ဒဂုံဆိပ်ကမ်း ဖယောင်းသိုလှောင်ရုံ မီးလောင်မှု မီးသတ် ၁၂ ဦး အပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့

ဒဂုံဆိပ်ကမ်း ဖယောင်းသိုလှောင်ရုံ မီးလောင်မှု မီးသတ် ၁၂ ဦး အပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) စက်မှုဇုန်(၁)၊ ကွမ်းအပ်သားမင်းသားလမ်း၊ အမှတ် ၁၀ မှာရှိတဲ့ ဇာမဏီ ဖယောင်းသိုလှောင်ရုံမှာ စက်တင်ဘာ ၁၀ ရက် ညကဖြစ်ပွားတဲ့ မီးလောင်ကျွမ်းမှုမှာ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ ဒဏ်ရာရသူတွေထဲက ၁၁ ဦးကို သင်္ဃန်းကျွန်း စံပြဆေးရုံမှာ တင်ပို့ထားပြီး ကျန်ခြောက်ဦးကိုတော့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က ဆေးရုံမှာ တင်ပို့ကုသထားတယ်လို့ သိရပါတယ်။

ထိုမီးလောင်ရာမှ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အလုံ မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟိန်း၊ လသာ မီးသတ်စခန်းမှ မီးသတ်ဒုတပ်ကြပ် ကျော်ကျော်လင်း၊ တာမွေ မီးသတ်စခန်းမှ မီးသတ်တပ်သား ဖြိုးပိုင်လွင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မီးသတ်စခန်းမှ မီးသတ်တပ်သား စိုးလင်း၊ ရန်ကင်း မီးသတ်စခန်းမှ မီးသတ်တပ်သား ဗန်ရိုနာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်က အရန်မီးသတ်တပ်သား ဟိန်းလတ်အောင်၊ ရွှေပြည်သာမြို့နယ်က အရန်မီးသတ် တပ်ကြပ်ကြီး ကျော်ထက်ဖြိုး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ ရာအိမ်မှူးအဖြစ် လုပ်ကိုင်နေသူ ကိုနိုင်နိုင်၊ စူပါကုမ္ပဏီမှ ဝန်ထမ်း ကိုချစ်မင်းနိုင်၊ ဒေသခံ ကိုစန်းလင်းအောင် နဲ့ ကိုအောင်ချစ်ကို တို့ကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ မြောက်ဥက္ကလာပ မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးပြည့်စုံ၊ ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်အောင်စိုး၊ ရန်ကုန်အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး အောင်သူရ၊ နံ့သာကုန်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး ထွန်းအောင်ဝင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း )မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်သား ကောင်းမြတ်သူ၊ စက်မှုဇုန် ၁ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် တို့မှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဆေးရုံမှာ တင်ပို့ကုသထားတယ်လို့ သိရပါတယ်။

 

ထိုမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄၉ စီး၊ ရေသယ်ယာဉ် ၂၁ စီး၊ အထောက်အကူပြုယာဉ် ၂၁ စီး၊ ကွပ်ကဲအုပ်ချုပ်မှုယာဉ် ရှစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး လက်ရှိကာလအထိ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတို့ကို စစ်ဆေးနေလျက်ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၁

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္းၿမိဳ႕နယ္) စက္မႈဇုန္(၁)၊ ကြမ္းအပ္သားမင္းသားလမ္း၊ အမွတ္ ၁၀ မွာရွိတဲ့ ဇာမဏီ ဖေယာင္းသိုေလွာင္႐ုံမွာ စက္တင္ဘာ ၁၀ ရက္ ညကျဖစ္ပြားတဲ့ မီးေလာင္ကြၽမ္းမႈမွာ မီးသတ္တပ္ဖြဲ႕ဝင္ ၁၂ ဦး အပါအဝင္ စုစုေပါင္း ၁၇ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ သိရပါတယ္။

အဆိုပါ ဒဏ္ရာရသူေတြထဲက ၁၁ ဦးကို သဃၤန္းကြၽန္း စံျပေဆး႐ုံမွာ တင္ပို႔ထားၿပီး က်န္ေျခာက္ဦးကိုေတာ့ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္က ေဆး႐ုံမွာ တင္ပို႔ကုသထားတယ္လို႔ သိရပါတယ္။

ထိုမီးေလာင္ရာမွ ထိခိုက္ဒဏ္ရာရသူေတြထဲမွာ အလုံ မီးသတ္စခန္းမွ ဒုတိယမီးသတ္ဦးစီးမႉး ဦးျပည့္ၿဖိဳးဟိန္း၊ လသာ မီးသတ္စခန္းမွ မီးသတ္ဒုတပ္ၾကပ္ ေက်ာ္ေက်ာ္လင္း၊ တာေမြ မီးသတ္စခန္းမွ မီးသတ္တပ္သား ၿဖိဳးပိုင္လြင္၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) မီးသတ္စခန္းမွ မီးသတ္တပ္သား စိုးလင္း၊ ရန္ကင္း မီးသတ္စခန္းမွ မီးသတ္တပ္သား ဗန္႐ိုနာ၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္က အရန္မီးသတ္တပ္သား ဟိန္းလတ္ေအာင္၊ ေ႐ႊျပည္သာၿမိဳ႕နယ္က အရန္မီးသတ္ တပ္ၾကပ္ႀကီး ေက်ာ္ထက္ၿဖိဳး၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ေန ရာအိမ္မႉးအျဖစ္ လုပ္ကိုင္ေနသူ ကိုႏိုင္ႏိုင္၊ စူပါကုမၸဏီမွ ဝန္ထမ္း ကိုခ်စ္မင္းႏိုင္၊ ေဒသခံ ကိုစန္းလင္းေအာင္ နဲ႔ ကိုေအာင္ခ်စ္ကို တို႔ကို သဃၤန္းကြၽန္း စံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသခဲ့ေၾကာင္း၊ ေျမာက္ဥကၠလာပ မီးသတ္ဦးစီးမႉး႐ုံးမွ ဦးစီးအရာရွိ ဦးျပည့္စုံ၊ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ မီးသတ္စခန္းမွ ဒုတိယမီးသတ္ဦးစီးမႉး ဦးေအာင္ေအာင္စိုး၊ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ မီးသတ္စခန္းမွ မီးသတ္တပ္ၾကပ္ႀကီး ေအာင္သူရ၊ နံ႔သာကုန္းနယ္ေျမ မီးသတ္စခန္းမွ မီးသတ္တပ္ၾကပ္ႀကီး ထြန္းေအာင္ဝင္း၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း )ၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး႐ုံးမွ မီးသတ္တပ္သား ေကာင္းျမတ္သူ၊ စက္မႈဇုန္ ၁ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္ တို႔မွာ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ ေဆး႐ုံမွာ တင္ပို႔ကုသထားတယ္လို႔ သိရပါတယ္။

ထိုမီးေလာင္မႈကို မီးျငႇိမ္းသတ္ယာဥ္ ၄၉ စီး၊ ေရသယ္ယာဥ္ ၂၁ စီး၊ အေထာက္အကူျပဳယာဥ္ ၂၁ စီး၊ ကြပ္ကဲအုပ္ခ်ဳပ္မႈယာဥ္ ရွစ္စီးတို႔ျဖင့္ ျငႇိမ္းသတ္ခဲ့ရၿပီး လက္ရွိကာလအထိ မီးေလာင္ရတဲ့ အေၾကာင္းအရင္းနဲ႔ ဆုံးရႈံးမႈတန္ဖိုးတို႔ကို စစ္ေဆးေနလ်က္ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၁