စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည့် ပဲခူးမြစ်ရေသည် ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်

စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည့် ပဲခူးမြစ်ရေသည် ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလမှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁၀ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ရွှေ့ကျင်မြစ်သည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၄ ပေကျော်သို့ ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေကြောင်း မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ - ၁၁

( Zawgyi )





မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ - ၁၁