီး စတဲ့ ဒေသတွေ မှာတော့ ဂေါ်ဖီထုပ်၊ နိုကိုဥ၊ မုန်လာဥ စိုက်ခင်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၉ 

(   Zawgyi   )

 စားသုံးသူအတြက္ ေဘးကင္းေသာ ေဈးကြက္အေျခအေနမ်ိဳး ျဖစ္ေစဖို႔ GAP စနစ္ သီးႏွံစိုက္ခင္းမ်ား က်ယ္ျပန႔္စြာ ထူေထာင္ကာ ေဈးကြက္ထိုးေဖာက္ လုပ္ေဆာင္သြားႏိုင္ရန္ စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းမွ သိရပါတယ္။

"အဓိကကေတာ့ Food Safety ျဖစ္ဖို႔ ဦးတည္ပါတယ္၊ အစားအစာလုံၿခဳံစိတ္ခ်မႈအတြက္ စားသုံးသူေတြက သတိျပဳ ေ႐ြးခ်ယ္လာတဲ့ အခ်ိန္မွာ စိုက္ပ်ိဳးသူေတာင္သူေတြ ဘက္ကို လည္း အခုလိုသီးႏွံစိုက္ေတြ ေဖာ္ေဆာင္ရင္း ေဈးကြက္ထဲ ခိုင္မာတဲ့ အခြင့္အလမ္းအေျခအေနေတြ ပိုင္ဆိုင္ဖို႔ လုပ္ေဆာင္ ေနတာ ျဖစ္ပါတယ္"လို႔ ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္း ဥကၠ႒ ဦးစိုးသန္းမင္းဒင္က ေျပာၾကားပါတယ္။

လတ္တေလာမွာေတာ့ GAP စိုက္ပ်ိဳးမႈစနစ္ေတြနဲ႔ စိုက္ခင္း ေတြကို အသင္းက မႏၲေလးတိုင္းေဒသႀကီးနဲ႔ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)မွာ စတင္အေကာင္အထည္ေဖာ္ ေနတာျဖစ္သလို စိုက္ပ်ိဳးမႈနည္းပညာလိုအပ္ခ်က္ေတြအတြက္ကိုလည္း ေတာင္သူေတြကို သင္တန္းေပးတာေတြနဲ႔ ပံ့ပိုးလုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္။

"မႏၲေလးတိုင္း ေဒသႀကီးထဲမွာက ျပင္ဦးလြင္မွာ လုပ္ေဆာင္ ေနတာပါ၊ ဟိုဘက္ ရွမ္းျပည္နယ္မွာ လုပ္ေဆာင္ေနတဲ့ စိုက္ခင္း ေတြကေတာ့ ပင္းတယၿမိဳ႕နယ္နဲ႔ ေတာင္ႀကီး ၿမိဳ႕နယ္ ဘက္မွာ ျဖစ္ပါတယ္"လို႔ သူက ဆက္ေျပာပါတယ္။ ထိုစနစ္ျဖင့္ လုပ္ေဆာင္တာေတြကို စိုက္ပ်ိဳးေရးဦးစီးဌာန အပါအဝင္ ဂ်ာမနီ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (ဂ်ီအိုင္ဇက္) တို႔ကလည္း ပံ့ပိုးေဆာင္႐ြက္တာ ေတြနဲ႔ လုပ္ေဆာင္ေနလ်က္ ရွိတယ္လို႔ သိရပါတယ္။ ထိုကဲ့သို႔ေသာ ဓာတုေဆးဝါးေတြနဲ႔ ပိုးသတ္ေဆးဓာတ္ႂကြင္း ကင္းလြတ္တဲ့ စိုက္ပ်ိဳးထြက္ရွိလာတဲ့ သီးႏွံေတြဟာ ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးေတြက ေဈးဝယ္စင္တာႀကီးေတြမွာ တြင္တြင္က်ယ္က်ယ္ ေရာင္းခ်လာၾကသလို ေဈးကြက္ အခိုင္အမာ ရလာခဲ့ပါတယ္။

ထိုGAP စနစ္ျဖင့္ လုပ္ေဆာင္ခဲ့ရာမွာ ျပင္ဦးလြင္မွာ စေတာ္ဘယ္ရီစိုက္ခင္းနဲ႔ ပင္းတယ၊ ေတာင္ႀကီး စတဲ့ ေဒသေတြ မွာေတာ့ ေဂၚဖီထုပ္၊ ႏိုကိုဥ၊ မုန္လာဥ စိုက္ခင္းေတြကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၉