တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင်အရေအတွက် လေးသောင်းကျော်အထိရှိလာဟု ဆို

တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင်အရေအတွက် လေးသောင်းကျော်အထိရှိလာဟု ဆို
 

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲတွေကြောင့် လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်အရေအတွက်ဟာ လေးသောင်းကျော် အထိရှိလာတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းအောင်ကျော် ကပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ဘေးရှောင်ပြည်သူလူထုတွေအတွက် စားနိပ်ရိက္ခာနှင့်သောက်သုံးရေမှာ အဓိကလိုအပ်နေပြီး ပြည်နယ်အတွင်းဖြစ်ပွား လျက်ရှိတဲ့တိုက်ပွဲများကြောင့် ယခုနှစ်မိုးရာသီတွင် ဒေသခံများအနေုဖြင့် လယ်ယာထွန်ယက်စိုက်ပျိုးခြင်းတွေကို မလုပ်ဆောင်နိုင်သေးသည့် အတွက်လည်း လာမည့်ကာလများတွင် စားနိပ်ရိက္ခာအတွက် အခက်အခဲရှိလာနိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။

“ပြည်နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်တာကတော့ဖြစ်နေတာပါပဲ။ဘူးသီးတောင်ဘက်တွေမှာလည်းဖြစ်တယ်။ယ်။ကျောက်တော် မြောက်ဦးမြို့နယ် ကစိတ်ချလို့ရတဲ့အခြေအနေမဟုတ်ဘူးပေါ့လေ။ နှစ်ဖက်တွေ့ရင်တော့ တိုက်ကြမှာပါပဲ အဲ့အခြေအနေပါ ဒါကိုတော့ပြောလို့မရဘူးပေါ့။လက်ရှိ စစ်ဘေးရှောင်လာသူအရေအတွက်က ပြည်နယ်အတွင်းမှာ လေးသောင်းကျော်သွားပါပြီ။အဓိက ကစားနပ်ရိက္ခာနဲ့ဆေးဝါး လိုအပ်မှု ရှိတယ်ပေါ့။နောက်ရေမသန့်တဲ့ အတွက် ဝမ်းရောဂါနဲ့ပတ်သက်ပြီးအခက်အခဲလေးတွေရှိပါတယ်။

နောက်တစ်ချက်က ရှိတဲ့စားနပ်ရိက္ခာတွေကလည်း ဖျက်ဆီးခံခဲ့ရပြီ လှောင်ထားတဲ့စပါးတွေလည်း စားနပ်ရိက္ခာအတွက် အားကိုးရလောက်တဲ့ အခြေအနေမဟုတ်ဘူး။ဒီအချိန်မှမထွန်ယက်နိုင်ရင်စပါးမပေါ်ရင်ဒုက္ခရောက်နို င်မယ့်အခြေအနေရှိတယ်ပေါ့လေ။နောက် နေရပ်စွန့်ခွာတဲ့ သူတွေအတွက်လည်း အခက်အခဲအမျိုးအမျိုးပေါ့လေ။ ကိုယ့်အိမ်ကိုယ်ရာမှာတောင် ကိုယ့်ရဲ့စားဝတ်နေရေး ကို ပင်ပင်ပန်းပန်းဖြည့်တင်းနေရတယ်။

အခုက ကိုယ့်အိမ် ကိုယ်ရာကိုယ်ပစ္စည်းတွေကိုပြစ်ထားပြီး စစ်ရှောင်စခန်းမှာ အားလုံးနေနေရတယ်ပေါ့။ အစိုးရကလည်း အလုံးစုံ အကူအညီ မပေးနိုင်ဘူး။အရပ်သားတွေအကူအညီပေးနေတယ်ဆိုတာကလည်း ဘယ်အတိုင်းအတာအထိအကူအညီပေးနိုင်မလဲပေါ့ အဲ့ဒါလေးတွေတော့ ရှိပါတယ်။”လို့ ဦးထွန်းအောင်ကျော်က ပြောကြားခဲ့ပါတယ်။

 ဒါ့အပြင် ၎င်းက တိုက်ပွဲတွေကိုရပ်တန့်သွားစေဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလုပ်ဆောင်ပေးဖို့လိုအပ်နေပြီး အားလုံးပြေလည်သွား ပါက စစ်ဘေးရှောင်လာတဲ့သူတွေကို ကိုယ့်ရပ်ကိုယ်ရွာတွင် ပြန်လည်နေရာချထားပေးဖို့ ကိစ္စရပ်တွေကိုလည်း ဆောင်ရွက်ပေးစေလိုတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 လတ်တလောမှာတော့ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ရခိုင်ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီများနှင့် လူမှုရေး အဖွဲ့အစည်းတွေက ကူညီထောက်ပံ့နေရတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဇူလိုင် ၁၀

(   Zawgyi  )

 ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားလ်က္ရွိတဲ့ တိုက္ပြဲေတြေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ စစ္ေဘးေရွာင္အေရအတြက္ဟာ ေလးေသာင္းေက်ာ္ အထိရွိလာတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ(ANP)ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဦးထြန္းေအာင္ေက်ာ္ ကေျပာပါတယ္။

လက္ရွိအခ်ိန္မွာ စစ္ေဘးေရွာင္ျပည္သူလူထုေတြအတြက္ စားနိပ္ရိကၡာႏွင့္ေသာက္သုံးေရမွာ အဓိကလိုအပ္ေနၿပီး ျပည္နယ္အတြင္းျဖစ္ပြား လ်က္ရွိတဲ့တိုက္ပြဲမ်ားေၾကာင့္ ယခုႏွစ္မိုးရာသီတြင္ ေဒသခံမ်ားအေနုျဖင့္ လယ္ယာထြန္ယက္စိုက္ပ်ိဳးျခင္းေတြကို မလုပ္ေဆာင္ႏိုင္ေသးသည့္ အတြက္လည္း လာမည့္ကာလမ်ားတြင္ စားနိပ္ရိကၡာအတြက္ အခက္အခဲရွိလာႏိုင္တယ္လို႔လည္း ၎ကဆိုပါတယ္။

“ျပည္နယ္အတြင္းမွာတိုက္ပြဲေတြျဖစ္တာကေတာ့ျဖစ္ေနတာပါပဲ။ဘူးသီးေတာင္ဘက္ေတြမွာလည္းျဖစ္တယ္။ယ္။ေက်ာက္ေတာ္ ေျမာက္ဦးၿမိဳ႕နယ္ ကစိတ္ခ်လို႔ရတဲ့အေျခအေနမဟုတ္ဘူးေပါ့ေလ။ ႏွစ္ဖက္ေတြ႕ရင္ေတာ့ တိုက္ၾကမွာပါပဲ အဲ့အေျခအေနပါ ဒါကိုေတာ့ေျပာလို႔မရဘူးေပါ့။လက္ရွိ စစ္ေဘးေရွာင္လာသူအေရအတြက္က ျပည္နယ္အတြင္းမွာ ေလးေသာင္းေက်ာ္သြားပါၿပီ။အဓိက ကစားနပ္ရိကၡာနဲ႔ေဆးဝါး လိုအပ္မႈ ရွိတယ္ေပါ့။ေနာက္ေရမသန႔္တဲ့ အတြက္ ဝမ္းေရာဂါနဲ႔ပတ္သက္ၿပီးအခက္အခဲေလးေတြရွိပါတယ္။

ေနာက္တစ္ခ်က္က ရွိတဲ့စားနပ္ရိကၡာေတြကလည္း ဖ်က္ဆီးခံခဲ့ရၿပီ ေလွာင္ထားတဲ့စပါးေတြလည္း စားနပ္ရိကၡာအတြက္ အားကိုးရေလာက္တဲ့ အေျခအေနမဟုတ္ဘူး။ဒီအခ်ိန္မွမထြန္ယက္ႏိုင္ရင္စပါးမေပၚရင္ဒုကၡေရာက္ႏို င္မယ့္အေျခအေနရွိတယ္ေပါ့ေလ။ေနာက္ ေနရပ္စြန႔္ခြာတဲ့ သူေတြအတြက္လည္း အခက္အခဲအမ်ိဳးအမ်ိဳးေပါ့ေလ။ ကိုယ့္အိမ္ကိုယ္ရာမွာေတာင္ ကိုယ့္ရဲ႕စားဝတ္ေနေရး ကို ပင္ပင္ပန္းပန္းျဖည့္တင္းေနရတယ္။

အခုက ကိုယ့္အိမ္ ကိုယ္ရာကိုယ္ပစၥည္းေတြကိုျပစ္ထားၿပီး စစ္ေရွာင္စခန္းမွာ အားလုံးေနေနရတယ္ေပါ့။ အစိုးရကလည္း အလုံးစုံ အကူအညီ မေပးႏိုင္ဘူး။အရပ္သားေတြအကူအညီေပးေနတယ္ဆိုတာကလည္း ဘယ္အတိုင္းအတာအထိအကူအညီေပးႏိုင္မလဲေပါ့ အဲ့ဒါေလးေတြေတာ့ ရွိပါတယ္။”လို႔ ဦးထြန္းေအာင္ေက်ာ္က ေျပာၾကားခဲ့ပါတယ္။

 ဒါ့အျပင္ ၎က တိုက္ပြဲေတြကိုရပ္တန႔္သြားေစဖို႔အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကိုလုပ္ေဆာင္ေပးဖို႔လိုအပ္ေနၿပီး အားလုံးေျပလည္သြား ပါက စစ္ေဘးေရွာင္လာတဲ့သူေတြကို ကိုယ့္ရပ္ကိုယ္႐ြာတြင္ ျပန္လည္ေနရာခ်ထားေပးဖို႔ ကိစၥရပ္ေတြကိုလည္း ေဆာင္႐ြက္ေပးေစလိုတယ္လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

 လတ္တေလာမွာေတာ့ စစ္ေဘးေရွာင္ျပည္သူေတြကို ျပည္နယ္အစိုးရအဖြဲ႕ အပါအဝင္ ရခိုင္ျပည္နယ္ အေျခစိုက္ႏိုင္ငံေရးပါတီမ်ားႏွင့္ လူမႈေရး အဖြဲ႕အစည္းေတြက ကူညီေထာက္ပံ့ေနရတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဇူလိုင္ ၁၀