ထိပ်တိုက်တွေ့နေကြသည့် အနေအထားကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွားနေဟု ANP ပါတီပြောခွင့်ရပုဂ္ဂိုလ် ဆို

ထိပ်တိုက်တွေ့နေကြသည့် အနေအထားကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွားနေဟု ANP ပါတီပြောခွင့်ရပုဂ္ဂိုလ် ဆို
 

တပ်မတော် နှင့်AAလက်နက်ကိုင်အဖွဲ့ ကြား သဘောထားတင်းမာကာထိပ်တိုက်တွေ့နေကြသည့်အနေအထာ းကြောင့်ရခိုင်ပြည်နယ်တွင် တိုက်ပွဲများစဉ် ဆက်မပြတ်ဖြစ်ပွားနေတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းအောင်ကျော် ကပြောပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်၊ မြို့နယ်အချို့တွင်အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့်လည်း ဒေသစီးပွား ရေးဖွံ့ဖြိုးမှု အပိုင်းနှင့် ဆက်သွယ်ရေးပိုင်းတွေ မှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေပြီး တချို့လုပ်ငန်းပိုင်း ဆိုင်ရာမှာလည်း အခက်အခဲတွေ ကြုံနေရဆဲဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

 “တိုက်ပွဲအခြေအနေကိုပြောရရင်တော့ ရခိုင်ပြည်နယ်မှာစဉ်ဆက်မပြတ်ဖြစ်နေတာပါ။ မြောက်ဦးတို့ ဘာတို့ဆိုတာက တကယ့်ကို အရောင်း အဝယ် စည်ကားတဲ့မြို့နယ်တွေပါ။ တကယ့်ကိုအရောင်းအဝယ်လူစည်ကားတဲ့နေရာတွေမှာဖြစ်နေတယ်။မလိုအပ်တဲ့တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ် ၊ကိုယ်ဝန်ဆောင်တွေကျည်ထိတာတွေရှိတယ်။ တားမရလို့သေနတ်နဲ့ ပစ်တာတွေရှိတယ်။ အင်တာနက် လိုင်းတွေလည်းဖြတ်ထားတုန်းပါ။လက်ရှိ ကျောက်တော်တို့ မြောက်ဦးတို့ မင်းပြားတို့ ရသေ့တောင် ပုဏ္ဏားကျွန်းတို့ စတဲ့ အဲ့ဒီ(၇)မြို့နယ် လုံးကိုအင်တာနက်အခုထိဖျက်ထားတုန်းပါ။”လို့ ANP ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းအောင်ကျော် ကပြောပါတယ်။

ဆက်လက်၍ ၎င်းက “ပြောရရင်အရင်တုန်းက ကျောက်တော်တောင်မှာဘုရားတွေရှိတယ်။အင်မတန်မှသမိုင်း ဝင်ဘုရားတွေပါ။မဟာမြတ်မုနိဘုရားဆိုဘုရားဖူးတွေနဲ့တအားစည်ကားတယ်။အဲ့တုန်းကဘုရားဖူးလာတဲ့သူတွေကြောင့်စည်ကားတယ်။အဲ့တော့တောင်ပေါ်မှာရှိတဲ့မျောက်တွေလည်း၀၀လင်လင်စားရတာပေါ့။အခုကတိုက်ပွဲတွေ ဖြစ်နေတော့ ဘုရားဖူးလည်းမလာဘူး။

တော်တော်လေးကို မလာသလောက်ဖြစ်သွားတယ်။အဲ့တော့ ဒီသတ္တဝါ တွေကိုကျွေးမွေးလှူဒါန်းတဲ့ ဘုရားဖူးတွေ မရှိတော့ သူတို့လည်း ငတ်တာပေါ့လေ။ အဲ့တော့မျောက်တွေလမ်း ပေါ်ကိုဆင်းလာတယ်။အဲ့ဒီမှာကစ္စပ္ပနဒီတံတားကုလားတန်မြစ်ဖြတ်ကူးတဲ့ တံတားရှိတယ်လေ အဲ့အပေါ်မှာ လာကြတယ်ပေါ့။ပြောရရင် သူတို့ခင်ဗျာလည်းအင်မတန် သနားဖို့ကောင်းပါတယ်။”လို့ ရခိုင်ပြည်နယ် အတွင်းမှာုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ အကြောင်းကို ဆိုပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်အတွင်းဖြစ်ပွားသော ရခိုင်ပြည်နယ်တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ ရကြောင်း ရန်ကုန်မြို့ရှိကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကလည်း ဇူလိုင် ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ “နှစ်ဘက်အဖွဲ့တွေပြေလည်မယ်လို့တော့ကျနော်တို့ကတော့ မမြင်မိဘူးဗျာ့။ဘာလို့လဲဆိုတော့ AA ကလည်း ရခိုင်မှာ အခြေချ မယ်လို့ပြောတယ်။အကယ်၍ တပ်မတော်ကလည်းခင်ဗျားတို့လာမှ ဘဲတိုင်းပြည်မငြိမ်း မချမ်းဖြစ် တယ်။အဲ့ဒါကြောင့် ခင်ဗျားတို့ လိုင်ဇာ ပဲသွား ပါပေါ့။ရခိုင်ပြည်နယ်ကိုအခြေချခွင့်ပေးနိုင်ဘူးဆိုတော့ ဒါ ထိပ်တိုက်တွေ့နေကြပြီ ဒီကိစ္စတွေကသိပ်ပြီးတော့ပြေလည်နိုင်စရာအကြောင်း မမြင်ပါဘူး။” လို့လည်း ဦးထွန်းအောင်ကျော် က ၎င်းရဲ့ သဘောထားအမြင်ကို ထပ်လောင်းပြောပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၃

(  Zawgyi  )

 တပ္မေတာ္ ႏွင့္AAလက္နက္ကိုင္အဖြဲ႕ ၾကား သေဘာထားတင္းမာကာထိပ္တိုက္ေတြ႕ေနၾကသည့္အေနအထာ းေၾကာင့္ရခိုင္ျပည္နယ္တြင္ တိုက္ပြဲမ်ားစဥ္ ဆက္မျပတ္ျဖစ္ပြားေနတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ(ANP)၏ ေျပာခြင့္ရပုဂၢိဳလ္ ဦးထြန္းေအာင္ေက်ာ္ ကေျပာပါတယ္။ဒါ့အျပင္ ရခိုင္ျပည္နယ္၊ ၿမိဳ႕နယ္အခ်ိဳ႕တြင္အင္တာနက္လိုင္းျဖတ္ေတာက္ထားမႈေၾကာင့္လည္း ေဒသစီးပြား ေရးဖြံ႕ၿဖိဳးမႈ အပိုင္းႏွင့္ ဆက္သြယ္ေရးပိုင္းေတြ မွာ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြရွိေနၿပီး တခ်ိဳ႕လုပ္ငန္းပိုင္း ဆိုင္ရာမွာလည္း အခက္အခဲေတြ ႀကဳံေနရဆဲျဖစ္တယ္လို႔ ၎က ဆက္လက္ ေျပာျပခဲ့ပါတယ္။

 “တိုက္ပြဲအေျခအေနကိုေျပာရရင္ေတာ့ ရခိုင္ျပည္နယ္မွာစဥ္ဆက္မျပတ္ျဖစ္ေနတာပါ။ ေျမာက္ဦးတို႔ ဘာတို႔ဆိုတာက တကယ့္ကို အေရာင္း အဝယ္ စည္ကားတဲ့ၿမိဳ႕နယ္ေတြပါ။ တကယ့္ကိုအေရာင္းအဝယ္လူစည္ကားတဲ့ေနရာေတြမွာျဖစ္ေနတယ္။မလိုအပ္တဲ့တိုက္ပြဲေတြေၾကာင့္ အျပစ္မဲ့ျပည္သူေတြ ထိခိုက္ဒဏ္ရာရတယ္ ၊ကိုယ္ဝန္ေဆာင္ေတြက်ည္ထိတာေတြရွိတယ္။ တားမရလို႔ေသနတ္နဲ႔ ပစ္တာေတြရွိတယ္။ အင္တာနက္ လိုင္းေတြလည္းျဖတ္ထားတုန္းပါ။လက္ရွိ ေက်ာက္ေတာ္တို႔ ေျမာက္ဦးတို႔ မင္းျပားတို႔ ရေသ့ေတာင္ ပုဏၰားကြၽန္းတို႔ စတဲ့ အဲ့ဒီ(၇)ၿမိဳ႕နယ္ လုံးကိုအင္တာနက္အခုထိဖ်က္ထားတုန္းပါ။”လို႔ ANP ပါတီ ေျပာခြင့္ရပုဂၢိဳလ္ ဦးထြန္းေအာင္ေက်ာ္ ကေျပာပါတယ္။

ဆက္လက္၍ ၎က “ေျပာရရင္အရင္တုန္းက ေက်ာက္ေတာ္ေတာင္မွာဘုရားေတြရွိတယ္။အင္မတန္မွသမိုင္း ဝင္ဘုရားေတြပါ။မဟာျမတ္မုနိဘုရားဆိုဘုရားဖူးေတြနဲ႔တအားစည္ကားတယ္။အဲ့တုန္းကဘုရားဖူးလာတဲ့သူေတြေၾကာင့္စည္ကားတယ္။အဲ့ေတာ့ေတာင္ေပၚမွာရွိတဲ့ေမ်ာက္ေတြလည္း၀၀လင္လင္စားရတာေပါ့။အခုကတိုက္ပြဲေတြ ျဖစ္ေနေတာ့ ဘုရားဖူးလည္းမလာဘူး။

ေတာ္ေတာ္ေလးကို မလာသေလာက္ျဖစ္သြားတယ္။အဲ့ေတာ့ ဒီသတၱဝါ ေတြကိုေကြၽးေမြးလႉဒါန္းတဲ့ ဘုရားဖူးေတြ မရွိေတာ့ သူတို႔လည္း ငတ္တာေပါ့ေလ။ အဲ့ေတာ့ေမ်ာက္ေတြလမ္း ေပၚကိုဆင္းလာတယ္။အဲ့ဒီမွာကစၥပၸနဒီတံတားကုလားတန္ျမစ္ျဖတ္ကူးတဲ့ တံတားရွိတယ္ေလ အဲ့အေပၚမွာ လာၾကတယ္ေပါ့။ေျပာရရင္ သူတို႔ခင္ဗ်ာလည္းအင္မတန္ သနားဖို႔ေကာင္းပါတယ္။”လို႔ ရခိုင္ျပည္နယ္ အတြင္းမွာုျဖစ္ပြားေနတဲ့ တိုက္ပြဲအေျခအေန အေၾကာင္းကို ဆိုပါတယ္။

 ၿပီးခဲ့တဲ့ ဇူလိုင္လ တတိယအပတ္အတြင္းျဖစ္ပြားေသာ ရခိုင္ျပည္နယ္တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ၅၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ခဲ့ ရေၾကာင္း ရန္ကုန္ၿမိဳ႕ရွိကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံးကလည္း ဇူလိုင္ ၃၁ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္တစ္ရပ္မွာ ေဖာ္ျပခဲ့ပါတယ္။ “ႏွစ္ဘက္အဖြဲ႕ေတြေျပလည္မယ္လို႔ေတာ့က်ေနာ္တို႔ကေတာ့ မျမင္မိဘူးဗ်ာ့။ဘာလို႔လဲဆိုေတာ့ AA ကလည္း ရခိုင္မွာ အေျခခ် မယ္လို႔ေျပာတယ္။အကယ္၍ တပ္မေတာ္ကလည္းခင္ဗ်ားတို႔လာမွ ဘဲတိုင္းျပည္မၿငိမ္း မခ်မ္းျဖစ္ တယ္။အဲ့ဒါေၾကာင့္ ခင္ဗ်ားတို႔ လိုင္ဇာ ပဲသြား ပါေပါ့။ရခိုင္ျပည္နယ္ကိုအေျခခ်ခြင့္ေပးႏိုင္ဘူးဆိုေတာ့ ဒါ ထိပ္တိုက္ေတြ႕ေနၾကၿပီ ဒီကိစၥေတြကသိပ္ၿပီးေတာ့ေျပလည္ႏိုင္စရာအေၾကာင္း မျမင္ပါဘူး။” လို႔လည္း ဦးထြန္းေအာင္ေက်ာ္ က ၎ရဲ႕ သေဘာထားအျမင္ကို ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၃