တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာရေးသည် အရေးကြီးသည့် အခန်းကဏ္ဍကနေပါဝင်နေဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား

တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာရေးသည် အရေးကြီးသည့် အခန်းကဏ္ဍကနေပါဝင်နေဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား

တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာရေးသည်အရေးကြီးသည့် အခန်းကဏ္ဍကနေပါဝင်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ဟနမ်ပြည်နယ် Tam Chuc International Buddhist Convention Center မှာကျင်းပတဲ့(၁၆)ကြိမ်မြောက်၊ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းသည် မိမိတို့ကိုယ်တိုင်ကောင်းစွာထိန်းသိမ်းရန်၊အခြားသူများကို လေးစားရန်၊ လောဘနှင့်မုန်းတီးမှုများ လျှော့ချရန်နှင့် ချုပ်ငြိမ်းရန် အသီးသီးဆုံးမခဲ့ကြပါကြောင်း၊မိမိတို့သည် ကိုယ်ယုံကြည်ရာ ဘာသာတရား၏အဆုံးအမများကို ကျင့်ကြံ လိုက်နာ အားထုတ်ကြမည်ဆိုလျှင် သဟဇာတမျှတသည့် လူမှုအဖွဲ့အစည်းများ၊ထိုမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့တာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် “ယနေ့ ကျင်းပပြုလုပ်သော ထူးမြတ်လှသည့် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ယခုလိုတက်ရောက်ခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်။ဟနမ်ပြည်နယ်မှာ ကျင်းပတဲ့(၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားသို့တက်ရောက်ရန် မိမိအားဖိတ်ကြားခဲ့သည့်အတွက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရနှင့် ဗီယက်နမ်အမျိုးသား ဗုဒ္ဓသံဃအဖွဲ့အားကျေးဇူးအထူးပင်တင်ရှိပါတယ်။ယနေ့ မိမိတို့အားလုံး နှစ်စဉ်ဂုဏ်ပြုကျင်းပတဲ့ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်းသည် ချစ်ခြင်းမေတ္တာတရားကို ပွားများခြင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့ကို ဖန်တီးဖော်ဆောင်နိုင်ရန် မိမိတို့ စုပေါင်းအင်အားနှင့်ကြိုးပမ်းမည်ဆိုသည့် ကတိကဝတ်ကို ထင်ဟပ်ပြသနေခြင်းဖြစ်ပါတယ်။” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့နေထိုင်ရာကမ္ဘာကြီးတွင် အကြမ်းဖက်မှုများနှင့်အနိဋ္ဌာရုံများ များပြားလာသည့်အချိန်မျိုးတွင် ဗုဒ္ဓ၏အဆုံးအမ များဖြစ်သည့် ချစ်ခြင်းမေတ္တာကိုလက်ကိုင်ထားပြီး ငြိမ်းချမ်းစွာနှင့်သဟဇာတမျှတစွာ နေထိုင်နိုင်ရေးကိုဦးတည်သည့် ဗုဒ္ဓနေ့ အခမ်းအနား များကိုနှစ်စဉ် ကျင်းပခြင်းသည်ဆီလျော်မှန်ကန်မှုရှိပြီး ခေတ်ကာလအနေအထားအရ ပို၍ပင်လိုအပ်လာသည် ဟုဆိုရမည်ဖြစ်ပါကြောင်း ၊နှစ်စဉ်ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနားများမှတစ်ဆင့်မတူကွဲပြားသည့် ယဉ်ကျေးမှု၊ဘာသာတရားနှင့် လူမှုအဖွဲ့အစည်းများတွင်ရှိသည့် ပြည်သူများအကြား အပြန်အလှန်နားလည်မှုကိုမြှင့်တင်ရေးနှင့်ငြိမ်းချမ်းမှုကို မြတ်နိုးသည့်ယဉ်ကျေးမှုစိတ်ဓာတ်အခြေခံကို ပြန်လည်နှိုးဆွဖန်တီးပေးနိုင်ရေးအတွက် မိမိတို့၏စုပေါင်း အားထုတ်မှုများအပေါ်အထောက်အကူပြုလိမ့်မည်ဟုယုံကြည်ပါကြောင်းနှင့်ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခြင်းဖြင့် ဗုဒ္ဓသာသနာကိုထိန်းသိမ်းစောင့်ရှောက်နေကြသည့် ဗီယက်နမ်၊ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့မှအစိုးရနှင့်ပြည်သူ များကို လည်းကျေးဇူးအထူးတင်ရှိပါကြောင်း နိုင်ငံတော်သမ္မတ က ၎င်း၏မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ဗီယက်နမ်အမျိုးသားဗုဒ္ဓသံဃအဖွဲ့နှင့်အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ကျင်းပရေးကောင်စီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ယခုကျင်းပသည့်(၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံပေါင်း(၁၁၃)နိုင်ငံမှ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ်(၁၆ဝဝ)ကျော်နှင့် ဗီယက်နမ်နိုင်ငံ မှဗုဒ္ဓဘာသာဝင်(၂ဝဝဝဝ)ကျော်တို့ ပါဝင်ဆင်နွှဲလျက်ရှိပြီး အဆိုပါ ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားကို မေ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၂
ဓါတ်ပုံ - နိုင်ငံတော်သမ္မတရုံး။

(  Zawgyi   )

 တည္ၿငိမ္ေအးခ်မ္းသည့္ကမာၻႀကီး တည္ေဆာက္ႏိုင္ေရးအတြက္ ဘာသာေရးသည္အေရးႀကီးသည့္ အခန္းက႑ကေနပါဝင္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေမ ၁၂ ရက္ေန႔က ဗီယက္နမ္ႏိုင္ငံ၊ဟနမ္ျပည္နယ္ Tam Chuc International Buddhist Convention Center မွာက်င္းပတဲ့(၁၆)ႀကိမ္ေျမာက္၊ကုလသမဂၢဗုဒၶေန႔ ဖြင့္ပြဲအခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားလိုက္ပါတယ္။

ကမာၻေပၚရွိ ဘာသာတရားတိုင္းသည္ မိမိတို႔ကိုယ္တိုင္ေကာင္းစြာထိန္းသိမ္းရန္၊အျခားသူမ်ားကို ေလးစားရန္၊ ေလာဘႏွင့္မုန္းတီးမႈမ်ား ေလွ်ာ့ခ်ရန္ႏွင့္ ခ်ဳပ္ၿငိမ္းရန္ အသီးသီးဆုံးမခဲ့ၾကပါေၾကာင္း၊မိမိတို႔သည္ ကိုယ္ယုံၾကည္ရာ ဘာသာတရား၏အဆုံးအမမ်ားကို က်င့္ႀကံ လိုက္နာ အားထုတ္ၾကမည္ဆိုလွ်င္ သဟဇာတမွ်တသည့္ လူမႈအဖြဲ႕အစည္းမ်ား၊ထိုမွတစ္ဆင့္ ၿငိမ္းခ်မ္းသာယာဝေျပာသည့္ ကမာၻႀကီးကို တည္ေဆာက္ႏိုင္ၾကမည္မွာ မလြဲဧကန္ျဖစ္ပါေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားခဲ့တာပါ။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က မိန႔္ခြန္းေျပာၾကားရာတြင္ “ယေန႔ က်င္းပျပဳလုပ္ေသာ ထူးျမတ္လွသည့္ ကုလသမဂၢဗုဒၶေန႔ အခမ္းအနားကို ယခုလိုတက္ေရာက္ခြင့္ရရွိသည့္အတြက္ မ်ားစြာဂုဏ္ယူဝမ္းေျမာက္ပါတယ္။ဟနမ္ျပည္နယ္မွာ က်င္းပတဲ့(၁၆)ႀကိမ္ေျမာက္ ကုလသမဂၢဗုဒၶေန႔ အခမ္းအနားသို႔တက္ေရာက္ရန္ မိမိအားဖိတ္ၾကားခဲ့သည့္အတြက္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံအစိုးရႏွင့္ ဗီယက္နမ္အမ်ိဳးသား ဗုဒၶသံဃအဖြဲ႕အားေက်းဇူးအထူးပင္တင္ရွိပါတယ္။ယေန႔ မိမိတို႔အားလုံး ႏွစ္စဥ္ဂုဏ္ျပဳက်င္းပတဲ့ ဗုဒၶေန႔အထိမ္းအမွတ္ အခမ္းအနားသို႔ တက္ေရာက္ျခင္းသည္ ခ်စ္ျခင္းေမတၱာတရားကို ပြားမ်ားျခင္းမွတစ္ဆင့္ ကမာၻတစ္ဝန္းၿငိမ္းခ်မ္းေရး၊လုံၿခဳံေရးႏွင့္တည္ၿငိမ္ေရးတို႔ကို ဖန္တီးေဖာ္ေဆာင္ႏိုင္ရန္ မိမိတို႔ စုေပါင္းအင္အားႏွင့္ႀကိဳးပမ္းမည္ဆိုသည့္ ကတိကဝတ္ကို ထင္ဟပ္ျပသေနျခင္းျဖစ္ပါတယ္။” လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ မိမိတို႔ေနထိုင္ရာကမာၻႀကီးတြင္ အၾကမ္းဖက္မႈမ်ားႏွင့္အနိ႒ာ႐ုံမ်ား မ်ားျပားလာသည့္အခ်ိန္မ်ိဳးတြင္ ဗုဒၶ၏အဆုံးအမ မ်ားျဖစ္သည့္ ခ်စ္ျခင္းေမတၱာကိုလက္ကိုင္ထားၿပီး ၿငိမ္းခ်မ္းစြာႏွင့္သဟဇာတမွ်တစြာ ေနထိုင္ႏိုင္ေရးကိုဦးတည္သည့္ ဗုဒၶေန႔ အခမ္းအနား မ်ားကိုႏွစ္စဥ္ က်င္းပျခင္းသည္ဆီေလ်ာ္မွန္ကန္မႈရွိၿပီး ေခတ္ကာလအေနအထားအရ ပို၍ပင္လိုအပ္လာသည္ ဟုဆိုရမည္ျဖစ္ပါေၾကာင္း ၊ႏွစ္စဥ္က်င္းပသည့္ ဗုဒၶေန႔အခမ္းအနားမ်ားမွတစ္ဆင့္မတူကြဲျပားသည့္ ယဥ္ေက်းမႈ၊ဘာသာတရားႏွင့္ လူမႈအဖြဲ႕အစည္းမ်ားတြင္ရွိသည့္ ျပည္သူမ်ားအၾကား အျပန္အလွန္နားလည္မႈကိုျမႇင့္တင္ေရးႏွင့္ၿငိမ္းခ်မ္းမႈကို ျမတ္ႏိုးသည့္ယဥ္ေက်းမႈစိတ္ဓာတ္အေျခခံကို ျပန္လည္ႏႈိးဆြဖန္တီးေပးႏိုင္ေရးအတြက္ မိမိတို႔၏စုေပါင္း အားထုတ္မႈမ်ားအေပၚအေထာက္အကူျပဳလိမ့္မည္ဟုယုံၾကည္ပါေၾကာင္းႏွင့္ကုလသမဂၢဗုဒၶေန႔ အခမ္းအနားကို ႏွစ္စဥ္ က်င္းပျခင္းျဖင့္ ဗုဒၶသာသနာကိုထိန္းသိမ္းေစာင့္ေရွာက္ေနၾကသည့္ ဗီယက္နမ္၊ထိုင္း၊ သီရိလကၤာႏိုင္ငံတို႔မွအစိုးရႏွင့္ျပည္သူ မ်ားကို လည္းေက်းဇူးအထူးတင္ရွိပါေၾကာင္း ႏိုင္ငံေတာ္သမၼတ က ၎၏မိန႔္ခြန္းမွာထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

ဗီယက္နမ္အမ်ိဳးသားဗုဒၶသံဃအဖြဲ႕ႏွင့္အျပည္ျပည္ဆိုင္ရာဗုဒၶေန႔က်င္းပေရးေကာင္စီတို႔၏ ပူးေပါင္းစီစဥ္မႈျဖင့္ ယခုက်င္းပသည့္(၁၆)ႀကိမ္ေျမာက္ ကုလသမဂၢဗုဒၶေန႔အခမ္းအနားသို႔ ကမာၻ႔တစ္ဝွမ္းရွိ ႏိုင္ငံေပါင္း(၁၁၃)ႏိုင္ငံမွ ဗုဒၶဘာသာဝင္ကိုယ္စားလွယ္(၁၆ဝဝ)ေက်ာ္ႏွင့္ ဗီယက္နမ္ႏိုင္ငံ မွဗုဒၶဘာသာဝင္(၂ဝဝဝဝ)ေက်ာ္တို႔ ပါဝင္ဆင္ႏႊဲလ်က္ရွိၿပီး အဆိုပါ ကုလသမဂၢဗုဒၶေန႔အခမ္းအနားကို ေမ ၁၂ ရက္မွ ၁၄ ရက္ေန႔အထိ က်င္းပ ျပဳလုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၂
ဓါတ္ပုံ - ႏိုင္ငံေတာ္သမၼတ႐ုံး။