ဆေးပညာ သင်ယူသူများအတွက် အသုံးပြုရန် ခန္ဓာကိုယ်လှူဒါန်းမှု များပြားလာ

ဆေးပညာ သင်ယူသူများအတွက် အသုံးပြုရန်  ခန္ဓာကိုယ်လှူဒါန်းမှု များပြားလာ

ဆေးပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများတွင် ခန္ဓာဗေဒ သင်ကြားရေးအတွက် အသုံးပြုနိုင်ဖို့ ခန္ဓာကိုယ်လှူဒါန်းလာတာတွေ ယခုနောက်ပိုင်း များပြားလာတယ်လို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ခန္ဓာဗေဒဌာန၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဒေါက်တာမြစန်းနွယ် က ပြောပါတယ်။

“အသက်ရှင်စဉ်မှာ လက်ခံတော့မှ သူလည်း သူသေဆုံးတဲ့အခါ သူ့ရဲ့ Body ကို လေ့လာဖို့အတွက် အသုံးပြုခွင့်ပေးတာ ဖြစ်ပါတယ်၊ ကာယကံရှင်က သူ့စိတ်ဆန္ဒနဲ့သူ လာလှူတာကိုပဲ လက်ခံပေးတာပါ၊ တစ်နှစ်ကို ၁၅ ခုလောက်တော့ အများဆုံး လက်ခံရရှိတယ်၊ တစ်စုံတစ်ခုကြောင့် လှူဒါန်းထားတဲ့ ခန္ဓာကိုယ်တွေကို သိမ်းဆည်းတဲ့အခါ ဒါတွေကို ဖော်မလင်ဆေးထိုးထားတယ်၊ တစ်နှစ်လောက်ကြာတော့မှ ဆေးကျောင်းသားတွေကို လေ့လာခွင့်ပြုပါတယ်၊ တစ်နှစ်ကို သင်ကြားဖို့ Body ၁၀ ခု ထုတ်ပါတယ်၊ ကျောင်းသားတွေကို နှစ်အုပ်စုခွဲပြီး လေ့လာခိုင်းတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

ထိုလှူဒါန်းတာတွေကို တနင်္လာကနေ သောကြာနေ့အထိ ရုံးဖွင့်ချိန်တွေမှာ လက်ခံပြီး လာရောက်လှူဒါန်းသူတွေဟာ တစ်ချို့သော အထိမ်းအမှတ်ရက်တွေမှာ တစ်ရက်ထဲကို လှူဒါန်းသူ ပျမ်းမျှ ၂၀ ကျော်လောက်ရှိကြောင်း၊ လှူဒါန်းခဲ့သော အလှူရှင် သေဆုံးတဲ့အခါ လှူဒါန်းထားတဲ့ ခန္ဓာကိုယ်ကို လွှဲပြာင်းလက်ခံခဲ့ပြီး အသုံးပြုပြီးနောက် ပြန်လည်စွန့်ပစ်ပါကလည်း ရေဝေးသုဿန်တွင် ဈာပနအခမ်းအနား ကျင်းပကာ စွန့်ပစ်လေ့ရှိတယ်လို့ သိရပါတယ်။

 

ထိုလှူဒါန်းလာတဲ့ ခန္ဓာကိုယ်တွေကို ဆေးစိမ်ထားပြီး ဖော်မလင်ထိုး သိမ်းတာရှိသလို နောက်ထပ် ဆေးစိမ်နည်းတစ်ခုဖြစ်တဲ့ ဖော်မလင်အနည်းငယ်ကိုသာသုံးပြီး အခြားဓာတ်ပစ္စည်းတွေနဲ့ ရောနှောပြီးတော့ ရေခဲသေတ္တာထဲမှာ အနုတ် ၁၈ ဒီဂရီ စင်တီဂရိတ်နဲ့ သိမ်းဆည်းတာမျိုးနဲ့ လုပ်ဆောင်တာတွေ ရှိပါတယ်။

“ဆေးစိမ်တာက နှစ်မျိုးရှိပါတယ်၊ ဖော်မလင်ထိုး သိမ်းတာက လေး၊ ငါးနှစ်ကနေ ၁၀ နှစ် အထိခံတယ်၊ အဲ့ဒီလို လုပ်ထားတဲ့ ခန္ဓာကိုယ်တွေကို ဒုတိယနှစ် ဆေးကျောင်းသား၊ ကျောင်းသူတွေအတွက် အသုံးပြုပါတယ်၊ တခြားဓာတ်ပစ္စည်းတွေနဲ့ ရောပြီးလုပ်တဲ့ထားတဲ့ဟာက ပျော့ပြောင်းတာကြောင့် ခွဲစိတ်ဆရာဝန်တွေ၊ ဆေးသုတေသန လုပ်ဆောင်ဖို့ အသုံးပြုတာများပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ အသက် (၁၈) နှစ်ပြည့်ပြီးသူ မည်သူမဆို လှူဒါန်းနိုင်သလို မိဘအုပ်ထိန်းသူများရဲ့ ထောက်ခံချက် လိုအပ်ကြောင်း၊ အလှူရှင်များ ကွယ်လွန်တဲ့အခါ ခန္ဓာကိုယ်ကို ယင်းဆေးတက္ကသိုလ်ရှိ ခန္ဓာဗေဒဌာနက လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း၊ ခန္ဓာကိုယ်အလှူရှင်မှာ ကူးစက်ရောဂါဖြင့် ကွယ်လွန်ခြင်း၊ ထိခိုက်ဒဏ်ရာရကာ ကွယ်လွန်ခြင်း၊ မှုခင်းတစ်စုံတစ်ရာဖြင့် ကွယ်လွန်ခြင်း သိ့မဟုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါက ယင်းခန္ဓာကိုယ်ကို လက်ခံမှာ မဟုတ်ကြောင်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၉

( Zawgyi )

ေဆးပညာသင္ယူေနၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားတြင္ ခႏၶာေဗဒ သင္ၾကားေရးအတြက္ အသုံးျပဳႏိုင္ဖို႔ ခႏၶာကိုယ္လႉဒါန္းလာတာေတြ ယခုေနာက္ပိုင္း မ်ားျပားလာတယ္လို႔ ေဆးတကၠသိုလ္ (၁) ရန္ကုန္၊ ခႏၶာေဗဒဌာန၊ ဌာနမႉးျဖစ္သူ ပါေမာကၡ ေဒါက္တာျမစန္းႏြယ္ က ေျပာပါတယ္။

“အသက္ရွင္စဥ္မွာ လက္ခံေတာ့မွ သူလည္း သူေသဆုံးတဲ့အခါ သူ႔ရဲ႕ Body ကို ေလ့လာဖို႔အတြက္ အသုံးျပဳခြင့္ေပးတာ ျဖစ္ပါတယ္၊ ကာယကံရွင္က သူ႔စိတ္ဆႏၵနဲ႔သူ လာလႉတာကိုပဲ လက္ခံေပးတာပါ၊ တစ္ႏွစ္ကို ၁၅ ခုေလာက္ေတာ့ အမ်ားဆုံး လက္ခံရရွိတယ္၊ တစ္စုံတစ္ခုေၾကာင့္ လႉဒါန္းထားတဲ့ ခႏၶာကိုယ္ေတြကို သိမ္းဆည္းတဲ့အခါ ဒါေတြကို ေဖာ္မလင္ေဆးထိုးထားတယ္၊ တစ္ႏွစ္ေလာက္ၾကာေတာ့မွ ေဆးေက်ာင္းသားေတြကို ေလ့လာခြင့္ျပဳပါတယ္၊ တစ္ႏွစ္ကို သင္ၾကားဖို႔ Body ၁၀ ခု ထုတ္ပါတယ္၊ ေက်ာင္းသားေတြကို ႏွစ္အုပ္စုခြဲၿပီး ေလ့လာခိုင္းတယ္” လို႔ ၎က ရွင္းျပပါတယ္။

ထိုလႉဒါန္းတာေတြကို တနလၤာကေန ေသာၾကာေန႔အထိ ႐ုံးဖြင့္ခ်ိန္ေတြမွာ လက္ခံၿပီး လာေရာက္လႉဒါန္းသူေတြဟာ တစ္ခ်ိဳ႕ေသာ အထိမ္းအမွတ္ရက္ေတြမွာ တစ္ရက္ထဲကို လႉဒါန္းသူ ပ်မ္းမွ် ၂၀ ေက်ာ္ေလာက္ရွိေၾကာင္း၊ လႉဒါန္းခဲ့ေသာ အလႉရွင္ ေသဆုံးတဲ့အခါ လႉဒါန္းထားတဲ့ ခႏၶာကိုယ္ကို လႊဲျပာင္းလက္ခံခဲ့ၿပီး အသုံးျပဳၿပီးေနာက္ ျပန္လည္စြန႔္ပစ္ပါကလည္း ေရေဝးသုႆန္တြင္ ဈာပနအခမ္းအနား က်င္းပကာ စြန႔္ပစ္ေလ့ရွိတယ္လို႔ သိရပါတယ္။

ထိုလႉဒါန္းလာတဲ့ ခႏၶာကိုယ္ေတြကို ေဆးစိမ္ထားၿပီး ေဖာ္မလင္ထိုး သိမ္းတာရွိသလို ေနာက္ထပ္ ေဆးစိမ္နည္းတစ္ခုျဖစ္တဲ့ ေဖာ္မလင္အနည္းငယ္ကိုသာသုံးၿပီး အျခားဓာတ္ပစၥည္းေတြနဲ႔ ေရာေႏွာၿပီးေတာ့ ေရခဲေသတၱာထဲမွာ အႏုတ္ ၁၈ ဒီဂရီ စင္တီဂရိတ္နဲ႔ သိမ္းဆည္းတာမ်ိဳးနဲ႔ လုပ္ေဆာင္တာေတြ ရွိပါတယ္။

“ေဆးစိမ္တာက ႏွစ္မ်ိဳးရွိပါတယ္၊ ေဖာ္မလင္ထိုး သိမ္းတာက ေလး၊ ငါးႏွစ္ကေန ၁၀ ႏွစ္ အထိခံတယ္၊ အဲ့ဒီလို လုပ္ထားတဲ့ ခႏၶာကိုယ္ေတြကို ဒုတိယႏွစ္ ေဆးေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ အသုံးျပဳပါတယ္၊ တျခားဓာတ္ပစၥည္းေတြနဲ႔ ေရာၿပီးလုပ္တဲ့ထားတဲ့ဟာက ေပ်ာ့ေျပာင္းတာေၾကာင့္ ခြဲစိတ္ဆရာဝန္ေတြ၊ ေဆးသုေတသန လုပ္ေဆာင္ဖို႔ အသုံးျပဳတာမ်ားပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

လႉဒါန္းလိုသူေတြအေနနဲ႔ အသက္ (၁၈) ႏွစ္ျပည့္ၿပီးသူ မည္သူမဆို လႉဒါန္းႏိုင္သလို မိဘအုပ္ထိန္းသူမ်ားရဲ႕ ေထာက္ခံခ်က္ လိုအပ္ေၾကာင္း၊ အလႉရွင္မ်ား ကြယ္လြန္တဲ့အခါ ခႏၶာကိုယ္ကို ယင္းေဆးတကၠသိုလ္ရွိ ခႏၶာေဗဒဌာနက လႊဲေျပာင္းလက္ခံရယူခဲ့ေၾကာင္း၊ ခႏၶာကိုယ္အလႉရွင္မွာ ကူးစက္ေရာဂါျဖင့္ ကြယ္လြန္ျခင္း၊ ထိခိုက္ဒဏ္ရာရကာ ကြယ္လြန္ျခင္း၊ မႈခင္းတစ္စုံတစ္ရာျဖင့္ ကြယ္လြန္ျခင္း သိ့မဟုတ္ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့ပါက ယင္းခႏၶာကိုယ္ကို လက္ခံမွာ မဟုတ္ေၾကာင္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၉