ညောင်ရေသွန်းပွဲတော် အထိမ်းအမှတ် တံဆိပ်ခေါင်းအသစ် ရောင်းချမည်

ညောင်ရေသွန်းပွဲတော် အထိမ်းအမှတ် တံဆိပ်ခေါင်းအသစ် ရောင်းချမည်

ညောင်ရေသွန်းပွဲတော် အထိမ်းအမှတ် အနေဖြင့် ညောင်ရေသွန်းပွဲတော် နှင့် စကားပန်း ပုံပါဝင်သည့် တံဆိပ် ခေါင်း အသစ် ရောင်းချပေး မည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် သတင်း ထုတ် ပြန် ခဲ့ပါတယ်။

(၁၂) လရာသီပွဲတော်များနှင့် ရာသီပန်းများအထိမ်းအမှတ် အနေဖြင့် ကဆုန်လအတွက် ညောင်ရေသွန်းပွဲတော် နှင့် စကားဝါပန်း ပုံပါဝင်သည့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ကို မေ ၄ ရက် မြန်မာသက္က ရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် စနေနေ့နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်အသီးသီးတွင် ရောင်းချ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ မေ ၄ ရက်တွင် ဝယ်ယူ သော စာပို့ တံဆိပ်ခေါင်းများ နှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာ့ စာတိုက် လုပ်ငန်းအနေဖြင့် တပို့တွဲ လအတွက် ထမနဲ ပွဲ နှင့်ပေါက်ပန်း၊ တပေါင်းလအတွက် သဲပုံစေတီပွဲ နှင့် သရဖီပန်း၊ တန်ခူးလအတွက် သြင်္ကန်ပွဲနှင့် ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းများ ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ ၃၀

(   Zawgyi  )

 ေညာင္ေရသြန္းပြဲေတာ္ အထိမ္းအမွတ္ အေနျဖင့္ ေညာင္ေရသြန္းပြဲေတာ္ ႏွင့္ စကားပန္း ပုံပါဝင္သည့္ တံဆိပ္ ေခါင္း အသစ္ ေရာင္းခ်ေပး မည္ျဖစ္ေၾကာင္း ျမန္မာ့စာတိုက္လုပ္ငန္းမွ ယေန႔ ဧၿပီလ ၃၀ ရက္ေန႔တြင္ သတင္း ထုတ္ ျပန္ ခဲ့ပါတယ္။

(၁၂) လရာသီပြဲေတာ္မ်ားႏွင့္ ရာသီပန္းမ်ားအထိမ္းအမွတ္ အေနျဖင့္ ကဆုန္လအတြက္ ေညာင္ေရသြန္းပြဲေတာ္ ႏွင့္ စကားဝါပန္း ပုံပါဝင္သည့္ ၂၀၀ က်ပ္တန္ အထူးထုတ္ စာပို႔တံဆိပ္ေခါင္းသစ္ ကို ေမ ၄ ရက္ ျမန္မာသကၠ ရာဇ္ ၁၃၈၁ ခုႏွစ္၊ ကဆုန္လဆန္း ၁ ရက္ စေနေန႔နံနက္ ၉ နာရီခြဲမွ စတင္၍ တိုင္းေဒသႀကီး / ျပည္နယ္မ်ားရွိ စာတိုက္အသီးသီးတြင္ ေရာင္းခ် ေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္ စာတိုက္ႀကီးႏွင့္ မႏၲေလးစာတိုက္ႀကီးတို႔၌ ေမ ၄ ရက္တြင္ ဝယ္ယူ ေသာ စာပို႔ တံဆိပ္ေခါင္းမ်ား ႏွင့္ ပထမေန႔စာအိတ္ (Firstday Cover) မ်ားေပၚတြင္ ေန႔စြဲအမွတ္အသား တံဆိပ္ ႐ိုက္ႏွိပ္ေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ျမန္မာ့ စာတိုက္ လုပ္ငန္းအေနျဖင့္ တပို႔တြဲ လအတြက္ ထမနဲ ပြဲ ႏွင့္ေပါက္ပန္း၊ တေပါင္းလအတြက္ သဲပုံေစတီပြဲ ႏွင့္ သရဖီပန္း၊ တန္ခူးလအတြက္ ၾသကၤန္ပြဲႏွင့္ ပိေတာက္ပန္း၊ ကံ့ေကာ္ပန္းပါ ၂၀၀ က်ပ္တန္ တံဆိပ္ေခါင္းမ်ား ထုတ္ေဝခဲ့ၿပီး ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ ၃၀