တစ်ဖက်ယာဉ်ကြောမှ ဝင်တိုက်သည့် ယာဉ်ကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး သေဆုံးမှု ဇီးကုန်းတွင်ဖြစ်ပွား

တစ်ဖက်ယာဉ်ကြောမှ ဝင်တိုက်သည့် ယာဉ်ကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး သေဆုံးမှု ဇီးကုန်းတွင်ဖြစ်ပွား

ဇီးကုန်းမြို့၊ ဝက်ကော်ကျေးရွာအနီးရှိ ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင် ဇူလိုင်လ ၂၈ ရက်နေ့က တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသည့် မော်တော်ယာဉ်ကြောင့် ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင် (၁၂၈/၆-၇) ကြား၌ ကိုထွေး (၄၃) နှစ် မောင်းနှင်လာသည့် Hiace ယာဉ်သည် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုအောင်စိုး (၃၇) နှစ် မောင်းနှင်ပြီး ၎င်း၏ဇနီး မခင်မာဝင်း (၃၃) နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကိုအောင်စိုး နှင့် မခင်မာဝင်း တို့တွင် နဖူး/နှုတ်ခမ်း၊ ရင်ဘက်ညိုမဲ၊ ဝဲ/ယာ ခြေသလုံးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့တဲ့အတွက် ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ကိုထွေး အား ဇီးကုန်းမြို့မရဲစခန်း ယာဉ် (ပ) ၃၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ပေါ့လျော့မှုကြောင့် လူသေမှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဇီးကုန်း၊ ဇူလိုင် - ၂၉

( Zawgyi )

ဇီးကုန္းၿမိဳ႕၊ ဝက္ေကာ္ေက်း႐ြာအနီးရွိ ရန္ကုန္-ျပည္ ကားလမ္းမေပၚတြင္ ဇူလိုင္လ ၂၈ ရက္ေန႔က တစ္ဖက္ယာဥ္ေၾကာမွ ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိသည့္ ေမာ္ေတာ္ယာဥ္ေၾကာင့္ ဆိုင္ကယ္စီးလာသည့္ ဇနီးေမာင္ႏွံ ၂ ဦး ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၂၈ ရက္ မြန္းလြဲ ၁ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္-ျပည္ ကားလမ္း မိုင္တိုင္ (၁၂၈/၆-၇) ၾကား၌ ကိုေထြး (၄၃) ႏွစ္ ေမာင္းႏွင္လာသည့္ Hiace ယာဥ္သည္ တစ္ဖက္ ယာဥ္ေၾကာသို႔ ေရာက္ရွိၿပီး မ်က္ႏွာခ်င္းဆိုင္မွ ကိုေအာင္စိုး (၃၇) ႏွစ္ ေမာင္းႏွင္ၿပီး ၎၏ဇနီး မခင္မာဝင္း (၃၃) ႏွစ္ လိုက္ပါလာသည့္ ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိခဲ့ပါတယ္။

ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ကိုေအာင္စိုး ႏွင့္ မခင္မာဝင္း တို႔တြင္ နဖူး/ႏႈတ္ခမ္း၊ ရင္ဘက္ညိဳမဲ၊ ဝဲ/ယာ ေျခသလုံးက်ိဳး ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့တဲ့အတြက္ ယာဥ္ကို မဆင္မျခင္ေမာင္းႏွင္သူ ကိုေထြး အား ဇီးကုန္းၿမိဳ႕မရဲစခန္း ယာဥ္ (ပ) ၃၁/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က၊ ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဇီးကုန္း၊ ဇူလိုင္ - ၂၉