ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမြေယာလျော်ကြေးကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းရန် ဝန်ကြီးမှာကြား

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမြေယာလျော်ကြေးကိစ္စနှင့် ပတ်သက်၍  ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းရန် ဝန်ကြီးမှာကြား

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမြေယာလျော်ကြေးကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းသွားဖို့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ကမှာကြားလိုက်ပါတယ်။

အဆိုပါထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မတ် ၈ ရက်နေ့က တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ယင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက  “ထားဝယ်အထူးစီးပွားရေးဇုန်မြေနေရာ သတ်သတ်မှတ်မှတ်ရှိစေဖို့အတွက် မြေပြင်ကွင်းဆင်းတိုင်းတာပြီး စက်မှုမြေငှားဂရန် ဖော်ထုတ်ဖို့လိုအပ်ပါတယ်။မြေယာလျော်ကြေးကိစ္စနဲ့ပတ်သက်ပြီးဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဖို့လည်းလိုအပ်ပါတယ်။

စီမံကိန်းပြုလုပ်မယ့် မြေနေရာအတွင်းမှာရှိတဲ့ စိုက်ပျိုးတောင်သူ ဦးရေစာရင်းနဲ့မြေဧကများ စာရင်းကောက်ယူနိုင်ရေး ကိုလည်း အဓိကပြုလုပ် ရန်လိုအပ်ပါတယ်။”လို့ လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ဒုတိယဥက္ကဋ္ဌ(၂) က ထားဝယ်အထူးစီးပွားရေးဇုန်၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှဆွေးနွေးလိုသည်များကို တင်ပြဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဧပြီ ၉
ဓါတ်ပုံ - Thanintharyi Region 

(  Zawgyi  )

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းေျမယာေလ်ာ္ေၾကးကိစၥႏွင့္ပတ္သက္၍ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းသြားဖို႔ ထားဝယ္ အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီ ဒုတိယဥကၠ႒(၁)၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ေဒၚရီရီခ်ိဳ ကမွာၾကားလိုက္ပါတယ္။

အဆိုပါထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ပတ္သက္သည့္ ေတြ႕ဆုံေဆြးေႏြးပြဲတစ္ရပ္ကို မတ္ ၈ ရက္ေန႔က တနသာရႌတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးမွာ က်င္းပျပဳလုပ္ခဲ့တာပါ။ယင္းေဆြးေႏြးပြဲတြင္ တိုင္းေဒသႀကီး စီမံ/ဘ႑ာဝန္ႀကီး ေဒၚရီရီခ်ိဳက  “ထားဝယ္အထူးစီးပြားေရးဇုန္ေျမေနရာ သတ္သတ္မွတ္မွတ္ရွိေစဖို႔အတြက္ ေျမျပင္ကြင္းဆင္းတိုင္းတာၿပီး စက္မႈေျမငွားဂရန္ ေဖာ္ထုတ္ဖို႔လိုအပ္ပါတယ္။ေျမယာေလ်ာ္ေၾကးကိစၥနဲ႔ပတ္သက္ၿပီးေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းဖို႔လည္းလိုအပ္ပါတယ္။

စီမံကိန္းျပဳလုပ္မယ့္ ေျမေနရာအတြင္းမွာရွိတဲ့ စိုက္ပ်ိဳးေတာင္သူ ဦးေရစာရင္းနဲ႔ေျမဧကမ်ား စာရင္းေကာက္ယူႏိုင္ေရး ကိုလည္း အဓိကျပဳလုပ္ ရန္လိုအပ္ပါတယ္။”လို႔ လမ္းၫႊန္မွာၾကားခဲ့တာျဖစ္ပါတယ္။ဆက္လက္၍ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီ၊ဒုတိယဥကၠ႒(၂) က ထားဝယ္အထူးစီးပြားေရးဇုန္၊ စီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈအေျခအေနႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပခဲ့ၿပီး ေဆြးေႏြးပြဲသို႔ တက္ေရာက္လာသူမ်ားမွေဆြးေႏြးလိုသည္မ်ားကို တင္ျပေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဧၿပီ ၉
ဓါတ္ပုံ - Thanintharyi Region