ဆင်တုပ်ကွေးရောဂါကြောင့် သေဆုံးနှုန်းနည်းသော်လည်း စနစ်တကျကုသမှုခံယူရန် အရေးကြီး

ဆင်တုပ်ကွေးရောဂါကြောင့် သေဆုံးနှုန်းနည်းသော်လည်း စနစ်တကျကုသမှုခံယူရန် အရေးကြီး

ဆင်တုပ်ကွေးရောဂါကြောင့် သေဆုံးနှုန်းဟာ အလွန်နည်းပါးတဲ့ပမာဏဖြစ်ပေမယ့် စနစ်တကျကုသခံယူ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ဒေါက်တာရဲမြ က ပြောပါတယ်။

အဆိုပါ ဆင်တုပ်ကွေးရောဂါလို့ခေါ်တဲ့ Chikungunya (ချီကန်ဂန်ယား) ရောဂါဟာ ဖြစ်ပွားပါက သေဆုံးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိပြီး ယခုလိုမိုးကာလအတွင်းတွင် ဖြစ်ပွားမှုများပြားလေ့ရှိကြောင်း၊ ခြင်ကျားမှတစ်ဆင့် ကူးစက်ဖြစ်ပွားသော်လည်း ကာကွယ်ဆေးနဲ့ ကုသဖို့ဆေးမရှိဘဲ အကိုက်အခဲပျောက်ဆေးတွေနဲ့ တိုက်ကျွေးကုသမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီရောဂါက သေဆုံးတဲ့ရာခိုင်နှုန်း မရှိသလောက်အထိ အင်မတန်နည်းတဲ့ ရောဂါဖြစ်ပေမယ့် သာမန်လူတွေမှာ ကူးစက်ခံရရင် ခံနိုင်ရည်ရှိပေမယ့် ရောဂါအခံရှိသူတွေမှာ ကူးစက်ခံရရင်တော့ ရောဂါလက္ခဏာတွေဟာ ပိုမိုပြင်းထန်တတ်တဲ့အတွက် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားပြီဆိုရင် နီးစပ်ရာဆရာဝန်နဲ့ ပြသပြီးတော့ ကြပ်မတ်ကုသမှုတွေကို လုပ်ဆောင်သင့်ပါတယ်” လို့ သူက အကြံပြုပြောကြားပါတယ်။

ထိုရောဂါဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က ဖြစ်ဖူးပြီး ယခုတစ်ဖန် ပြန်လည်ကာ ဖြစ်ပွားမှုများပြားလာကြောင်း၊ ၁၉၅၂ ခုနှစ်တွင် Tanzania နိုင်ငံရဲ့ တောင်ပိုင်းမှာ ရောဂါဖြစ်ပွားသူကို စတင်တွေ့ရှိခဲ့ကြောင်း၊ ပြည်တွင်းတွင် ဖြစ်ပွားမှုများပြားသော်လည်း ပြင်ပဆေးခန်းများတွင် အများဆုံးသွားရောက် ကုသနေလျက်ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် - ၂၆

( Zawgyi )

ဆင္တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံးႏႈန္းဟာ အလြန္နည္းပါးတဲ့ပမာဏျဖစ္ေပမယ့္ စနစ္တက်ကုသခံယူ လုပ္ေဆာင္ဖို႔ အေရးႀကီးတယ္လို႔ ျမန္မာႏိုင္ငံ ဆရာဝန္အသင္း ဥကၠ႒ ေဒါက္တာရဲျမ က ေျပာပါတယ္။

အဆိုပါ ဆင္တုပ္ေကြးေရာဂါလို႔ေခၚတဲ့ Chikungunya (ခ်ီကန္ဂန္ယား) ေရာဂါဟာ ျဖစ္ပြားပါက ေသဆုံးႏႈန္း ၀ ဒသမ ၁ ရာခိုင္ႏႈန္းသာရွိၿပီး ယခုလိုမိုးကာလအတြင္းတြင္ ျဖစ္ပြားမႈမ်ားျပားေလ့ရွိေၾကာင္း၊ ျခင္က်ားမွတစ္ဆင့္ ကူးစက္ျဖစ္ပြားေသာ္လည္း ကာကြယ္ေဆးနဲ႔ ကုသဖို႔ေဆးမရွိဘဲ အကိုက္အခဲေပ်ာက္ေဆးေတြနဲ႔ တိုက္ေကြၽးကုသမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

“ဒီေရာဂါက ေသဆုံးတဲ့ရာခိုင္ႏႈန္း မရွိသေလာက္အထိ အင္မတန္နည္းတဲ့ ေရာဂါျဖစ္ေပမယ့္ သာမန္လူေတြမွာ ကူးစက္ခံရရင္ ခံႏိုင္ရည္ရွိေပမယ့္ ေရာဂါအခံရွိသူေတြမွာ ကူးစက္ခံရရင္ေတာ့ ေရာဂါလကၡဏာေတြဟာ ပိုမိုျပင္းထန္တတ္တဲ့အတြက္ ဆင္တုပ္ေကြးေရာဂါ ျဖစ္ပြားၿပီဆိုရင္ နီးစပ္ရာဆရာဝန္နဲ႔ ျပသၿပီးေတာ့ ၾကပ္မတ္ကုသမႈေတြကို လုပ္ေဆာင္သင့္ပါတယ္” လို႔ သူက အႀကံျပဳေျပာၾကားပါတယ္။

ထိုေရာဂါဟာ လြန္ခဲ့တဲ့ ၂၀၀၃ ခုႏွစ္ေလာက္က ျဖစ္ဖူးၿပီး ယခုတစ္ဖန္ ျပန္လည္ကာ ျဖစ္ပြားမႈမ်ားျပားလာေၾကာင္း၊ ၁၉၅၂ ခုႏွစ္တြင္ Tanzania ႏိုင္ငံရဲ႕ ေတာင္ပိုင္းမွာ ေရာဂါျဖစ္ပြားသူကို စတင္ေတြ႕ရွိခဲ့ေၾကာင္း၊ ျပည္တြင္းတြင္ ျဖစ္ပြားမႈမ်ားျပားေသာ္လည္း ျပင္ပေဆးခန္းမ်ားတြင္ အမ်ားဆုံးသြားေရာက္ ကုသေနလ်က္ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ - ၂၆