တောင်ဒဂုံ မီးလောင်ကျွမ်းမှု ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး

တောင်ဒဂုံ မီးလောင်ကျွမ်းမှု ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး

ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)တွင် ဇူလိုင်လ ၄ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက် နံနက် ၀၀း၄၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်နေ ဒေါ်ညွန့်ညွန့်သိန်း(၄၈)နှစ်သည် နေအိမ်၌ လျှပ်စစ်ဒယ်အိုးဖြင့် ဟင်းချက်စဉ် ဝါယာရှော့ဖြစ်၍ မီးစတင် လောင်ကျွမ်းရာ ၎င်း ၏ သားဖြစ်သူ မောင်အောင်ထွန်း(၁၀)နှစ်တွင် မီးလောင်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ဒေါ်ညွန့်ညွန့်သိန်း အား ဒဂုံတောင်မြို့မရဲစခန်း(ပ)၂၈၃၈/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၂၈၅ ၊ ပေါ့လျော့ မှုကြောင့် လူသေမှု/မီးပေါ့ဆမှု တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် ၅
 

(   Zawgyi   )

 ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္းၿမိဳ႕နယ္)တြင္ ဇူလိုင္လ ၄ ရက္ေန႔က မီးေလာင္ကြၽမ္းမႈေၾကာင့္ ၁၀ ႏွစ္အ႐ြယ္ ကေလးငယ္ ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၄ ရက္ နံနက္ ၀၀း၄၅ အခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၇၂)ရပ္ကြက္ေန ေဒၚၫြန႔္ၫြန႔္သိန္း(၄၈)ႏွစ္သည္ ေနအိမ္၌ လွ်ပ္စစ္ဒယ္အိုးျဖင့္ ဟင္းခ်က္စဥ္ ဝါယာေရွာ့ျဖစ္၍ မီးစတင္ ေလာင္ကြၽမ္းရာ ၎ ၏ သားျဖစ္သူ ေမာင္ေအာင္ထြန္း(၁၀)ႏွစ္တြင္ မီးေလာင္ဒဏ္ရာမ်ားျဖင့္ေသဆုံးခဲ့ၿပီး ေနအိမ္ ၁ လုံးမီးေလာင္ဆုံးရႈံးခဲ့ပါတယ္။

မီးေလာင္ကြၽမ္းမႈႏွင့္ပတ္သက္၍ ေဒၚၫြန႔္ၫြန႔္သိန္း အား ဒဂုံေတာင္ၿမိဳ႕မရဲစခန္း(ပ)၂၈၃၈/၂၀၁၉၊ ရာဇသတ္ ႀကီးပုဒ္မ ၃၀၄-က/၂၈၅ ၊ ေပါ့ေလ်ာ့ မႈေၾကာင့္ လူေသမႈ/မီးေပါ့ဆမႈ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ ၅