ဆယ်လတာကာလအတွင်း FDI ဝင်ရောက်မှု ကန်ဒေါ်လာ သုံးဘီလျံခွဲကျော်သာရှိ

ဆယ်လတာကာလအတွင်း FDI ဝင်ရောက်မှု ကန်ဒေါ်လာ သုံးဘီလျံခွဲကျော်သာရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)က ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းအရ  ယခုဘဏ္ဍာနှစ် ဆယ်လအထိ မြန်မာနိုင်ငံသို့  FDI ဝင်ရောက်မှုမှာ ကန်ဒေါ်လာ ၃၅၂၆ ဒသမ ၄၇၄ သန်းသာ ရှိသေးသဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် နောက်ပိုင်း ဝင်ရောက်မှု အနည်းဆုံးဘဏ္ဍာနှစ် ဖြစ် လာဖွယ်ရှိနေပါတယ်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ ဇူလိုင်လအတွင်း FDI ဝင်ရောက်မှုမှာ ကန်ဒေါ်လာ ၃၆၆ ဒသမ ၄၇၄ သန်းရှိသဖြင့် ဘဏ္ဍာနှစ်တစ်လျှောက် သန်း ၁၀၀ ကျော်သာ ဝင်နေရာမှာ ဇွန်လနောက်ပိုင်း ဒုတိယအများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မကြာခင်က ထုတ်ပြန်ခဲ့သည့် လအလိုက် FDI ဝင်ရောက်မှု ထုတ်ပြန်ချက်များကို ကြည့်ပါက  ဘဏ္ဍာရေးနှစ်သစ်အစ ၂၀၁၈ ခုနှစ် အောက် တိုဘာလတွင် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကန်ဒေါ်လာ ၃၇သန်းကျော်သာဝင်ရောက်ခဲ့ပြီး မေလတွင်လည်း FDI ဝင်ရောက်မှုမှာ ကန်ဒေါ် လာ သန်း၁၀၀ အောက်လျော့နည်းခဲ့ကာ ဇွန်လတွင်မှု ကန်ဒေါ်လာ သန်း ၆၆၀ ကျော် ရှိခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ်ဇူလိုင်လအတွင်း နိုင်ငံပေါင်း၈ နိုင်ငံမှ ကန်ဒေါ်လာ သန်း ၃၆၀ ကျော်ဝင်ရောက်ခဲ့သော် လည်း ဇူလိုင်လအထိ FDI ပမာဏမှာ ကန်ဒေါ်လာ သုံးဘီလျံခွဲကျော်သာ ရှိသဖြင့် ဘဏ္ဍာနှစ် ၈ နှစ်အတွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အပြီး ဒုတိယမြောက် FDIဝင်ရောက်မှု အနည်းဆုံးနှစ် ဖြစ်လာဖွယ်ရှိနေပါတယ်။

(DICA)က ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းများအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၄၆၄၄ ဒသမ ၄၆၀ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၄၀၉၇ဒသမ ၁၁၄  သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၈၀၁၀ဒသမ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉၄၈၆ဒသမ ၁၂၃   သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၆၆၄၉ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၅၇၁၈ဒသမ ၀၈၆ သန်း၊ ၂၀၁၈(ကာလတို) ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၇၆၄ဒသမ ၇၀၁ သန်း အသီးသီးဝင်ရောက်ခဲ့ပါတယ်။

PWA
ရန်ကုန်၊သြဂုတ် ၃၁

(  Zawgyi  )

 ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန (DICA)က ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းအရ  ယခုဘ႑ာႏွစ္ ဆယ္လအထိ ျမန္မာႏိုင္ငံသို႔  FDI ဝင္ေရာက္မႈမွာ ကန္ေဒၚလာ ၃၅၂၆ ဒသမ ၄၇၄ သန္းသာ ရွိေသးသျဖင့္ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္ ေနာက္ပိုင္း ဝင္ေရာက္မႈ အနည္းဆုံးဘ႑ာႏွစ္ ျဖစ္ လာဖြယ္ရွိေနပါတယ္။

ေနာက္ဆုံးထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ ဇူလိုင္လအတြင္း FDI ဝင္ေရာက္မႈမွာ ကန္ေဒၚလာ ၃၆၆ ဒသမ ၄၇၄ သန္းရွိသျဖင့္ ဘ႑ာႏွစ္တစ္ေလွ်ာက္ သန္း ၁၀၀ ေက်ာ္သာ ဝင္ေနရာမွာ ဇြန္လေနာက္ပိုင္း ဒုတိယအမ်ားဆုံးဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ မၾကာခင္က ထုတ္ျပန္ခဲ့သည့္ လအလိုက္ FDI ဝင္ေရာက္မႈ ထုတ္ျပန္ခ်က္မ်ားကို ၾကည့္ပါက  ဘ႑ာေရးႏွစ္သစ္အစ ၂၀၁၈ ခုႏွစ္ ေအာက္ တိုဘာလတြင္ ႏိုင္ငံေပါင္း ၇ ႏိုင္ငံမွ ကန္ေဒၚလာ ၃၇သန္းေက်ာ္သာဝင္ေရာက္ခဲ့ၿပီး ေမလတြင္လည္း FDI ဝင္ေရာက္မႈမွာ ကန္ေဒၚ လာ သန္း၁၀၀ ေအာက္ေလ်ာ့နည္းခဲ့ကာ ဇြန္လတြင္မႈ ကန္ေဒၚလာ သန္း ၆၆၀ ေက်ာ္ ရွိခဲ့ပါတယ္။

ယခုဘ႑ာႏွစ္ဇူလိုင္လအတြင္း ႏိုင္ငံေပါင္း၈ ႏိုင္ငံမွ ကန္ေဒၚလာ သန္း ၃၆၀ ေက်ာ္ဝင္ေရာက္ခဲ့ေသာ္ လည္း ဇူလိုင္လအထိ FDI ပမာဏမွာ ကန္ေဒၚလာ သုံးဘီလ်ံခြဲေက်ာ္သာ ရွိသျဖင့္ ဘ႑ာႏွစ္ ၈ ႏွစ္အတြင္း ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္အၿပီး ဒုတိယေျမာက္ FDIဝင္ေရာက္မႈ အနည္းဆုံးႏွစ္ ျဖစ္လာဖြယ္ရွိေနပါတယ္။

(DICA)က ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းမ်ားအရ ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၄၆၄၄ ဒသမ ၄၆၀ သန္း၊ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၁၄၁၉ ဒသမ ၄၆၇ သန္း၊ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၄၀၉၇ဒသမ ၁၁၄  သန္း၊ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၈၀၁၀ဒသမ၅၃၃ သန္း၊ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၉၄၈၆ဒသမ ၁၂၃   သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၆၆၄၉ဒသမ ၈၁၂ သန္း၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၅၇၁၈ဒသမ ၀၈၆ သန္း၊ ၂၀၁၈(ကာလတို) ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၁၇၆၄ဒသမ ၇၀၁ သန္း အသီးသီးဝင္ေရာက္ခဲ့ပါတယ္။

PWA
ရန္ကုန္၊ၾသဂုတ္ ၃၁