တရုတ်ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တရုတ်သံအမတ်ကြီး နေအိမ်၌ ကျင်းပ

တရုတ်ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တရုတ်သံအမတ်ကြီး နေအိမ်၌ ကျင်းပ

တရုတ်ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၏ နေအိမ်တော်၌ စက်တင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

 
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါ်နွှဲ့ကလျာ (ခ) Ms. Li Xiaoyan က “ယနေ့ဟာ တရုတ်နိုင်ငံရဲ့ ဆရာ၊ ဆရာမများနေ့ဖြစ်ပါတယ်။ယနေ့မှာ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ အပါအဝင် တရုတ်နိုင်ငံမှ လာရောက်တဲ့ ဆရာ၊ ဆရာမများ၊ မြန်မာ ဆရာ၊ ဆရာမများက ကျမတို့နဲ့အတူ နေ့ထူးနေ့မြတ်ကို နွှဲပျော်ကြသည့်အတွက်ကြောင့် အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ယခုလို ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်းဟာ ဆရာ၊ ဆရာမများရဲ့ ကြိုးပမ်းဆောင်ရွက်ခြင်းကို လေးစားခြင်းကို ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ထို့အတူ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် ကလည်း ယခုအခမ်းအနားကို မြန်မာလူမျိုး ဆရာ၊ ဆရာမများကို ဖိတ်ကြားပြီး ယခုကဲ့သို့ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပပေးသည့်အတွက် အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယခုလို ဆရာများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ဆရာ၊ ဆရာမများကို ဂုဏ်ပြုလိုက်သည့်အတွက် မိမိအနေဖြင့် လေးစားမိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါ်နွှဲ့ကလျာ (ခ) Ms.Li Xiaoyan က အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမကြီးများကို ဂုဏ်ပြုပန်းစည်းများလည်း ပေးအပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဆရာများနေ့အဖြစ် နှစ်စဉ် စက်တင်ဘာလ ၁၀ ရက်ကို သတ်မှတ်ထားခြင်းဖြစ်ပြီး ဟိုးရှေးအခါတည်းက တရုတ်နိုင်ငံမှာ ဆရာကို ရိုသေခြင်း၊ ကန်တော့ခြင်းဆိုတဲ့ ရိုးရာအစဉ်အလာ ရှိခဲ့ကြောင်းနှင့် ဒီကနေ့ကျင်းပတဲ့ ဆရာများနေ့ ဂုဏ်ပြုပွဲအခမ်းအနားဟာ ဆရာတွေအပေါ်မှာ ထားရှိတဲ့ သံအမတ်ကြီးရဲ့ ရိုသေလေးစားမှုကို ဖော်ပြခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊စက်တင်ဘာ - ၁၁

( Zawgyi )

တ႐ုတ္ဆရာမ်ားေန႔အထိမ္းအမွတ္ ဂုဏ္ျပဳသည့္အေနျဖင့္ ညစာစားပြဲ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီး၏ ေနအိမ္ေတာ္၌ စက္တင္ဘာ ၁၀ ရက္ေန႔က က်င္းပခဲ့ၾကပါတယ္။

 
အဆိုပါအခမ္းအနားတြင္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးမွ သံမႉးႀကီး ေဒၚႏႊဲ႕ကလ်ာ (ခ) Ms. Li Xiaoyan က “ယေန႔ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ဆရာ၊ ဆရာမမ်ားေန႔ျဖစ္ပါတယ္။ယေန႔မွာ ရန္ကုန္ ႏိုင္ငံျခားဘာသာတကၠသိုလ္၊ ရန္ကုန္တကၠသိုလ္၊ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္တို႔မွ ဆရာ၊ ဆရာမမ်ား အပါအဝင္ တ႐ုတ္ႏိုင္ငံမွ လာေရာက္တဲ့ ဆရာ၊ ဆရာမမ်ား၊ ျမန္မာ ဆရာ၊ ဆရာမမ်ားက က်မတို႔နဲ႔အတူ ေန႔ထူးေန႔ျမတ္ကို ႏႊဲေပ်ာ္ၾကသည့္အတြက္ေၾကာင့္ အင္မတန္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္မိပါတယ္။ယခုလို ဂုဏ္ျပဳညစာစားပြဲ က်င္းပျခင္းဟာ ဆရာ၊ ဆရာမမ်ားရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္ျခင္းကို ေလးစားျခင္းကို ေဖာ္ေဆာင္ျခင္း ျဖစ္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

ထို႔အတူ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္႐ႊင္ ကလည္း ယခုအခမ္းအနားကို ျမန္မာလူမ်ိဳး ဆရာ၊ ဆရာမမ်ားကို ဖိတ္ၾကားၿပီး ယခုကဲ့သို႔ဂုဏ္ျပဳညစာစားပြဲ အခမ္းအနား က်င္းပေပးသည့္အတြက္ အထူးေက်းဇူးတင္ ဂုဏ္ယူဝမ္းေျမာက္မိေၾကာင္း၊ ယခုလို ဆရာမ်ား၏ အခန္းက႑ကို အသိအမွတ္ျပဳၿပီး ဆရာ၊ ဆရာမမ်ားကို ဂုဏ္ျပဳလိုက္သည့္အတြက္ မိမိအေနျဖင့္ ေလးစားမိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အခမ္းအနားတြင္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးမွ သံမႉးႀကီး ေဒၚႏႊဲ႕ကလ်ာ (ခ) Ms.Li Xiaoyan က အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ဆရာ၊ ဆရာမႀကီးမ်ားကို ဂုဏ္ျပဳပန္းစည္းမ်ားလည္း ေပးအပ္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက ဆရာမ်ားေန႔အျဖစ္ ႏွစ္စဥ္ စက္တင္ဘာလ ၁၀ ရက္ကို သတ္မွတ္ထားျခင္းျဖစ္ၿပီး ဟိုးေရွးအခါတည္းက တ႐ုတ္ႏိုင္ငံမွာ ဆရာကို ႐ိုေသျခင္း၊ ကန္ေတာ့ျခင္းဆိုတဲ့ ႐ိုးရာအစဥ္အလာ ရွိခဲ့ေၾကာင္းႏွင့္ ဒီကေန႔က်င္းပတဲ့ ဆရာမ်ားေန႔ ဂုဏ္ျပဳပြဲအခမ္းအနားဟာ ဆရာေတြအေပၚမွာ ထားရွိတဲ့ သံအမတ္ႀကီးရဲ႕ ႐ိုေသေလးစားမႈကို ေဖာ္ျပျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊စက္တင္ဘာ - ၁၁