တိုင်းရင်းသားများ၏အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ပေးရန် ပါတီတည်ထောင်ခြင်းဟု သူရဦးရွှေမန်း ဆို

တိုင်းရင်းသားများ၏အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ပေးရန် ပါတီတည်ထောင်ခြင်းဟု သူရဦးရွှေမန်း ဆို

  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုတည်ထောင်ရတာဟာ တိုင်းရင်းသားများ၏ အခွင့်အရေးကိုကာကွယ်ပေးရန်နှင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ပေးရန် အတွက် ပါတီတည်ထောင်ခြင်းဖြစ်တယ်လို့  UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်း ကပြောကြား လိုက်ပါတယ်။

အဆိုပါပြောကြားမှုကို စက်တင်ဘာ ၁ ရက်နေ့က UBP ပါတီခေါင်းဆောင်သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ဒေသခံများနှင့်တွေ့ဆုံ စဉ် ပါတီခေါင်းဆောင် သူရဦးရွှေမန်းက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။“ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ခြင်း ဟာ နိုင်ငံသားများရဲ့မူလအခွင့်အရေးများ ရရှိအောင် ဆောက်ရွက်ပေးလို၍ဖြစ်ပါတယ်။နိုင်ငံသားများရဲ့အခွင့်အရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ဒီမိုကရေစီနှင့်လူအခွင့်အရေးဆိုသည်မှာလည်း ရရှိနိုင်မှာမဟုတ်ပါဘူး။တိုင်းရင်းသားများရဲ့ အခွင့်အရေးကိုကာကွယ်ပေးရန်နဲ့ တိုင်းရင်းသားများရဲ့အကျိုးစီးပွားကို မြှင့်တင်ပေးရန်အတွက် ပါတီတည်ထောင်ခြင်းဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်လျှင် သွေးစည်းညီညွတ်ရေး ခိုင်မာလာပြီး ငြိမ်းချမ်းရေးရရှိဖို့နီးစပ်လာမှာဖြစ်ပါတယ်။ပါတီအနေနဲ့က ငြိမ်းချမ်းရေးဖြစ်စဉ် များပိုမိုတိုးတက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ပိုမိုခိုင်မာလာအောင် ဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။”လို့ UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်း ကပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်ဒေသခံများနှင့် ထိုသို့တွေ့ဆုံခဲ့ရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊စိုက်ပျိုးရေး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွား မြှင့်တင်ပေးရေး အစရှိသည့်ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ UBP ပါတီကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊စက်တင်ဘာ ၂
ဓါတ်ပုံ - UBP ပါတီ

(  Zawgyi  )

   ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကိုတည္ေထာင္ရတာဟာ တိုင္းရင္းသားမ်ား၏ အခြင့္အေရးကိုကာကြယ္ေပးရန္ႏွင့္ တိုင္းရင္းသားမ်ား၏ အက်ိဳးစီးပြားကို ျမႇင့္တင္ေဆာင္႐ြက္ေပးရန္ အတြက္ ပါတီတည္ေထာင္ျခင္းျဖစ္တယ္လို႔  UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္း ကေျပာၾကား လိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို စက္တင္ဘာ ၁ ရက္ေန႔က UBP ပါတီေခါင္းေဆာင္သြားေရာက္ခဲ့တဲ့ ရွမ္းျပည္နယ္ခရီးစဥ္အတြင္း ေဒသခံမ်ားႏွင့္ေတြ႕ဆုံ စဥ္ ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းက အထက္ပါအတိုင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။“ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ တည္ေထာင္ျခင္း ဟာ ႏိုင္ငံသားမ်ားရဲ႕မူလအခြင့္အေရးမ်ား ရရွိေအာင္ ေဆာက္႐ြက္ေပးလို၍ျဖစ္ပါတယ္။ႏိုင္ငံသားမ်ားရဲ႕အခြင့္အေရးကို ေဆာင္႐ြက္ေပးႏိုင္ျခင္း မရွိပါက ဒီမိုကေရစီႏွင့္လူအခြင့္အေရးဆိုသည္မွာလည္း ရရွိႏိုင္မွာမဟုတ္ပါဘူး။တိုင္းရင္းသားမ်ားရဲ႕ အခြင့္အေရးကိုကာကြယ္ေပးရန္နဲ႔ တိုင္းရင္းသားမ်ားရဲ႕အက်ိဳးစီးပြားကို ျမႇင့္တင္ေပးရန္အတြက္ ပါတီတည္ေထာင္ျခင္းျဖစ္ပါတယ္။

ဒီလိုေဆာင္႐ြက္ႏိုင္လွ်င္ ေသြးစည္းညီၫြတ္ေရး ခိုင္မာလာၿပီး ၿငိမ္းခ်မ္းေရးရရွိဖို႔နီးစပ္လာမွာျဖစ္ပါတယ္။ပါတီအေနနဲ႔က ၿငိမ္းခ်မ္းေရးျဖစ္စဥ္ မ်ားပိုမိုတိုးတက္ၿပီး ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း ပိုမိုခိုင္မာလာေအာင္ ေဆာင္႐ြက္ႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္။”လို႔ UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္း ကေျပာၾကားခဲ့ပါတယ္။

ရွမ္းျပည္နယ္ေဒသခံမ်ားႏွင့္ ထိုသို႔ေတြ႕ဆုံခဲ့ရာတြင္ တရားဥပေဒစိုးမိုးေရး၊ ေဒသဖြံ႕ၿဖိဳးေရး၊စိုက္ပ်ိဳးေရး၊ တိုင္းရင္းသားမ်ားရဲ႕ အခြင့္အေရးနဲ႔ အက်ိဳးစီးပြား ျမႇင့္တင္ေပးေရး အစရွိသည့္ကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကတယ္လို႔ UBP ပါတီကသတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊စက္တင္ဘာ ၂
ဓါတ္ပုံ - UBP ပါတီ