တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် အရေးကြီးသော ကဏ္ဍတစ်ခုမှာရှိနေ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် အရေးကြီးသော ကဏ္ဍတစ်ခုမှာရှိနေ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည်အရေးကြီးသော ကဏ္ဍတစ်ခုမှာရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို မေ ၂၁ ရက်က အမျိုးသားကဇာတ်ရုံမှာပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံအကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစတင်သည့် အထိမ်းအမှတ်အခမ်းအနားမှာ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။“တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် တည်ဆောက်ခဲ့သည့် အထိမ်းအမှတ် အမျိုးသားကဇာတ်ရုံကို ပြန်လည် ပြင်ဆင် မွမ်းမံဖို့အတွက် ဖြစ်ပါတယ်။ယခုလို ပြန်လည်မွမ်းမံနိုင်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို များစွာ အထောက်အကူဖြစ်လိမ့်မည်လို့မိမိအနေဖြင့် ယုံကြည်ပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်နှီးမှုသည်အရေးကြီးသော ကဏ္ဍတစ်ခုမှာရှိနေပါတယ်။လာမည့်နှစ်မှာလည်း တရုတ်-မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် နှစ်(၇၀)ပြည့်မြောက်ပြီ ဖြစ်ပါတယ်။သံတမန်ဆက်ဆံရေး အကြိုကာလမှာအမျိုးသားဇာတ်ရုံကြီးကို ယခုလို ပြင်ဆင်ခွင့်ရသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်သံရုံးတို့၏ ကြိုးပမ်းဆောင်ရွက်မှု များ ကိုကျေးဇူးတင်ပါတယ်။” လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသားဇာတ်ရုံကြီး ပြန်လည် တိုးတက်ကောင်းမွန်လာပြီး ပြည်သူလူထုအား ဖျော်ဖြေနိုင်သည့် ဇာတ်ရုံကြီးအဖြစ်သာမက တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု အတွက်လည်း သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မျှော်လင့်ပါကြောင်းကိုလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ပါသေးတယ်။

ယင်းအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr.Hong Liang နှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၂၂
ဓါတ်ပုံ - ရန်ကုန်တိုင်းအစိုးရအဖွဲ့။

(  Zawgyi  )

 တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈသည္အေရးႀကီးေသာ က႑တစ္ခုမွာရွိေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ေမ ၂၁ ရက္က အမ်ိဳးသားကဇာတ္႐ုံမွာျပဳလုပ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံအကူအညီျဖင့္ အမ်ိဳးသားဇာတ္႐ုံ(ရန္ကုန္)ျပဳျပင္မြမ္းမံျခင္း လုပ္ငန္းစတင္သည့္ အထိမ္းအမွတ္အခမ္းအနားမွာ ဝန္ႀကီးခ်ဳပ္က အထက္ပါအတိုင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။“တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈအတြက္ တည္ေဆာက္ခဲ့သည့္ အထိမ္းအမွတ္ အမ်ိဳးသားကဇာတ္႐ုံကို ျပန္လည္ ျပင္ဆင္ မြမ္းမံဖို႔အတြက္ ျဖစ္ပါတယ္။ယခုလို ျပန္လည္မြမ္းမံႏိုင္ျခင္းသည္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈကို မ်ားစြာ အေထာက္အကူျဖစ္လိမ့္မည္လို႔မိမိအေနျဖင့္ ယုံၾကည္ပါတယ္။

တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္ႏွီးမႈသည္အေရးႀကီးေသာ က႑တစ္ခုမွာရွိေနပါတယ္။လာမည့္ႏွစ္မွာလည္း တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံအၾကား သံတမန္ဆက္ဆံေရးသည္ ႏွစ္(၇၀)ျပည့္ေျမာက္ၿပီ ျဖစ္ပါတယ္။သံတမန္ဆက္ဆံေရး အႀကိဳကာလမွာအမ်ိဳးသားဇာတ္႐ုံႀကီးကို ယခုလို ျပင္ဆင္ခြင့္ရသည့္အတြက္ ျပည္ေထာင္စုဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္သံ႐ုံးတို႔၏ ႀကိဳးပမ္းေဆာင္႐ြက္မႈ မ်ား ကိုေက်းဇူးတင္ပါတယ္။” လို႔ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ရန္ကုန္တိုင္းေဒသႀကီးတြင္ အမ်ိဳးသားဇာတ္႐ုံႀကီး ျပန္လည္ တိုးတက္ေကာင္းမြန္လာၿပီး ျပည္သူလူထုအား ေဖ်ာ္ေျဖႏိုင္သည့္ ဇာတ္႐ုံႀကီးအျဖစ္သာမက တ႐ုတ္-ျမန္မာခ်စ္ၾကည္ရင္းႏွီးမႈ အတြက္လည္း သမိုင္းမွတ္တိုင္တစ္ခုအေနျဖင့္ ေမွ်ာ္လင့္ပါေၾကာင္းကိုလည္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေျပာၾကားခဲ့ပါေသးတယ္။

ယင္းအခမ္းအနားသို႔ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးၾကည္မင္း၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး H.E Mr.Hong Liang ႏွင့္ တာဝန္ရွိသူမ်ား၊ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၂၂
ဓါတ္ပုံ - ရန္ကုန္တိုင္းအစိုးရအဖြဲ႕။