တပ်မတော်၏ ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်များကို အမေရိကန်မှ ပိတ်ဆို့အရေးယူမှုအပေါ်ကန့်ကွက် ဆန္ဒပြ

တပ်မတော်၏ ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်များကို အမေရိကန်မှ ပိတ်ဆို့အရေးယူမှုအပေါ်ကန့်ကွက် ဆန္ဒပြ

 မြန်မာ့တပ်မတော် ထိပ်ပိုင်းအရာရှိများကို အမေရိကန်နိုင်ငံမှ  အရေးယူပိတ်ဆို့မှုအပေါ် ကန့်ကွက် ဆန္ဒပြမှုတစ်ရပ်  သြဂုတ်လ ၃ ရက်၊ မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီ ဆန္ဒပြသူတွေက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊   ရေခဲဆိုင်ကားမှတ်တိုင်မှ ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ၊ ယာဉ်ရပ်နားကွင်းနေရာထိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး  ကြွေးကြော်သံတွေ နဲ့အတူ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြတာပါ။

မဟာဗန္ဓုလပန်းခြံ၊ ယာဉ်ရပ်နားကွင်းနေရာ ရောက်ရှိတဲ့ အချိန်မှာတော့  မြန်မာ့တပ်မတော် ထိပ်ပိုင်း အရာရှိတွေကို အမေရိကန်နိုင်ငံမှ  အရေးယူပိတ်ဆို့မှုအပေါ် ကန့်ကွက်ကြောင်းဦးလှဆွေ(ဘူးလက်)၊ ဦးနေလင်း (အမတ်ဒိန်)တို့က ဟောပြောခဲ့ကြပါတယ်။   
 
ရဲနိုင်(လောက်ကိုင်)                                                   
ရန်ကုန်၊သြဂုတ် ၃

(  Zawgyi  )



 
ရဲနိုင်(လောက်ကိုင်)                                                   
ရန်ကုန်၊သြဂုတ် ၃