တရားရင်ဆိုင်ရင်း ငွေကြေးမတတ်နိုင်သဖြင့် အခက်အခဲဖြစ်နေကြသူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က အခမဲ့ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆို

တရားရင်ဆိုင်ရင်း ငွေကြေးမတတ်နိုင်သဖြင့် အခက်အခဲဖြစ်နေကြသူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က အခမဲ့ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆို

ဒေသတွင်းမှာ အဂတိတရားကင်းစင်တဲ့ နေရာတွေဖြစ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဟာ အခုအခါမှာတော့ ဒေသတွင်းက ဆင်းရဲသားအုပ်စုတွေနဲ့ တရားဥပဒေဆိုင်ရာမှာ ငွေကြေးမတတ်နိုင်လို့ အခက်အခဲဖြစ်နေကြသူတွေကို စတင်ကူညီမှုတွေ ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

"အမှုအခင်းနဲ့ ပတ်သက်ပြီး မလိုက်နိုင်သူတွေရှိတယ်၊ အောက်ခြေက ဆင်းရဲသားတွေ တရားဥပဒေနဲ့ အလှမ်းဝေးတဲ့ လူတန်းစားတွေကို ကူညီပေးသွားမှာပါ၊ သူတို့ရဲ့ အခက်အခဲတွေကို လျစ်လျူရှုတာမျိုး မဖြစ်စေရအောင် ကျွန်တော်တို့က ကူညီပေးသွားမှာပါ၊ အခမဲ့ကူညီပေးသွားမှာပါ" လို့ မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဦး က Opinion Leaders Media ကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အပါအဝင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွေနဲ့ ခရိုင်အတွင်းက တရားဥပဒေဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေနှင့် တွေ့ဆုံပွဲအပြီး ၎င်းကပြောတာပါ။

ဆင်းရဲသားအုပ်စုတွေနဲ့ တရားဥပဒေဆိုင်ရာမှာ ငွေကြေးမတတ်နိုင်လို့ အခက်အခဲဖြစ်နေကြသူတွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အမှုတည်ဆောက်ဆဲကာလမှာ ကြုံတွေ့လာရနိုင်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဒီအဖွဲ့ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

"အောက်ခြေမှာရှိတဲ့ ဆင်းရဲသားတွေ၊ တရားဥပဒေနဲ့ ပတ်သက်ပြီး ဝေးကွာတဲ့ လူတန်းစားတွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အမှုတည်ဆောက်ဆဲ ကာလမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ကျွန်တော်တို့အဖွဲ့ကိုဖြစ်စေ သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကိုဖြစ်စေ အချိန်မရွေး ဖုန်းဆက်အကူအညီ တောင်းခံနိုင်ပါတယ်၊ အခက်အခဲတွေကို အခမဲ့အကူအညီပေးသွားမှာပါ၊ နောက်တစ်ခုက ဥပဒေအရ ကန့်သတ်ထားတာလေးတစ်ခု ပြောချင်ပါတယ်၊ အခကြေးငွေ မတတ်နိုင်တဲ့သူအပေါ်ကနေ ငွေကြေးယူတယ်ဆိုရင် အဂတိတရားမကင်းပါဘူး ဆိုတာလေး သိထားကြစေလိုတယ်" လို့လည်း ၎င်းက ဆက်ပြောပါတယ်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေဆိုတာ ရှိတာကြောင့် အဲဒီဥပဒေအရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ရပ်လည်းဖြစ်ပြီး အဓိကအနေနဲ့ကတော့ တရားဥပဒေနဲ့ ပတ်သက်ပြီး ဝေးကွာလွန်းလှတဲ့ လူတန်းစားတွေအတွက် ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့က ဘယ်လိုအဖွဲ့လည်းဆိုတော့ ဥပဒေထဲမှာတော့ရှိတယ် ဒါပေမယ့် ရှိမှန်းမသိဘူးဖြစ်နေတဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို လူတွေသိအောင် မျက်စိဖွင့် နားဖွင့်ပေးမယ့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်လို့ မန္တလေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေနဲ့ မြို့နယ် ၇ ခုရဲ့ ဆောင်ရွက်မှုတွေကို လစဉ် နှစ်စဉ် တင်ပြချက်တွေကို စောင့်ကြည့်လျက်ရှိပြီး တရားရေး ဥပဒေအရာရှိ ရဲအရာရှိ အကျဉ်းဦးစီးဌာနတွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဇွန် - ၁၀

( Zawgyi )

ေဒသတြင္းမွာ အဂတိတရားကင္းစင္တဲ့ ေနရာေတြျဖစ္လာေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဖြဲ႕စည္းခဲ့တဲ့ မႏၲေလးခ႐ိုင္ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ဟာ အခုအခါမွာေတာ့ ေဒသတြင္းက ဆင္းရဲသားအုပ္စုေတြနဲ႔ တရားဥပေဒဆိုင္ရာမွာ ေငြေၾကးမတတ္ႏိုင္လို႔ အခက္အခဲျဖစ္ေနၾကသူေတြကို စတင္ကူညီမႈေတြ ေပးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

"အမႈအခင္းနဲ႔ ပတ္သက္ၿပီး မလိုက္ႏိုင္သူေတြရွိတယ္၊ ေအာက္ေျခက ဆင္းရဲသားေတြ တရားဥပေဒနဲ႔ အလွမ္းေဝးတဲ့ လူတန္းစားေတြကို ကူညီေပးသြားမွာပါ၊ သူတို႔ရဲ႕ အခက္အခဲေတြကို လ်စ္လ်ဴရႈတာမ်ိဳး မျဖစ္ေစရေအာင္ ကြၽန္ေတာ္တို႔က ကူညီေပးသြားမွာပါ၊ အခမဲ့ကူညီေပးသြားမွာပါ" လို႔ မႏၲေလးခ႐ိုင္ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေန ဦးေမာင္ေမာင္ဦး က Opinion Leaders Media ကို ေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမမွာ ဒီကေန႔ျပဳလုပ္တဲ့ မႏၲေလးခ႐ိုင္ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ အပါအဝင္ ၿမိဳ႕နယ္ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ေတြနဲ႔ ခ႐ိုင္အတြင္းက တရားဥပေဒဆိုင္ရာ တာဝန္ရွိအဖြဲ႕အစည္းေတြႏွင့္ ေတြ႕ဆုံပြဲအၿပီး ၎ကေျပာတာပါ။

ဆင္းရဲသားအုပ္စုေတြနဲ႔ တရားဥပေဒဆိုင္ရာမွာ ေငြေၾကးမတတ္ႏိုင္လို႔ အခက္အခဲျဖစ္ေနၾကသူေတြအေနနဲ႔ ရဲတပ္ဖြဲ႕ရဲ႕ အမႈတည္ေဆာက္ဆဲကာလမွာ ႀကဳံေတြ႕လာရႏိုင္တဲ့ ျပႆနာေတြနဲ႔ပတ္သက္ၿပီး ဒီအဖြဲ႕ကို ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္တယ္လို႔ သိရပါတယ္။

"ေအာက္ေျခမွာရွိတဲ့ ဆင္းရဲသားေတြ၊ တရားဥပေဒနဲ႔ ပတ္သက္ၿပီး ေဝးကြာတဲ့ လူတန္းစားေတြအေနနဲ႔ ရဲတပ္ဖြဲ႕ရဲ႕ အမႈတည္ေဆာက္ဆဲ ကာလမွာ ျဖစ္လာတဲ့ ျပႆနာေတြကို ကြၽန္ေတာ္တို႔အဖြဲ႕ကိုျဖစ္ေစ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းကိုျဖစ္ေစ အခ်ိန္မေ႐ြး ဖုန္းဆက္အကူအညီ ေတာင္းခံႏိုင္ပါတယ္၊ အခက္အခဲေတြကို အခမဲ့အကူအညီေပးသြားမွာပါ၊ ေနာက္တစ္ခုက ဥပေဒအရ ကန႔္သတ္ထားတာေလးတစ္ခု ေျပာခ်င္ပါတယ္၊ အခေၾကးေငြ မတတ္ႏိုင္တဲ့သူအေပၚကေန ေငြေၾကးယူတယ္ဆိုရင္ အဂတိတရားမကင္းပါဘူး ဆိုတာေလး သိထားၾကေစလိုတယ္" လို႔လည္း ၎က ဆက္ေျပာပါတယ္။

ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ဆိုတာက တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရး ဥပေဒဆိုတာ ရွိတာေၾကာင့္ အဲဒီဥပေဒအရ ေပၚေပါက္လာတဲ့ အဖြဲ႕အစည္းတစ္ရပ္လည္းျဖစ္ၿပီး အဓိကအေနနဲ႔ကေတာ့ တရားဥပေဒနဲ႔ ပတ္သက္ၿပီး ေဝးကြာလြန္းလွတဲ့ လူတန္းစားေတြအတြက္ ကူညီေပးႏိုင္ဖို႔ ဖြဲ႕စည္းထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီအဖြဲ႕က ဘယ္လိုအဖြဲ႕လည္းဆိုေတာ့ ဥပေဒထဲမွာေတာ့ရွိတယ္ ဒါေပမယ့္ ရွိမွန္းမသိဘူးျဖစ္ေနတဲ့ ဥပေဒဆိုင္ရာ အခြင့္အေရးေတြကို လူေတြသိေအာင္ မ်က္စိဖြင့္ နားဖြင့္ေပးမယ့္ အဖြဲ႕အစည္းတစ္ရပ္ ျဖစ္ပါတယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးထြန္းေအာင္ေက်ာ္ က ေျပာပါတယ္။

မႏၲေလးခ႐ိုင္ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕အေနနဲ႔ ၿမိဳ႕နယ္ ၇ ခုရဲ႕ ေဆာင္႐ြက္မႈေတြကို လစဥ္ ႏွစ္စဥ္ တင္ျပခ်က္ေတြကို ေစာင့္ၾကည့္လ်က္ရွိၿပီး တရားေရး ဥပေဒအရာရွိ ရဲအရာရွိ အက်ဥ္းဦးစီးဌာနေတြနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္ငန္းေတြကို ေဆာင္႐ြက္သြားမွာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ဇြန္ - ၁၀