တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ဂျွန်းဗလီသို့ သွားရောက်ကာ သိန်းသုံးဆယ် သွားရောက်လှူဒါန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ဂျွန်းဗလီသို့ သွားရောက်ကာ သိန်းသုံးဆယ် သွားရောက်လှူဒါန်း

မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဒီကနေ့မနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၇ လမ်းနဲ့ ၂၈ လမ်းကြား၊ ၈၁ လမ်းနဲ့ ၈၂ လမ်းကြားက အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ဂျွန်းဗလီဆီ သွားရောက်ခဲ့ပါတယ်။

ဂျွန်းဗလီဝင်းထဲက အစ္စလာမ် ဘာသာရေးစာသင်ကျောင်းအတွင်း အခမ်းအနားနဲ့တကွ အလှူငွေလာရောက်ပေးအပ်တာလို့ သိရပြီး ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ကြည်း၊ ရေ၊ လေ ကိုယ်စားပြု အလှူငွေ ကျပ်သိန်းသုံးဆယ် အပါအဝင် ဆန်၊ ဆီ၊ ဆားနဲ့ အခြားသော လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းပေးအပ်သွားခဲ့တာပါလို့ တပ်မတော်အဆင့်မြင့်အရာရှိကြီးတစ်ဦးက Opinion Leaders Media ကို ပြောပါတယ်။

အခမ်းအနားမှာ တက်ရောက်လာကြတဲ့ အလှူရှင်တစ်ချို့ကလည်း အလှူငွေတွေ ပေးအပ်သွားခဲ့တယ်လို့ သိရပါတယ်။

"အစ္စလာမ်ဘာသာဝင်များအတွက် အခုလိုလုပ်ဆောင်ပေးရတာ ကျွန်တော့အနေနဲ့ ဝမ်းသာကြောင်း ပြောလိုပါတယ်။ကျွန်တော်တို့တစ်တွေသည် မြန်မာနိုင်ငံမှာနေကြတဲ့ မြန်မာနိုင်ငံရဲ့ အရိပ်အာဝါသမှာ နေကြတဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့် စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ တရားဥပဒေနဲ့အညီပေါ့ဗျာ နေထိုင်ပြီးတော့မှ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်" လို့ အဆိုပါ အလှူငွေပေးအပ်ပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က ပြောသွားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မန္တလေးမြို့ကို ယမန်နေ့ကတည်းက ရောက်ရှိနေတာလို့ သိရပြီး ဒီကနေ့ မနက်အစောပိုင်းကစလို့ မစိုးရိမ် တိုက်သစ်နဲ့ တိုက်ဟောင်းတို့က ဆရာတော် သံဃာတော်တွေကိုလည်း ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းတွေ လှူဒါန်းခဲ့သေးသလို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုအတွက်လည်း သွားရောက်လှူဒါန်းခဲ့သေးတယ်လို့လည်း သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြီးတော့လည်း ညနေပိုင်းမှာ မန္တလေးမြို့ရဲ့ အထင်ကရ ဘုန်းတော်ကြီးကျောင်းတိုက် တစ်ချို့ဆီ သွားရောက်လှူဒါန်းဖို့ ရှိတယ်လို့ သိရပါတယ်။

KT
မန္တလေး၊ စက်တင်ဘာ - ၁၁

( Zawgyi )

မႏၲေလးၿမိဳ႕မွာ ေရာက္ရွိေနတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟာ ဒီကေန႔မနက္ပိုင္းက မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ၂၇ လမ္းနဲ႔ ၂၈ လမ္းၾကား၊ ၈၁ လမ္းနဲ႔ ၈၂ လမ္းၾကားက အစၥလာမ္ဘာသာဝင္တို႔ရဲ႕ အထြဋ္အျမတ္ ဂြၽန္းဗလီဆီ သြားေရာက္ခဲ့ပါတယ္။

ဂြၽန္းဗလီဝင္းထဲက အစၥလာမ္ ဘာသာေရးစာသင္ေက်ာင္းအတြင္း အခမ္းအနားနဲ႔တကြ အလႉေငြလာေရာက္ေပးအပ္တာလို႔ သိရၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ ကိုယ္စားျပဳ အလႉေငြ က်ပ္သိန္းသုံးဆယ္ အပါအဝင္ ဆန္၊ ဆီ၊ ဆားနဲ႔ အျခားေသာ လူသုံးကုန္ပစၥည္းေတြ လႉဒါန္းေပးအပ္သြားခဲ့တာပါလို႔ တပ္မေတာ္အဆင့္ျမင့္အရာရွိႀကီးတစ္ဦးက Opinion Leaders Media ကို ေျပာပါတယ္။

အခမ္းအနားမွာ တက္ေရာက္လာၾကတဲ့ အလႉရွင္တစ္ခ်ိဳ႕ကလည္း အလႉေငြေတြ ေပးအပ္သြားခဲ့တယ္လို႔ သိရပါတယ္။

"အစၥလာမ္ဘာသာဝင္မ်ားအတြက္ အခုလိုလုပ္ေဆာင္ေပးရတာ ကြၽန္ေတာ့အေနနဲ႔ ဝမ္းသာေၾကာင္း ေျပာလိုပါတယ္။ကြၽန္ေတာ္တို႔တစ္ေတြသည္ ျမန္မာႏိုင္ငံမွာေနၾကတဲ့ ျမန္မာႏိုင္ငံရဲ႕ အရိပ္အာဝါသမွာ ေနၾကတဲ့လူေတြ ျဖစ္တဲ့အတြက္ေၾကာင့္ စည္းစည္းလုံးလုံးနဲ႔ ညီညီၫြတ္ၫြတ္နဲ႔ တရားဥပေဒနဲ႔အညီေပါ့ဗ်ာ ေနထိုင္ၿပီးေတာ့မွ တိုင္းျပည္ရဲ႕ တိုးတက္ရာ တိုးတက္ေၾကာင္းကို လုပ္ေဆာင္ေပးၾကဖို႔ တိုက္တြန္းခ်င္ပါတယ္" လို႔ အဆိုပါ အလႉေငြေပးအပ္ပြဲမွာ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာသြားခဲ့ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မႏၲေလးၿမိဳ႕ကို ယမန္ေန႔ကတည္းက ေရာက္ရွိေနတာလို႔ သိရၿပီး ဒီကေန႔ မနက္အေစာပိုင္းကစလို႔ မစိုးရိမ္ တိုက္သစ္နဲ႔ တိုက္ေဟာင္းတို႔က ဆရာေတာ္ သံဃာေတာ္ေတြကိုလည္း ဆြမ္းဆက္ကပ္ၿပီး လႉဖြယ္ဝတၳဳပစၥည္းေတြ လႉဒါန္းခဲ့ေသးသလို ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းတစ္ခုအတြက္လည္း သြားေရာက္လႉဒါန္းခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ၿပီးေတာ့လည္း ညေနပိုင္းမွာ မႏၲေလးၿမိဳ႕ရဲ႕ အထင္ကရ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္ တစ္ခ်ိဳ႕ဆီ သြားေရာက္လႉဒါန္းဖို႔ ရွိတယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ စက္တင္ဘာ - ၁၁