ဆရာမနှင်းနု အား နောက်တိုးတရားခံ လျှောက်ထားမှုအပေါ် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း တင်ပြသည့်အတွက် တရားရုံးမှ အမိန့်မချခဲ့ဟု ဆို

ဆရာမနှင်းနု အား နောက်တိုးတရားခံ လျှောက်ထားမှုအပေါ် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း တင်ပြသည့်အတွက် တရားရုံးမှ အမိန့်မချခဲ့ဟု ဆို

နေပြည်တော်မှ ဗစ်တိုးရီးယားအမှုတွင် ပြီးခဲ့သည့်ရုံးချိန်းတွင် တရားလိုကလေးရဲ့ မိခင်ဖြစ်သူမှ ဆရာမနှင်းနု အား နောက်တိုးတရားခံ လျှောက်ထားမှုအပေါ် ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် ဥပဒေအရာရှိမှ တရားရုံးသို့ တင်ပြသည့်အတွက် တရားရုံးမှ တစ်စုံတစ်ရာ အမိန့်မချခဲ့ဘူးဟု တရားလိုဖက်မှ ရှေ့နေ ဒေါ်ရွက်နုအောင် မှ ပြောပါတယ်။

"တရားရုံးက ပယ်ချတာမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ရုံးချိန်းက တရားလိုသမီးလေးရဲ့ အမေက နှစ်ခုလျှောက်ခဲ့တယ်။တစ်ခုက နှင်းနု ကို တရားခံအဖြစ် လျှောက်တယ်။တစ်ခုက အခင်းဖြစ်တဲ့နေရာကို ကြည့်ရှုပေးဖို့ လျှောက်ထားတယ်၊ လျှောက်ထားတဲ့အခါ တရားရုံးက နည်းလမ်းတကျလုပ်ပါဆိုပြီး ဥပဒေအရာရှိရုံးကို အဲဒီစာရွက်ကို လွဲှလိုက်တယ်။လွှဲလိုက်တဲ့အခါ ဒီကနေ့ရုံးချိန်းမှာ ဥပဒေအရာရှိကနေပြီး လျှောက်ထားတဲ့ စာရွက်ထဲက (၂) ခုထဲက တစ်ခုဖြစ်တဲ့ အခင်းဖြစ်နေရာကို သွားကြည့်ရှုခွင့်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ရုံတော်ကနေ လိုအပ်တယ်ထင်လို့ရှိရင် ဆောင်ရွက်ပါ သူတို့အနေနဲ့ အဲ့အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးစရာမရှိဘူး။သူတို့အနေနဲ့ လက်ခံတယ်ဆိုတဲ့ အကြောင်းကို တင်တယ်။ရုံးတော်ကို ဒါကတစ်ခု။နောက်တစ်ခုက နှင်းနု နဲ့ ပတ်သက်ပြီး လျှောက်ထားတာနဲ့ ပတ်သက်ပြီး ဥပဒေအရ ညီညွတ်မှုမရှိဘူးလို့ သူတို့အနေနဲ့ ယူဆတယ်။ဒါကြောင့် နှင်းနု နဲ့ ပတ်သက်ပြီး ဦးတိုက်လျှောက်ထားခြင်းဘဲဖြစ်ဖြစ် ရဲစခန်းမှာ အမှုအသစ်တစ်ခုနဲ့ဘဲ ဖွင့်ပြီးတော့ဖြစ်ဖြစ် ဆောင်ရွက်မယ်ဆိုရင် ပိုပြီးသင့်တော်မယ်လို့ မှတ်ချက်ရေးပြီး ဥပဒေအရာရှိက တရားရုံးကို ပြန်တင်လိုက်တယ်။ပြန်တင်လိုက်တဲ့အခါမှာ အပိုင်းက (၂) မျိုး ဖြစ်သွားတာပေါ့။တစ်ပိုင်းက အခင်းဖြစ်တဲ့နေရာ ကြည့်ရှုဖို့ လျှောက်ထားတာနဲ့ ပတ်သက်ပြီး လက်ခံတယ်။ရုံးတော်က သင့်တဲ့အမိန့်ကို ချပေးပါလို့ တရားဝင်တင်တဲ့လျှောက်လွှာ သဘောကို သက်ရောက်သွားတယ်။နှင်းနု နဲ့ ပတ်သက်လို့က သူတို့အနေနဲ့ တစ်စုံတစ်ရာ ထူးခြားတဲ့မှတ်ချက်မျိုး (Yes or No) မဖြေတော့ဘဲနဲ့ တစ်ကယ်လို့ ဒါကို ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ယူဆတယ်။တကယ်လို့ ထပ်ြပ်ီးလုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်ဆိုရင် တရားလိုဖက်က ကိုယ့်ဟာကိုယ် ဦးတိုက်ပြီးဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် အမှုတစ်ခုပြန်ပြီး ကိုယ့်ဟာကိုယ် ဖွင့်လိုက်ပါလို့ တင်တာဖြစ်တဲ့အတွက် ဒီအပေါ်မှာတော့ တရားရုံးက အမိန့်ချမှာမဟုတ်ဘူး။တရားရုံးက ဘာဖြစ်လို့လည်းဆိုရင် တရားရုံးကို ဥပဒေရုံးက တရားဝင်စာတင်တာ မဟုတ်ဘူး။သဘောထားမှတ်ချက်ပေးရုံသက်သက် တင်လိုက်တာဖြစ်တဲ့အတွက် နှင်းနု နဲ့ ပတ်သက်တဲ့ဟာကတော့ တရားရုံးက အမိန့်ချမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ တရားဝင်တင်တဲ့စာ မဟုတ်တဲ့အတွက် အခင်းဖြစ်တဲ့ ကျောင်းနေရာကို ကြည့်ဖို့ကိစ္စနဲ့ ပတ်သက်လို့ တရားရုံးက ဦးအောင်ကြီး ရဲ့ ရှေ့နေကလည်း ရုံးပြီးတဲ့အခါမှာ ထပ်လျှောက်တယ်။အဲဒီတော့ နှစ်ဖက်စလုံးက လျှောက်ထားတဲ့အတွက် ရုံးတော်က ပြီးတဲ့အခါမှာ ကျနော် သင့်တော်တဲ့အချိန်မှာ အမိန့်ချမယ်။ဘယ်နေ့ကိုဘယ်လို ဒီနေရာကို သွားကြည့်ဖို့ သင့်တော်သလဲဆိုတာကို ရုံးတော်က ဆင်ခြင်မယ်၊ သုံးသပ်မယ်။ပြီးပြီဆိုရင် အဲဒီအချိန်ကျရင် အမိန့်ချ ပေးမယ်လို့ အဲဒီလိုပြောတာပါ" လို့ တရားလိုဖက်မှ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင် မှ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ယနေ့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် Wisdom Hill မူကြိုကျောင်းမှ ဗစ်တိုးရီယားအမှုအား တတိယနေ့ ရုံးချိန်းအဖြစ် ဆက်လက်စစ်ဆေးခဲ့ပြီး တရားခွင်အပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်မှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၁

( Zawgyi )

ေနျပည္ေတာ္မွ ဗစ္တိုးရီးယားအမႈတြင္ ၿပီးခဲ့သည့္႐ုံးခ်ိန္းတြင္ တရားလိုကေလးရဲ႕ မိခင္ျဖစ္သူမွ ဆရာမႏွင္းႏု အား ေနာက္တိုးတရားခံ ေလွ်ာက္ထားမႈအေပၚ ဥပေဒႏွင့္ ညီၫြတ္မႈမရွိသည့္အတြက္ ဥပေဒအရာရွိမွ တရား႐ုံးသို႔ တင္ျပသည့္အတြက္ တရား႐ုံးမွ တစ္စုံတစ္ရာ အမိန႔္မခ်ခဲ့ဘူးဟု တရားလိုဖက္မွ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ မွ ေျပာပါတယ္။

"တရား႐ုံးက ပယ္ခ်တာမဟုတ္ပါဘူး၊ ၿပီးခဲ့တဲ့႐ုံးခ်ိန္းက တရားလိုသမီးေလးရဲ႕ အေမက ႏွစ္ခုေလွ်ာက္ခဲ့တယ္။တစ္ခုက ႏွင္းႏု ကို တရားခံအျဖစ္ ေလွ်ာက္တယ္။တစ္ခုက အခင္းျဖစ္တဲ့ေနရာကို ၾကည့္ရႈေပးဖို႔ ေလွ်ာက္ထားတယ္၊ ေလွ်ာက္ထားတဲ့အခါ တရား႐ုံးက နည္းလမ္းတက်လုပ္ပါဆိုၿပီး ဥပေဒအရာရွိ႐ုံးကို အဲဒီစာ႐ြက္ကို လြဲွလိုက္တယ္။လႊဲလိုက္တဲ့အခါ ဒီကေန႔႐ုံးခ်ိန္းမွာ ဥပေဒအရာရွိကေနၿပီး ေလွ်ာက္ထားတဲ့ စာ႐ြက္ထဲက (၂) ခုထဲက တစ္ခုျဖစ္တဲ့ အခင္းျဖစ္ေနရာကို သြားၾကည့္ရႈခြင့္ဆိုတဲ့ဟာနဲ႔ ပတ္သက္ၿပီး ႐ုံေတာ္ကေန လိုအပ္တယ္ထင္လို႔ရွိရင္ ေဆာင္႐ြက္ပါ သူတို႔အေနနဲ႔ အဲ့အေပၚ တစ္စုံတစ္ရာ မွတ္ခ်က္ေပးစရာမရွိဘူး။သူတို႔အေနနဲ႔ လက္ခံတယ္ဆိုတဲ့ အေၾကာင္းကို တင္တယ္။႐ုံးေတာ္ကို ဒါကတစ္ခု။ေနာက္တစ္ခုက ႏွင္းႏု နဲ႔ ပတ္သက္ၿပီး ေလွ်ာက္ထားတာနဲ႔ ပတ္သက္ၿပီး ဥပေဒအရ ညီၫြတ္မႈမရွိဘူးလို႔ သူတို႔အေနနဲ႔ ယူဆတယ္။ဒါေၾကာင့္ ႏွင္းႏု နဲ႔ ပတ္သက္ၿပီး ဦးတိုက္ေလွ်ာက္ထားျခင္းဘဲျဖစ္ျဖစ္ ရဲစခန္းမွာ အမႈအသစ္တစ္ခုနဲ႔ဘဲ ဖြင့္ၿပီးေတာ့ျဖစ္ျဖစ္ ေဆာင္႐ြက္မယ္ဆိုရင္ ပိုၿပီးသင့္ေတာ္မယ္လို႔ မွတ္ခ်က္ေရးၿပီး ဥပေဒအရာရွိက တရား႐ုံးကို ျပန္တင္လိုက္တယ္။ျပန္တင္လိုက္တဲ့အခါမွာ အပိုင္းက (၂) မ်ိဳး ျဖစ္သြားတာေပါ့။တစ္ပိုင္းက အခင္းျဖစ္တဲ့ေနရာ ၾကည့္ရႈဖို႔ ေလွ်ာက္ထားတာနဲ႔ ပတ္သက္ၿပီး လက္ခံတယ္။႐ုံးေတာ္က သင့္တဲ့အမိန႔္ကို ခ်ေပးပါလို႔ တရားဝင္တင္တဲ့ေလွ်ာက္လႊာ သေဘာကို သက္ေရာက္သြားတယ္။ႏွင္းႏု နဲ႔ ပတ္သက္လို႔က သူတို႔အေနနဲ႔ တစ္စုံတစ္ရာ ထူးျခားတဲ့မွတ္ခ်က္မ်ိဳး (Yes or No) မေျဖေတာ့ဘဲနဲ႔ တစ္ကယ္လို႔ ဒါကို ဥပေဒနဲ႔ညီၫြတ္မႈမရွိဘူးလို႔ ယူဆတယ္။တကယ္လို႔ ထပ္ျပ္ီးလုပ္ဖို႔ လိုအပ္တယ္လို႔ ယူဆတယ္ဆိုရင္ တရားလိုဖက္က ကိုယ့္ဟာကိုယ္ ဦးတိုက္ၿပီးျဖစ္ျဖစ္ ဘာဘဲျဖစ္ျဖစ္ အမႈတစ္ခုျပန္ၿပီး ကိုယ့္ဟာကိုယ္ ဖြင့္လိုက္ပါလို႔ တင္တာျဖစ္တဲ့အတြက္ ဒီအေပၚမွာေတာ့ တရား႐ုံးက အမိန႔္ခ်မွာမဟုတ္ဘူး။တရား႐ုံးက ဘာျဖစ္လို႔လည္းဆိုရင္ တရား႐ုံးကို ဥပေဒ႐ုံးက တရားဝင္စာတင္တာ မဟုတ္ဘူး။သေဘာထားမွတ္ခ်က္ေပး႐ုံသက္သက္ တင္လိုက္တာျဖစ္တဲ့အတြက္ ႏွင္းႏု နဲ႔ ပတ္သက္တဲ့ဟာကေတာ့ တရား႐ုံးက အမိန႔္ခ်မွာမဟုတ္ဘူး။ဘာျဖစ္လို႔လဲ တရားဝင္တင္တဲ့စာ မဟုတ္တဲ့အတြက္ အခင္းျဖစ္တဲ့ ေက်ာင္းေနရာကို ၾကည့္ဖို႔ကိစၥနဲ႔ ပတ္သက္လို႔ တရား႐ုံးက ဦးေအာင္ႀကီး ရဲ႕ ေရွ႕ေနကလည္း ႐ုံးၿပီးတဲ့အခါမွာ ထပ္ေလွ်ာက္တယ္။အဲဒီေတာ့ ႏွစ္ဖက္စလုံးက ေလွ်ာက္ထားတဲ့အတြက္ ႐ုံးေတာ္က ၿပီးတဲ့အခါမွာ က်ေနာ္ သင့္ေတာ္တဲ့အခ်ိန္မွာ အမိန႔္ခ်မယ္။ဘယ္ေန႔ကိုဘယ္လို ဒီေနရာကို သြားၾကည့္ဖို႔ သင့္ေတာ္သလဲဆိုတာကို ႐ုံးေတာ္က ဆင္ျခင္မယ္၊ သုံးသပ္မယ္။ၿပီးၿပီဆိုရင္ အဲဒီအခ်ိန္က်ရင္ အမိန႔္ခ် ေပးမယ္လို႔ အဲဒီလိုေျပာတာပါ" လို႔ တရားလိုဖက္မွ ေရွ႕ေနျဖစ္သူ ေဒၚ႐ြက္ႏုေအာင္ မွ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။

ယေန႔ ေနျပည္ေတာ္၊ ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ Wisdom Hill မူႀကိဳေက်ာင္းမွ ဗစ္တိုးရီယားအမႈအား တတိယေန႔ ႐ုံးခ်ိန္းအျဖစ္ ဆက္လက္စစ္ေဆးခဲ့ၿပီး တရားခြင္အၿပီး သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံခ်ိန္မွာ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၁