တရုတ်သို့ရောင်းချသည့် ငါးဖိုးငွေ သိန်း လေးရာကျော်ကို ထုတ်ပေးခြင်းမရှိဘဲ တိမ်းရှောင်နေသူကို အမှုဖွင့်

တရုတ်သို့ရောင်းချသည့် ငါးဖိုးငွေ သိန်း လေးရာကျော်ကို ထုတ်ပေးခြင်းမရှိဘဲ တိမ်းရှောင်နေသူကို အမှုဖွင့်

ငါးဝယ်ရောင်းလုပ်သူတစ်ဦး၏ တရုတ်ပြည်သို့တင်ပို့ရောင်းချခဲ့သည့် ငွေကို မထုတ်ပေးဘဲတိမ်းရှောင်နေ သည့် အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားတယ်လို့ ရဲဇာနည် သတင်း စာမျက်နှာက ယနေ့ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်ပွားပုံမှာ ကြည့်မြင်စံပြငါးဈေးမှ ငါးများဝယ်ယူကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့်ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဒေါ်ထက်ထက်(ခ)ဒေါ်ရီရီသန်း(၄၄)နှစ်သည် တာမွေ မြို့နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်နေ ဒေါ်အေးမင်းထွန်း(၄၂)နှစ် (ရွှေချန့်ပြည်ပငွေလွှဲ/ ငွေပို့ကုမ္ပဏီ) စာရင်းကိုင်နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း၊ ငါးများအား တရုတ်နိုင်ငံသို့ပို့၍ တရုတ်နိုင်ငံမှ ငါးဖိုးငွေ ပြန်ရှင်းသည့်အခါ ဒေါ်ထက်ထက်(ခ)ဒေါ်ရီရီသန်းနှင့် မတ်တော်ဦးနေဝင်း(ခ) ဟုမ်ဝမ်း(၃၈)နှစ် တို့(၂)ဦးမှာ ဒေါ်အေးမင်းထွန်းထံမှ ငွေများအား သွားရောက်ထုတ်ယူလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံမှ ငါးဖိုးငွေလွှဲလိုက်သော မြန်မာငွေ(၄၃,၀၈၁,၂၈၆) ကျပ် အား သွားရောက်ထုတ်ယူစဉ် ဒေါ်အေးမင်းထွန်းမှ ငါးဖိုးငွေလွှဲရောက်ရှိကြောင်းပြောဆိုပြီး ငွေများ အား အကြိမ်ကြိမ်သွားရောက်တောင်းခံသော်လည်း ထုတ်ပေးခြင်းမရှိဘဲ တိမ်းရှောင်နေခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ ငါးဖိုးငွေ သိန်ေးလးရာကျော်ကို မထုတ်ပေးဘဲ တိမ်းရှောင်နေသဖြင့် ယုံကြည်စွာ အပ်နှံထား သည့် ငွေများအလွဲသုံးစားပြုလုပ်သူ ဒေါ်အေးမင်းထွန်းအား အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ တာမွေမြို့မရဲစခန်း(ပ)၁၀၉၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

KZ
နေပြည်တော်၊ ဇူလိုင် ၆
Photo Credit:Backyard Travel

(  Zawgyi  )

 ငါးဝယ္ေရာင္းလုပ္သူတစ္ဦး၏ တ႐ုတ္ျပည္သို႔တင္ပို႔ေရာင္းခ်ခဲ့သည့္ ေငြကို မထုတ္ေပးဘဲတိမ္းေရွာင္ေန သည့္ အမ်ိဳးသမီးတစ္ဦးကို သက္ဆိုင္ရာက အမႈဖြင့္အေရးယူထားတယ္လို႔ ရဲဇာနည္ သတင္း စာမ်က္ႏွာက ယေန႔ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္ပြားပုံမွာ ၾကည့္ျမင္စံျပငါးေဈးမွ ငါးမ်ားဝယ္ယူကာ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ေနသည့္ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္ေန ေဒၚထက္ထက္(ခ)ေဒၚရီရီသန္း(၄၄)ႏွစ္သည္ တာေမြ ၿမိဳ႕နယ္၊ ပုဏၰားကုန္းရပ္ကြက္ေန ေဒၚေအးမင္းထြန္း(၄၂)ႏွစ္ (ေ႐ႊခ်န႔္ျပည္ပေငြလႊဲ/ ေငြပို႔ကုမၸဏီ) စာရင္းကိုင္ႏွင့္ ပူးေပါင္းလုပ္ကိုင္ခဲ့ေၾကာင္း၊ ငါးမ်ားအား တ႐ုတ္ႏိုင္ငံသို႔ပို႔၍ တ႐ုတ္ႏိုင္ငံမွ ငါးဖိုးေငြ ျပန္ရွင္းသည့္အခါ ေဒၚထက္ထက္(ခ)ေဒၚရီရီသန္းႏွင့္ မတ္ေတာ္ဦးေနဝင္း(ခ) ဟုမ္ဝမ္း(၃၈)ႏွစ္ တို႔(၂)ဦးမွာ ေဒၚေအးမင္းထြန္းထံမွ ေငြမ်ားအား သြားေရာက္ထုတ္ယူလ်က္ရွိရာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၆ ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံမွ ငါးဖိုးေငြလႊဲလိုက္ေသာ ျမန္မာေငြ(၄၃,၀၈၁,၂၈၆) က်ပ္ အား သြားေရာက္ထုတ္ယူစဥ္ ေဒၚေအးမင္းထြန္းမွ ငါးဖိုးေငြလႊဲေရာက္ရွိေၾကာင္းေျပာဆိုၿပီး ေငြမ်ား အား အႀကိမ္ႀကိမ္သြားေရာက္ေတာင္းခံေသာ္လည္း ထုတ္ေပးျခင္းမရွိဘဲ တိမ္းေရွာင္ေနခဲ့တယ္လို႔ ဆိုပါတယ္။

ထိုသို႔ ငါးဖိုးေငြ သိန္ေးလးရာေက်ာ္ကို မထုတ္ေပးဘဲ တိမ္းေရွာင္ေနသျဖင့္ ယုံၾကည္စြာ အပ္ႏွံထား သည့္ ေငြမ်ားအလြဲသုံးစားျပဳလုပ္သူ ေဒၚေအးမင္းထြန္းအား အေရးယူေပးပါရန္ တိုင္တန္းခဲ့ရာ တာေမြၿမိဳ႕မရဲစခန္း(ပ)၁၀၉၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၀၉ ျဖင့္ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

KZ
ေနျပည္ေတာ္၊ ဇူလိုင္ ၆
Photo Credit:Backyard Travel