ထိုင်းနှင့် မြန်မာကြား လစဉ်ကုန်သွယ်မှု ကန်ဒေါ်လာ သန်းလေးရာကျော်ရှိပြီး ယခုဘဏ္ဍာနှစ် ကုန်သွယ်ရေးပိုငွေ သန်းခြောက်ရာကျော် ဖြစ်ပေါ်

ထိုင်းနှင့် မြန်မာကြား လစဉ်ကုန်သွယ်မှု ကန်ဒေါ်လာ သန်းလေးရာကျော်ရှိပြီး ယခုဘဏ္ဍာနှစ် ကုန်သွယ်ရေးပိုငွေ သန်းခြောက်ရာကျော် ဖြစ်ပေါ်

ထိုင်းနှင့် မြန်မာကြား လစဉ်ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ သန်းလေးရာကျော်ရှိကာ ယခုဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း မြန်မာဘက်မှ ထိုင်းဘက်သို့ အမေရိကန်ဒေါ်လာ ၁၈၆၇ ဒသမ ၆၁၂ သန်း ကုန်ပစ္စည်းတင်ပို့ခဲ့ကာ ထိုင်းဘက်မှ အမေရိကန်ဒေါ်လာ ၁၂၃၈ ဒသမ ၄၈၈ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၃၁၀၆ ဒသမ ၁၉၉ သန်း ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။    

ပြီးခဲ့သည့် ဧပြီလအတွင်း ထိုင်းနှင့် မြန်မာ တရားဝင်ကုန်သွယ်မှုတွင် ပို့ကုန် ကန်ဒေါ်လာ ၂၉၇ ဒသမ ၅၇၁ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၆၃ ဒသမ ၃၈၃ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၆၀ ဒသမ ၉၅၃ သန်းဖိုး ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။ထိုပမာဏမှာ ပြီးခဲ့သည့် မတ်လထက် အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် လျော့နည်းခဲ့ကြောင်း သိရပါတယ်။    

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ထိုင်း-မြန်မာကြား ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆၆၆ ဒသမ ၄၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၁၁ ဒသမ ၁၉၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၆၆ ဒသမ ၀၆၆ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းထိ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၀

( Zawgyi )

ထိုင္းႏွင့္ ျမန္မာၾကား လစဥ္ကုန္သြယ္မႈ ပမာဏမွာ ကန္ေဒၚလာ သန္းေလးရာေက်ာ္ရွိကာ ယခုဘ႑ာႏွစ္ ခုႏွစ္လတာကာလအတြင္း ကုန္သြယ္ေရးပိုေငြ အေမရိကန္ေဒၚလာ သန္း ၆၀၀ ေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနက ဇြန္လအတြင္း ထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ခုႏွစ္လတာကာလအတြင္း ျမန္မာဘက္မွ ထိုင္းဘက္သို႔ အေမရိကန္ေဒၚလာ ၁၈၆၇ ဒသမ ၆၁၂ သန္း ကုန္ပစၥည္းတင္ပို႔ခဲ့ကာ ထိုင္းဘက္မွ အေမရိကန္ေဒၚလာ ၁၂၃၈ ဒသမ ၄၈၈ သန္း တန္ဖိုးရွိ ကုန္ပစၥည္းမ်ား တင္သြင္းခဲ့ကာ စုစုေပါင္း ကန္ေဒၚလာ ၃၁၀၆ ဒသမ ၁၉၉ သန္း ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။    

ၿပီးခဲ့သည့္ ဧၿပီလအတြင္း ထိုင္းႏွင့္ ျမန္မာ တရားဝင္ကုန္သြယ္မႈတြင္ ပို႔ကုန္ ကန္ေဒၚလာ ၂၉၇ ဒသမ ၅၇၁ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၆၃ ဒသမ ၃၈၃ သန္း စုစုေပါင္း အေမရိကန္ေဒၚလာ ၄၆၀ ဒသမ ၉၅၃ သန္းဖိုး ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။ထိုပမာဏမွာ ၿပီးခဲ့သည့္ မတ္လထက္ အေမရိကန္ေဒၚလာ ၁၇ သန္းေက်ာ္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။    

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း ထိုင္း-ျမန္မာၾကား ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၆၆၆ ဒသမ ၄၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၇၁၁ ဒသမ ၁၉၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၆၆ ဒသမ ၀၆၆ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၂၈၈ ဒသမ ၁၇၂ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၀၇၄ ဒသမ ၇၀၇ သန္းထိ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၀