တိုင်းရင်းသားဒေသရှိ (IDP)စခန်းများမှ မှတ်ပုံတင်ကိစ္စ များအား တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး အထူးစီမံကိန်းများ ချမှတ်ဆောင်ရွက်နေဟုဆို

တိုင်းရင်းသားဒေသရှိ (IDP)စခန်းများမှ မှတ်ပုံတင်ကိစ္စ များအား တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး အထူးစီမံကိန်းများ ချမှတ်ဆောင်ရွက်နေဟုဆို

တိုင်းရင်းသားဒေသများဖြစ်သည့်(IDP)စခန်းများ၏မှတ်ပုံတင်ကိစ္စများအား တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီ အထူးစီမံကိန်း များချမှတ်ဆောင်ရွက်နေကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှပြောပါတယ်။

“ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာရှိတဲ့IDPစခန်းတွေမှာရှိတဲ့တိုင်းရင်းသားပြည်သူများအတွက်လည်းပဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် မှာရှိတဲ့ ဦးစီးဌာနနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ အထူးစီမံကိန်းများ ချမှတ်ပြီးတော့မှ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် မြစ်ကြီးနားမှာရှိတဲ့ IDP စခန်းမှာရှိတဲ့ ကျွန်တော်တို့ စစ်ဘေးရှောင်ပြည်သူများကိုလည်း အားလုံးနီးပါး ကျွန် တော်တို့ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ကျန်တော့ ကျန်ပါမယ်။ ဒါကိုတော့ဆက်လက်ပြီး တော့ဆောင်ရွက်သွားမှာဖြစ်ပါတယ် “လို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမှပြောပါတယ်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးမှ “ကိုယ်စားလှယ်ကြီးဆွေးနွေးပြောဆိုတဲ့ ပြည်သူများရဲ့ အခက်အခဲ ဖြေရှင်းရေးကိစ္စ ကို ကျွန်တော်တို့ နိုင်ငံတော် အကြီးအကဲများကလည်းပဲ မပြတ် လမ်းညွှန်နေပါတယ်။ ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ ကျွန်တော်တို့ အကျိုးစီမံချက်များ ချမှတ်ပြီးတော့ ဆောင်ရွက်နေပါတယ်ဒါကိုလည်း ဌာန အနေနဲ့ ဦးစားပေးအနေနဲ့ ဆောင်ရွက်နေပါတယ်။ ထူးခြားတဲ့ ဖြစ်စဉ်များ ရှိရင်လည်း ကျွန်တော်တို့ကို အ ကြောင်းကြားနိုင်ပါတယ်။ကျွန်တော်တို့ ဌာနအနေနဲ့တော့ ပြည်သူများရဲ့ အမျိုးသားမှတ်ပုံတင်ကဒ်တွေ မူရင်း အချက်အလက်တွေ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ဥပဒေနဲ့ အညီ ရရှိနိုင်ဖို့ အတွက် အလေးထား ဆောင်ရွက်နေပါတယ်။

အလားတူပဲ ကျွန်တော်တို့ ဝန်ထမ်းများရဲ့ မသင့်လျော်ဆောင်ရွက်ချက်ရှိနေရင်လည်း ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားဖို့ရှိနေပါတယ်။ one stop နဲ့ လုပ်ပေးမယ့်ကိစ္စများကိုလည်း ဘာကြောင့် ကြန့်ကြာနေလည်း ဆိုတာရှင်းပြဖို့ အသင့်ရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အဓိက အချက်က တော့ လွှတ်တော်ကိုယ်စားလှယ်ကြီးဆွေးနွေးတဲ့ အချက်ကိုလက်ခံပါတယ်။ဝန်ကြီးဌာန အနေနဲ့လည်း ဒီကိစ္စတွေကို ဦးစားပေးဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီး ပြည်သူများအတွက်လည်း ပူးပေါင်းဆောင် ရွက်သွားပါမယ်လို့ အလေးထားဖြေကြား အပ်ပါတယ် “လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
 
ယနေ့ပြုလုပ်သည်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးစတုတ္ထနေ့အစီအစဉ်တွင် မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းမှ အမျိုးသားမှတ်ပုံတင်ကဒ်၊ နိုင်ငံသား စိစစ်ရေးကဒ်ပြားများနှင့် ကိုယ်ရေးအချက်အလက် ဖိုင်တွဲများအား လက်ရှိ အသုံးပြုနေသောစနစ်မှ Digital စနစ်သို့ အမြန်ဆုံးပြောင်း လဲပြုလုပ်ပေးရန်အစီအစဉ်ရှိ/မရှိမေးမြန်းမှုအားပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းမှ ဆက်စပ်မေးခွန်းအဖြစ် “အခု လက်ရှိ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ပြဿနာတွေရှိပါ တယ်။

အဲ့ဒါဘာလဲ ဆိုရင် ကျွန်မတို့ ဒီတိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ IDP camp တွေမှာ ဖြစ်နေတဲ့ မှတ်ပုံတင် မရတဲ့ ပြဿနာတွေ ၊ နောက်တစ်ခု က နိုင်ငံသားဖြစ် တယ်။ မှတ်ပုံတင်မရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးနေတာတွေ ၊ တချို့ကျတော့ မှတ်ပုံ တင် ၂ ကတ်ဖြစ်နေတယ်။ ၃ ကတ်ဖြစ်နေတဲ့ အ တွက်အမှန်တကယ် ဘာမှန်းမသိပဲ ရီဂျက် လုပ်ခံနေရတဲ့ ပြည်သူတွေရဲ့ နစ်နာမှုတွေ အများကြီးရှိပါတယ်။နောက်တချက်က ဝန်ကြီးဌာန အနေနဲ့ ညွှန်ကြား ချက် တွေပေးတာရှိပါတယ်။ တစ်နေရာထဲမှာပဲ တခါတည်း one stop ဖြစ်ဖို့ ဆိုပြီး ညွှန်ကြားချက်တွေ လည်းရှိပါတယ်။ ဒါပေမဲ့ လတ်တလောမှာ အဲ့ဒီလို ဖြစ်မနေပါဘူး။အဲလို ကိစ္စမျိုးတွေကို ဒီလို ဒီဂျစ်တယ်စနစ်ကို မသွားခင်စပ်ကြားမှာ ဝန်ကြီးဌာန အနေနဲ့ဘယ်လိုဖြေရှင်းပေးမလဲသိချင်ပါတယ် “ဟုမေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ် ပါတယ်။

PTG
နေပြည်တော်၊မေ-၈

(   Zawgyi   )

 တိုင္းရင္းသားေဒသမ်ားျဖစ္သည့္(IDP)စခန္းမ်ား၏မွတ္ပုံတင္ကိစၥမ်ားအား တိုင္းေဒသႀကီးျပည္နယ္ အစိုးရအဖြဲ႕မ်ားႏွင့္ ပူးေပါင္းၿပီ အထူးစီမံကိန္း မ်ားခ်မွတ္ေဆာင္႐ြက္ေနေၾကာင္း အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြမွေျပာပါတယ္။

“ကြၽန္ေတာ္တို႔တိုင္းရင္းသားေဒသေတြမွာရွိတဲ့IDPစခန္းေတြမွာရွိတဲ့တိုင္းရင္းသားျပည္သူမ်ားအတြက္လည္းပဲ သက္ဆိုင္ရာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ မွာရွိတဲ့ ဦးစီးဌာနနဲ႔ တိုင္းေဒသႀကီးျပည္နယ္ အစိုးရအဖြဲ႕တို႔ ပူးေပါင္းၿပီးေတာ့မွ ကြၽန္ေတာ္တို႔ အထူးစီမံကိန္းမ်ား ခ်မွတ္ၿပီးေတာ့မွ ေဆာင္႐ြက္ေနပါတယ္။ အထူးသျဖင့္ ျမစ္ႀကီးနားမွာရွိတဲ့ IDP စခန္းမွာရွိတဲ့ ကြၽန္ေတာ္တို႔ စစ္ေဘးေရွာင္ျပည္သူမ်ားကိုလည္း အားလုံးနီးပါး ကြၽန္ ေတာ္တို႔ ထုတ္ေပးထားၿပီးျဖစ္ပါတယ္။ ခြၽင္းခ်က္အေနနဲ႔ က်န္ေတာ့ က်န္ပါမယ္။ ဒါကိုေတာ့ဆက္လက္ၿပီး ေတာ့ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္ “လို႔ ျပည္ေထာင္စုဝန္ႀကီးဦးသိန္းေဆြမွေျပာပါတယ္။

ဆက္လက္၍ျပည္ေထာင္စုဝန္ႀကီးမွ “ကိုယ္စားလွယ္ႀကီးေဆြးေႏြးေျပာဆိုတဲ့ ျပည္သူမ်ားရဲ႕ အခက္အခဲ ေျဖရွင္းေရးကိစၥ ကို ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ အႀကီးအကဲမ်ားကလည္းပဲ မျပတ္ လမ္းၫႊန္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္ သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ အက်ိဳးစီမံခ်က္မ်ား ခ်မွတ္ၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္ဒါကိုလည္း ဌာန အေနနဲ႔ ဦးစားေပးအေနနဲ႔ ေဆာင္႐ြက္ေနပါတယ္။ ထူးျခားတဲ့ ျဖစ္စဥ္မ်ား ရွိရင္လည္း ကြၽန္ေတာ္တို႔ကို အ ေၾကာင္းၾကားႏိုင္ပါတယ္။ကြၽန္ေတာ္တို႔ ဌာနအေနနဲ႔ေတာ့ ျပည္သူမ်ားရဲ႕ အမ်ိဳးသားမွတ္ပုံတင္ကဒ္ေတြ မူရင္း အခ်က္အလက္ေတြ ႏိုင္ငံသားစိစစ္ေရးကတ္ျပားေတြကို ဥပေဒနဲ႔ အညီ ရရွိႏိုင္ဖို႔ အတြက္ အေလးထား ေဆာင္႐ြက္ေနပါတယ္။

အလားတူပဲ ကြၽန္ေတာ္တို႔ ဝန္ထမ္းမ်ားရဲ႕ မသင့္ေလ်ာ္ေဆာင္႐ြက္ခ်က္ရွိေနရင္လည္း ဥပေဒနဲ႔ အညီ အေရးယူေဆာင္႐ြက္သြားဖို႔ရွိေနပါတယ္။ one stop နဲ႔ လုပ္ေပးမယ့္ကိစၥမ်ားကိုလည္း ဘာေၾကာင့္ ၾကန႔္ၾကာေနလည္း ဆိုတာရွင္းျပဖို႔ အသင့္ရွိပါတယ္။ ကြၽန္ေတာ္ေျပာခ်င္တဲ့ အဓိက အခ်က္က ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးေဆြးေႏြးတဲ့ အခ်က္ကိုလက္ခံပါတယ္။ဝန္ႀကီးဌာန အေနနဲ႔လည္း ဒီကိစၥေတြကို ဦးစားေပးေဆာင္႐ြက္ေနပါတယ္။ ဆက္လက္ၿပီး ျပည္သူမ်ားအတြက္လည္း ပူးေပါင္းေဆာင္ ႐ြက္သြားပါမယ္လို႔ အေလးထားေျဖၾကား အပ္ပါတယ္ “လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။
 
ယေန႔ျပဳလုပ္သည္ျပည္သူ႔လႊတ္ေတာ္(၁၂)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးစတုတၳေန႔အစီအစဥ္တြင္ မဂၤလာေတာင္ၫြန႔္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚျဖဴျဖဴသင္းမွ အမ်ိဳးသားမွတ္ပုံတင္ကဒ္၊ ႏိုင္ငံသား စိစစ္ေရးကဒ္ျပားမ်ားႏွင့္ ကိုယ္ေရးအခ်က္အလက္ ဖိုင္တြဲမ်ားအား လက္ရွိ အသုံးျပဳေနေသာစနစ္မွ Digitalစနစ္သို႔အျမန္ဆုံးေျပာင္းလဲျပဳလုပ္ေပးရန္အစီအစဥ္ရွိ/မရွိေမးျမန္းမႈအားျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။
ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚျဖဴျဖဴသင္းမွ ဆက္စပ္ေမးခြန္းအျဖစ္ “အခု လက္ရွိ ကြၽန္မတို႔ ျပည္သူေတြ ခံစားေနရတဲ့ ျပႆနာေတြရွိပါ တယ္။

အဲ့ဒါဘာလဲ ဆိုရင္ ကြၽန္မတို႔ ဒီတိုင္းရင္းသားေဒသေတြမွာ ျဖစ္ေနတဲ့ IDP camp ေတြမွာ ျဖစ္ေနတဲ့ မွတ္ပုံတင္ မရတဲ့ ျပႆနာေတြ ၊ ေနာက္တစ္ခု က ႏိုင္ငံသားျဖစ္ တယ္။ မွတ္ပုံတင္မရွိတဲ့အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဆုံးရႈံးေနတာေတြ ၊ တခ်ိဳ႕က်ေတာ့ မွတ္ပုံ တင္ ၂ ကတ္ျဖစ္ေနတယ္။ ၃ ကတ္ျဖစ္ေနတဲ့ အ တြက္အမွန္တကယ္ ဘာမွန္းမသိပဲ ရီဂ်က္ လုပ္ခံေနရတဲ့ ျပည္သူေတြရဲ႕ နစ္နာမႈေတြ အမ်ားႀကီးရွိပါတယ္။ေနာက္တခ်က္က ဝန္ႀကီးဌာန အေနနဲ႔ ၫႊန္ၾကား ခ်က္ ေတြေပးတာရွိပါတယ္။ တစ္ေနရာထဲမွာပဲ တခါတည္း one stop ျဖစ္ဖို႔ ဆိုၿပီး ၫႊန္ၾကားခ်က္ေတြ လည္းရွိပါတယ္။ ဒါေပမဲ့ လတ္တေလာမွာ အဲ့ဒီလို ျဖစ္မေနပါဘူး။အဲလို ကိစၥမ်ိဳးေတြကို ဒီလို ဒီဂ်စ္တယ္စနစ္ကို မသြားခင္စပ္ၾကားမွာ ဝန္ႀကီးဌာန အေနနဲ႔ဘယ္လိုေျဖရွင္းေပးမလဲသိခ်င္ပါတယ္ “ဟုေမးျမန္းမႈအေပၚ အထက္ပါအတိုင္း ျပန္လည္ေျဖၾကားျခင္းျဖစ္ ပါတယ္။

PTG
ေနျပည္ေတာ္၊ေမ-၈