ညမထွက်ရအမိန့် မောင်တော၌ နှစ်လထပ်တိုးထား

ညမထွက်ရအမိန့် မောင်တော၌ နှစ်လထပ်တိုးထား

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များအပြီးမှာ မောင်တောမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားလျက်ရှိရာ ယခုဇွန်လ ထဲမှာတော့ နောက်ထပ်နှစ်လထပ်မံကာ သက်တမ်းတိုးမြှင့်သတ်မှတ် လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ညမထွက်ရအမိန့်ထပ်တိုးတဲ့အကြောင်းကို လိုက်ပြီးတော့ ကြေညာပါတယ်၊ ဇွန်လ ၁၁ ရက်ကတည်းက လိုက်လံပြီးတော့ ကြေညာနေ တာဖြစ်ပါတယ်”လို့ မောင်တောမြို့အခြေစိုက် တည်းခိုခန်းမန်နေဂျာအဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ကိုမောင်မောင်ဦးက အသိပေးပြောကြား ပါတယ်။ အဆိုပါမြို့မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေအပြီးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၁၀နာရီကနေ မနက် ၅နာရီအထိ ထုတ်ပြန် ထားတာဖြစ်ပါတယ်။

“ထပ်တိုးလိုက်တယ်ဆိုတာတော့ မှန်ပါတယ်၊ အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်အရ လုပ်ဆောင်တာဖြစ်ပါတယ်၊ တခြားတော့ ဘာမှပြောစရာ မရှိပါဘူး”လို့လည်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဆိုပါတယ်။ လတ်တလော မှာတော့ မောင်တောမြို့မှာ ရောင်းဝယ် ဖောက်ကားသူတွေနဲ့ စည်ကားနေတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် မောင်တော မြို့နယ် မှာရှိတဲ့ အများပြည်သူလမ်းမကြီးတွေအပါအဝင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ငါးဦး သို့မဟုတ် ငါးဦးထက်ပိုကာ စုဝေးတာမျိုးကို လည်း မလုပ်ဖို့ ကန့်သတ်ထားတာတွေရှိသလို ယခုလတ်တလောမှာတော့ မောင်တောမြို့နယ်ထဲမှာ ပြုပြင်တည်ဆောက်တာတွေကို လုပ် ကိုင်နေကြပြီး မြို့လယ်လမ်းမကြီးက လမ်းအလယ်ကျွန်းမြေယာရှုခင်းတွေကို ပြုပြင်နေတာတွေရှိသလို လမ်းတွေ၊ ရေမြောင်း တွေကိုလည်း ပြုပြင်လုပ်ကိုင်နေတာတွေရှိတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၁၃

(    Zawgyi  )

 ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ရပ္မ်ားအၿပီးမွာ ေမာင္ေတာၿမိဳ႕တြင္ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားလ်က္ရွိရာ ယခုဇြန္လ ထဲမွာေတာ့ ေနာက္ထပ္ႏွစ္လထပ္မံကာ သက္တမ္းတိုးျမႇင့္သတ္မွတ္ လိုက္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“ညမထြက္ရအမိန႔္ထပ္တိုးတဲ့အေၾကာင္းကို လိုက္ၿပီးေတာ့ ေၾကညာပါတယ္၊ ဇြန္လ ၁၁ ရက္ကတည္းက လိုက္လံၿပီးေတာ့ ေၾကညာေန တာျဖစ္ပါတယ္”လို႔ ေမာင္ေတာၿမိဳ႕အေျခစိုက္ တည္းခိုခန္းမန္ေနဂ်ာအျဖစ္ တာဝန္ယူလုပ္ကိုင္ေနတဲ့ ကိုေမာင္ေမာင္ဦးက အသိေပးေျပာၾကား ပါတယ္။ အဆိုပါၿမိဳ႕မွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္ေတြအၿပီးမွာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ ထုတ္ျပန္ခဲ့ၿပီး ည ၁၀နာရီကေန မနက္ ၅နာရီအထိ ထုတ္ျပန္ ထားတာျဖစ္ပါတယ္။

“ထပ္တိုးလိုက္တယ္ဆိုတာေတာ့ မွန္ပါတယ္၊ အုပ္ခ်ဳပ္ေရးဆိုင္ရာလိုအပ္ခ်က္အရ လုပ္ေဆာင္တာျဖစ္ပါတယ္၊ တျခားေတာ့ ဘာမွေျပာစရာ မရွိပါဘူး”လို႔လည္း ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးရဲထူးက ဆိုပါတယ္။ လတ္တေလာ မွာေတာ့ ေမာင္ေတာၿမိဳ႕မွာ ေရာင္းဝယ္ ေဖာက္ကားသူေတြနဲ႔ စည္ကားေနတဲ့ အေျခအေနမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ ထို႔အျပင္ ေမာင္ေတာ ၿမိဳ႕နယ္ မွာရွိတဲ့ အမ်ားျပည္သူလမ္းမႀကီးေတြအပါအဝင္ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာေတြမွာ ငါးဦး သို႔မဟုတ္ ငါးဦးထက္ပိုကာ စုေဝးတာမ်ိဳးကို လည္း မလုပ္ဖို႔ ကန႔္သတ္ထားတာေတြရွိသလို ယခုလတ္တေလာမွာေတာ့ ေမာင္ေတာၿမိဳ႕နယ္ထဲမွာ ျပဳျပင္တည္ေဆာက္တာေတြကို လုပ္ ကိုင္ေနၾကၿပီး ၿမိဳ႕လယ္လမ္းမႀကီးက လမ္းအလယ္ကြၽန္းေျမယာရႈခင္းေတြကို ျပဳျပင္ေနတာေတြရွိသလို လမ္းေတြ၊ ေရေျမာင္း ေတြကိုလည္း ျပဳျပင္လုပ္ကိုင္ေနတာေတြရွိတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၁၃