တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်းတစ်ရာကျော်ရှိကာ ဇူလိုင်လအတွင်း FDI ဝင်ရောက်မှု၏ သုံးပုံတစ်ပုံကျော် ရှိ

တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်းတစ်ရာကျော်ရှိကာ ဇူလိုင်လအတွင်း FDI ဝင်ရောက်မှု၏ သုံးပုံတစ်ပုံကျော် ရှိ

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံပေါင်း ၈ နိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း ၃၆၀ ကျော် ရှိရာတွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမှာ ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း သြဂုတ်လ စတုတ္ထအပတ်က ထုတ်ပြန်ခဲ့သည့် DICA ၏ Yearly Approved Amount of Foreign Investment (By Country) စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည့် Yearly Approved Amount of Foreign Investment (By Country) စာရင်းအရ ဇူလိုင်လအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း လုပ်ငန်းစီမံချက် ၁၃ ခုအတွက် အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၈၅ သန်း လာရောက်ရင်းနှီ်းမြုပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအချက်အလက်များအရ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ ဇွန်နှင့် ဇူလိုင်တွင် ပြန်တက်လာခြင်းဖြစ်ပါတယ်။ယခုဘဏ္ဍာနှစ်အတွင်း တရုတ်ဘက်မှ လာရောက်ရင်းနှီးမြုပ်နှံမှုပမာဏမှာ ဆယ်လတာ ကာလအတွင်း ကန်ဒေါ်လာ ၅၅၈ ဒသမ ၂၆၀ သန်းရှိခဲ့ကြောင်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ် ကာလအတွင်း တရုတ်ဘက်မှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာ ဇွန်လတတိယအပတ်က ထုတ်ပြန်ခဲ့သည့် DICA ၏ Yearly Approved Amount of Foreign Investment(By Country) စာရင်းအရ အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂ ဒသမ ၀၈၃ သန်း၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၅၁ ဒသမ ၉၁၈ သန်း၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၅၁ ဒသမ ၉၁၈ သန်းနှင့် ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၁၈ ဒသမ ၆၀၄ သန်း၊ ဖေဖေါ်ဝါရီလတွင် ကန်ဒေါ်လာ ၆ ဒသမ ၀၅၂ သန်း၊ မတ်လတွင် ကန်ဒေါ်လာ ၈၄ ဒသမ ၈၂၄ သန်း၊ ဧပြီလတွင် ကန်ဒေါ် လာ ၅၂ ဒသမ ၅၆၅ သန်း၊ မေလတွင်  ကန်ဒေါ်လာ ၂၇ ဒသမ ၅၈၈ သန်းရှိပြီး ဇွန်လနှင့် ဇူလိုင်လတွင် နှစ်လဆက်တိုက် ကန်ဒေါ်လာ ၁၁၄ ဒသမ ၁၂၈ သန်းနှင့် ကန်ဒေါ်လာ ၁၂၀ ဒသမ ၈၅ သန်း အသီးသီးဖြင့် သန်းတစ်ရာကျော်ဆီ ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာ အရပ်သားအစိုးရ စတင်တာဝန်ယူသည့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၂၃ ဒသမ ၈၅၃ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၅၉၁ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၉၅ ဒသမ ၂၁၉ သန်း အသီးသီးနှင့် ၂၀၁၈ ကာလတို ဘတ်ဂျက်ကာလတွင် ကန်ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်း တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြုပ်နှံခဲ့ရာ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော် (အမေရိကန် ဒေါ်လာ၂၀၈၀၁ ဒသမ ၀၇၇ သန်း) ရှိပြီး ထိုပမာဏမှာ လာရောက်ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ၄၉ နိုင်ငံထဲ ဒုတိယအများဆုံးဖြစ်ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ်- ၂၉

( Zawgyi )

ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း ျမန္မာႏိုင္ငံသို႔ ျပည္ပႏိုင္ငံေပါင္း ၈ ႏိုင္ငံမွာ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ ကန္ေဒၚလာ သန္း ၃၆၀ ေက်ာ္ ရွိရာတြင္ တ႐ုတ္ႏိုင္ငံ တစ္ႏိုင္ငံတည္းမွာ ရင္းႏွီးျမဳပ္ႏွံမႈ ကန္ေဒၚလာ သန္း ၁၂၀ ေက်ာ္ ရွိခဲ့ေၾကာင္း ၾသဂုတ္လ စတုတၳအပတ္က ထုတ္ျပန္ခဲ့သည့္ DICA ၏ Yearly Approved Amount of Foreign Investment (By Country) စာရင္းအရ သိရပါတယ္။

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA) က ထုတ္ျပန္သည့္ Yearly Approved Amount of Foreign Investment (By Country) စာရင္းအရ ဇူလိုင္လအတြင္း တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံအတြင္း လုပ္ငန္းစီမံခ်က္ ၁၃ ခုအတြက္ အေမရိကန္ေဒၚလာ ၁၂၀ ဒသမ ၈၅ သန္း လာေရာက္ရင္းႏွီ္းျမဳပ္ႏွံခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါအခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏမွာ ဇြန္ႏွင့္ ဇူလိုင္တြင္ ျပန္တက္လာျခင္းျဖစ္ပါတယ္။ယခုဘ႑ာႏွစ္အတြင္း တ႐ုတ္ဘက္မွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈပမာဏမွာ ဆယ္လတာ ကာလအတြင္း ကန္ေဒၚလာ ၅၅၈ ဒသမ ၂၆၀ သန္းရွိခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္သစ္ ကာလအတြင္း တ႐ုတ္ဘက္မွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈမွာ ဇြန္လတတိယအပတ္က ထုတ္ျပန္ခဲ့သည့္ DICA ၏ Yearly Approved Amount of Foreign Investment(By Country) စာရင္းအရ ေအာက္တိုဘာလတြင္ ကန္ေဒၚလာ ၂ ဒသမ ၀၈၃ သန္း၊ ႏိုဝင္ဘာလတြင္ ကန္ေဒၚလာ ၅၁ ဒသမ ၉၁၈ သန္း၊ ဒီဇင္ဘာလတြင္ ကန္ေဒၚလာ ၅၁ ဒသမ ၉၁၈ သန္းႏွင့္ ဇန္နဝါရီလတြင္ ကန္ေဒၚလာ ၁၈ ဒသမ ၆၀၄ သန္း၊ ေဖေဖၚဝါရီလတြင္ ကန္ေဒၚလာ ၆ ဒသမ ၀၅၂ သန္း၊ မတ္လတြင္ ကန္ေဒၚလာ ၈၄ ဒသမ ၈၂၄ သန္း၊ ဧၿပီလတြင္ ကန္ေဒၚ လာ ၅၂ ဒသမ ၅၆၅ သန္း၊ ေမလတြင္  ကန္ေဒၚလာ ၂၇ ဒသမ ၅၈၈ သန္းရွိၿပီး ဇြန္လႏွင့္ ဇူလိုင္လတြင္ ႏွစ္လဆက္တိုက္ ကန္ေဒၚလာ ၁၁၄ ဒသမ ၁၂၈ သန္းႏွင့္ ကန္ေဒၚလာ ၁၂၀ ဒသမ ၈၅ သန္း အသီးသီးျဖင့္ သန္းတစ္ရာေက်ာ္ဆီ ျပန္လည္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA) ၏ ထုတ္ျပန္ခ်က္အရ တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈမွာ အရပ္သားအစိုးရ စတင္တာဝန္ယူသည့္၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၃၃၂၃ ဒသမ ၈၅၃ သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၂ ဒသမ ၅၉၁ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၃၉၅ ဒသမ ၂၁၉ သန္း အသီးသီးႏွင့္ ၂၀၁၈ ကာလတို ဘတ္ဂ်က္ကာလတြင္ ကန္ေဒၚလာ ၁၇၆၄ ဒသမ ၇၀၁ သန္း တ႐ုတ္ႏိုင္ငံက လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ရာ လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ ဘီလ်ံ ၂၀ ေက်ာ္ (အေမရိကန္ ေဒၚလာ၂၀၈၀၁ ဒသမ ၀၇၇ သန္း) ရွိၿပီး ထိုပမာဏမွာ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ႏိုင္ငံ ၄၉ ႏိုင္ငံထဲ ဒုတိယအမ်ားဆုံးျဖစ္ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္- ၂၉