တရုတ်နိုင်ငံနှင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု နှစ်လကျော် ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်သာရှိ

 တရုတ်နိုင်ငံနှ င့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း မှ ကုန်သွယ်မှု နှစ်လကျော် ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်သာရှိ

အိမ်နီးချင်း ၅ နိုင်ငံနှင့် ကုန်သွယ်သည့် ကုန်သွယ်ရေးစခန်း၁၇ ခုအနက် အဓိကကုန်သွယ်ရေး စခန်း ဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် နှစ်လ ကျော်ကာလ အတွင်း  အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်သာရှိပြီး ယခင်ကာလတူထက် ကန်ဒေါ်လာ သန်း ၃၅၀ ကျော် လျော့နည်းခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရ ပါတယ်။

    “ မကြာမီက ယူန်အစိုးရဘက်က မြန်မာဘက်ကနေ ဆနတန်ချိန် ငါးသောင်းငါးထောင်ဝယ်ဖို့ သဘော တူစာချုပ်ထိုးထားတာရှိတယ်။ပြီးတော့ ကုန်သည်အချင်းချင်း ဆန်တန်ချိန် တစ်သောင်းခွဲနဲ့ ပြောင်းတန်ချိန်တစ် သောင်းဝယ်ဖို့ လက်မှတ်ထိုးထားတာလဲ ရှိတယ်။ဒါတွေရှိနေတဲ့အတွက် လာမယ့် လတွေမှာ ကုန်သွယ်မှုက ပြန်တက်လာဖို့ ရှိနေပါတယ်။အခုကတော့ ဟိုဘက်က လုံခြုံရေး မတရားတင်းကျပ်ထားတော့ ငွေလိုတဲ့ သူတွေကတော့ တခြားဂယ်ပေါက်တွေကနေ စွန့်စွန့်စားစာချိတ်ပြီး သွင်ေးနတာတွေတော့ရှိတယ်” လို့ မူဆယ်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ဒီဇင်ဘာ ၇ ရက်အထိ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကုန်သွယ်မှုတွင် မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၃၉၇ ဒသမ ၅၆၆ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၂၉၂ဒသမ ၄၁၉ သန်းရှိပြီး စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၆၈၉ ဒသမ ၉၈၅ သန်းဖိုးကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။ ထိုပမာဏမှာ ပြီးခဲ့သည်ဘဏ္ဍာနှစ်ကာလတူအတွင်း ကုန်သွယ် မှုဖြစ်သည့် ကန်ဒေါ်လာ ၁၀၄၉ဒသမ ၃၇၇ သန်းထက် ကန်ဒေါ်လာ ၃၅၉ ဒသမ ၃၉၂ သန်း လျော့နည်းခဲ့ ကြောင်း သိရပါတယ်။

    တရုတ်နိုင်ငံမှ လုံခြုံရေးတင်းကျပ်ထားသဖြင့် ဘဏ္ဍာနှစ်သစ် ပထမနှစ်လအတွင်း မူဆယ် နယ်စပ်မှ ပို့ကုန်ကန်ဒေါ်လာသန်း ၃၀၀ ကျော် လျော့နည်းခဲ့ပြီး သွင်းကုန်တွင်မှု ယခင်ကာလတူထက် ကန်ဒေါ်လာ ၂၂ သန်းကျော် ပိုမိုတင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။

PWA
Photo Creit:hlaoo com 

( Zawgyi )

 အိမ္နီးခ်င္း ၅ ႏိုင္ငံႏွင့္ ကုန္သြယ္သည့္ ကုန္သြယ္ေရးစခန္း၁၇ ခုအနက္ အဓိကကုန္သြယ္ေရး စခန္း ျဖစ္သည့္ မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ တစ္ဆင့္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ရာတြင္ ႏွစ္လ ေက်ာ္ကာလ အတြင္း  အေမရိကန္ေဒၚလာ သန္း ၆၀၀ ေက်ာ္သာရွိၿပီး ယခင္ကာလတူထက္ ကန္ေဒၚလာ သန္း ၃၅၀ ေက်ာ္ ေလ်ာ့နည္းခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ကိန္းဂဏန္းအခ်က္အလက္မ်ားအရ သိရ ပါတယ္။

    “ မၾကာမီက ယူန္အစိုးရဘက္က ျမန္မာဘက္ကေန ဆနတန္ခ်ိန္ ငါးေသာင္းငါးေထာင္ဝယ္ဖို႔ သေဘာ တူစာခ်ဳပ္ထိုးထားတာရွိတယ္။ၿပီးေတာ့ ကုန္သည္အခ်င္းခ်င္း ဆန္တန္ခ်ိန္ တစ္ေသာင္းခြဲနဲ႔ ေျပာင္းတန္ခ်ိန္တစ္ ေသာင္းဝယ္ဖို႔ လက္မွတ္ထိုးထားတာလဲ ရွိတယ္။ဒါေတြရွိေနတဲ့အတြက္ လာမယ့္ လေတြမွာ ကုန္သြယ္မႈက ျပန္တက္လာဖို႔ ရွိေနပါတယ္။အခုကေတာ့ ဟိုဘက္က လုံၿခဳံေရး မတရားတင္းက်ပ္ထားေတာ့ ေငြလိုတဲ့ သူေတြကေတာ့ တျခားဂယ္ေပါက္ေတြကေန စြန႔္စြန႔္စားစာခ်ိတ္ၿပီး သြင္ေးနတာေတြေတာ့ရွိတယ္” လို႔ မူဆယ္အေျခစိုက္ လုပ္ငန္းရွင္တစ္ဦးက ဆိုပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ ဒီဇင္ဘာ ၇ ရက္အထိ နယ္စပ္ကုန္ သြယ္ေရးစခန္းမ်ားမွ ကုန္သြယ္မႈတြင္ မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၃၉၇ ဒသမ ၅၆၆ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၉၂ဒသမ ၄၁၉ သန္းရွိၿပီး စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၆၈၉ ဒသမ ၉၈၅ သန္းဖိုးကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။ ထိုပမာဏမွာ ၿပီးခဲ့သည္ဘ႑ာႏွစ္ကာလတူအတြင္း ကုန္သြယ္ မႈျဖစ္သည့္ ကန္ေဒၚလာ ၁၀၄၉ဒသမ ၃၇၇ သန္းထက္ ကန္ေဒၚလာ ၃၅၉ ဒသမ ၃၉၂ သန္း ေလ်ာ့နည္းခဲ့ ေၾကာင္း သိရပါတယ္။

    တ႐ုတ္ႏိုင္ငံမွ လုံၿခဳံေရးတင္းက်ပ္ထားသျဖင့္ ဘ႑ာႏွစ္သစ္ ပထမႏွစ္လအတြင္း မူဆယ္ နယ္စပ္မွ ပို႔ကုန္ကန္ေဒၚလာသန္း ၃၀၀ ေက်ာ္ ေလ်ာ့နည္းခဲ့ၿပီး သြင္းကုန္တြင္မႈ ယခင္ကာလတူထက္ ကန္ေဒၚလာ ၂၂ သန္းေက်ာ္ ပိုမိုတင္သြင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

PWA
Photo Creit:hlaoo com