ဇူလိုင်လအတွင်း စင်ကာပူမှ ကန်ဒေါ်လာ သန်း၁၁၀ ကျော် ရင်းနှီးမြုပ်နှံမှု ဝင်ရောက်

ဇူလိုင်လအတွင်း စင်ကာပူမှ ကန်ဒေါ်လာ သန်း၁၁၀ ကျော် ရင်းနှီးမြုပ်နှံမှု ဝင်ရောက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)က ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းအရ စင်ကာပူနိုင်ငံမှ ဇူလိုင် လအတွင်း လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ ကန်ဒေါ်လာ သန်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါစာရင်းအရ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြုပ်နှံခဲ့သည့် နိုင်ငံပေါင်း ၄၉ နိုင်ငံထဲ စင်ကာပူမှာ အများဆုံးရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်ပြီး ယခုဘဏ္ဍာနှစ်ထဲ ဇူလိုင်အပါအဝင် ဆယ်လတာ ကာလ အ တွင်း ကန်ဒေါ်လာ ၃၅၂၆ ဒသမ ၂၁၅ သန်းဝင်ရောက်ခဲ့ပြီး ဇူလိုင်လတစ်လတည်း ကန်ဒေါ်လာ ၁၁၄ ဒသမ ၆၃၉ သန်းရှိကာ လအတွင်း တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးရင်းနှီးမြုပ်နှံခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရပါ တယ်။

ယခုဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြုပ်နှံမှုကို ပြန်ကြည့်ပါက ဘဏ္ဍာနှစ်အစ အောက်တိုဘာလတွင် ကန် ဒေါ် လာ ၂၁ ဒသမ ၅၇၄ သန်း၊နိုဝင်ဘာလတွင် ၃၃၆ ဒသမ ၂၆၉  သန်း၊ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၂၄၈ ဒသမ ၇၉၇ သန်း၊ ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၃၃၆ ဒသမ ၃၉ သန်း၊ ဖေဖေါ်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၅၄  ဒသမ ၆၅သန်း၊ မတ်လတွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၅၇ သန်း၊ဧပြီလတွင် ကန်ဒေါ် လာ ၄၆၂ ဒသမ ၀၉၆ သန်း၊ မေလတွင် ကန်ဒေါ်လာ ၂၈ ဒသမ ၆၂ သန်း၊ဇွန်လတွင် ကန်ဒေါ်လာ ၄၀၅ ဒသမ ၉၃၃ သန်း နှင့် ဇူလိုင်လတွင်ကန်ဒေါ်လာ ၁၁၄ ဒသမ ၆၃၉ သန်းရှိကာ  စုစုပေါင်း ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ၂၁၂၀ ဒသမ ၆၂၅ သန်း  ရင်းနှီးမြုပ်နှံ ခဲ့ရာ စင်ကာပူ၏ ရင်းနှီးမြုပ်နှံမှုမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံအနက် အများဆုံးဖြစ်ကာ ယခုဘဏ္ဍာနှစ်ဝင်ရောက်သည့် FDI စုစုပေါင်း ပမာဏ ကန်ဒေါ်လာ ၃၅၂၆ဒသမ၂၁၅သန်း၏ ရာခိုင်နူန်း၆၀ ကျော်ရှိကြောင်း ထုတ်ပြန်သည့် စာရင်းအချက် အလက်များအရ သိရပါတယ်။

၂၀၁၀ နောက်ပိုင်း စင်ကာပူမှ လာရောက် ရင်းနှီးမြုပ်နှံမှုပမာဏမှာ ၂၀၁၂-၂၀၁၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၁၈ ဒသမ ၂၃၃ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၃၀၀ ဒသမ ၁၂၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၂၉၇ ဒသမ ၁၈၅ သန်း၊  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၅၁ဒသမ ၂၂၃သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈၂၀ ဒသမ ၇၆၄ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၆၃ ဒသမ ၉၆၃ သန်း၊ ကာလတိုဘတ်ဂျက် ကာလတွင်ကန်ဒေါ်လာ ၇၂၄ဒသမ ၄၂၄ သန်းအသီးသီးလာရောက်ရင်းနှီးမြုပ်နှံခဲ့ပါတယ်။    

PWA
ရန်ကုန်၊သြဂုတ် ၃၁ 

(  Zawgyi  )





PWA
ရန်ကုန်၊သြဂုတ် ၃၁