ထိုင်းနယ်စပ်မှ ပြောင်းများအများအပြားပို့ဆောင်နေရခြင်းကြောင့် သာမန ်ကုန်တင်ရန် ကားရှားလာ

ထိုင်းနယ်စပ်မှ ပြောင်းများအများအပြားပို့ဆောင်နေရခြင်းကြောင့် သာမန ်ကုန်တင်ရန် ကားရှားလာ

အခုရက်ပိုင်းမှာ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ကနေ ပြောင်းတွေကိုအများအပြားတင်ပို့နေရ တာကြောင့် သာမန်တင်ပို့နေ တဲ့ကုန်တွေတင်ဖို့ ကုန်ကားရှားလာတဲ့ အခြေအနေမျိုးရှိတယ်လို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ပြည်တွင်းကထွက်တဲ့ပြောင်းတွေကို မြဝတီနယ်စပ်ကနေ ထိုင်းဘက်ကို ပို့နေရတယ်၊ ကုန်ကား တော်တော်များများ ပို့နေရတာဖြစ်လို့ ပုံမှန်တင်ပို့နေကျကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ သံချောင်းနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဖို့ဟာက ကားရှားတဲ့ အခြေအနေကို ကြုံလာရပါတယ်”လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးအောင်မြင့်က ရှင်းပြပါတယ်။ ယခင်က တရုတ် ဈေးကွက်ကို တင်ပို့နေရတဲ့ ပြောင်းတွေဟာ ယခုနောက်ပိုင်းမှာ တင်ပို့လို့မရတော့ပေမယ့် ကုန်သည်တွေက ဈေးကွက်ချိတ်ဆက်စုံစမ်းမှုတွေပြုလုပ်ကြပြီး ထိုင်းဈေးကွက်ထဲကို တင်ပို့နိုင်ဖို့ အလားအလာ ကောင်းတွေရှိလာကာ အများအပြားတင်ပို့နေကြတာဖြစ်ပါတယ်။

“ကုန်ကားလောကမှာတော့ တင်စရာကုန်ကများတယ်၊ တင်ရမယ့်ကားက ရှားရင် တန်ဆာခဈေးတက်တတ် ပါတယ်၊ အခုလည်း ဒီလိုပဲ တန်ဆာခဟာ အရင်ကထက် နည်းနည်းမြင့်တက် သွားခဲ့ပါတယ်”လို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဂိတ်ဖွင့်လုပ်ကိုင်နေသည့် ဦးစန်းမောင်က ပြောပြပါတယ်။ လတ်တလောမှာတော့ ရန်ကုန်ကနေ တစ်ဆင့် တင်ပို့တာတွေရှိသလို ပြောင်းထွက်ရှိရာ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ထဲက ကျေးရွာတွေကနေ မြဝတီနယ်စပ်အထိ တိုက်ရိုက်တင်ပို့နေတာတွေလည်းရှိပါတယ်။ ယခုလို တင်ပို့မှု များပြားလာတာကြေင့် ရန်ကုန်မှ ဘားအံ၊ မော်လမြိုင်အထိကို တန်ဆာခအဖြစ် တစ်တန်လျှင် ငွေကျပ် ၂၀၀၀၀ ရှိရာမှ ငွေ ၂၅၀၀၀ ကျပ်အထိလည်းကောင်း၊ ရန်ကုန်မှ မြဝတီအထိကို တန်ဆာခအဖြစ် တစ်တန်လျှင် ငွေကျပ် ၂၈၀၀၀ ရှိရာမှ ယခု ၃၀၀၀၀ ကျပ်အထိ တန်ဆာခဈေးမှာ အနည်းငယ်မြင့်မားလာ ခဲ့တာဖြစ်ပါတယ်။

 ဇွဲမာန်   
ရန်ကုန်၊ မေ ၁၀

(  Zawgyi   )

 အခုရက္ပိုင္းမွာ ျမန္မာ-ထိုင္းနယ္စပ္ျဖစ္တဲ့ ျမဝတီနယ္စပ္ကေန ေျပာင္းေတြကိုအမ်ားအျပားတင္ပို႔ေနရ တာေၾကာင့္ သာမန္တင္ပို႔ေန တဲ့ကုန္ေတြတင္ဖို႔ ကုန္ကားရွားလာတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

“ျပည္တြင္းကထြက္တဲ့ေျပာင္းေတြကို ျမဝတီနယ္စပ္ကေန ထိုင္းဘက္ကို ပို႔ေနရတယ္၊ ကုန္ကား ေတာ္ေတာ္မ်ားမ်ား ပို႔ေနရတာျဖစ္လို႔ ပုံမွန္တင္ပို႔ေနက်ကုန္ေတြျဖစ္တဲ့ စားေသာက္ကုန္ပစၥည္းေတြ၊ သံေခ်ာင္းနဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြ တင္ဖို႔ဟာက ကားရွားတဲ့ အေျခအေနကို ႀကဳံလာရပါတယ္”လို႔ အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္ေနတဲ့ ဦးေအာင္ျမင့္က ရွင္းျပပါတယ္။ ယခင္က တ႐ုတ္ ေဈးကြက္ကို တင္ပို႔ေနရတဲ့ ေျပာင္းေတြဟာ ယခုေနာက္ပိုင္းမွာ တင္ပို႔လို႔မရေတာ့ေပမယ့္ ကုန္သည္ေတြက ေဈးကြက္ခ်ိတ္ဆက္စုံစမ္းမႈေတြျပဳလုပ္ၾကၿပီး ထိုင္းေဈးကြက္ထဲကို တင္ပို႔ႏိုင္ဖို႔ အလားအလာ ေကာင္းေတြရွိလာကာ အမ်ားအျပားတင္ပို႔ေနၾကတာျဖစ္ပါတယ္။

“ကုန္ကားေလာကမွာေတာ့ တင္စရာကုန္ကမ်ားတယ္၊ တင္ရမယ့္ကားက ရွားရင္ တန္ဆာခေဈးတက္တတ္ ပါတယ္၊ အခုလည္း ဒီလိုပဲ တန္ဆာခဟာ အရင္ကထက္ နည္းနည္းျမင့္တက္ သြားခဲ့ပါတယ္”လို႔ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး ဂိတ္ဖြင့္လုပ္ကိုင္ေနသည့္ ဦးစန္းေမာင္က ေျပာျပပါတယ္။ လတ္တေလာမွာေတာ့ ရန္ကုန္ကေန တစ္ဆင့္ တင္ပို႔တာေတြရွိသလို ေျပာင္းထြက္ရွိရာ ရွမ္းျပည္နယ္နဲ႔ ဧရာဝတီတိုင္းေဒသႀကီး ထဲက ေက်း႐ြာေတြကေန ျမဝတီနယ္စပ္အထိ တိုက္႐ိုက္တင္ပို႔ေနတာေတြလည္းရွိပါတယ္။ ယခုလို တင္ပို႔မႈ မ်ားျပားလာတာေၾကင့္ ရန္ကုန္မွ ဘားအံ၊ ေမာ္လၿမိဳင္အထိကို တန္ဆာခအျဖစ္ တစ္တန္လွ်င္ ေငြက်ပ္ ၂၀၀၀၀ ရွိရာမွ ေငြ ၂၅၀၀၀ က်ပ္အထိလည္းေကာင္း၊ ရန္ကုန္မွ ျမဝတီအထိကို တန္ဆာခအျဖစ္ တစ္တန္လွ်င္ ေငြက်ပ္ ၂၈၀၀၀ ရွိရာမွ ယခု ၃၀၀၀၀ က်ပ္အထိ တန္ဆာခေဈးမွာ အနည္းငယ္ျမင့္မားလာ ခဲ့တာျဖစ္ပါတယ္။

 ဇြဲမာန္   
ရန္ကုန္၊ ေမ ၁၀