ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် CCTV ကင်မရာများထပ်မံတပ်ဆင်သွားမည်ဟု ရန်ကုန်နယ်/လုံဝန်ကြီး ဆို

ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် CCTV ကင်မရာများထပ်မံတပ်ဆင်သွားမည်ဟု ရန်ကုန်နယ်/လုံဝန်ကြီး ဆို

တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လမ်းသွယ်လမ်းကြားများနှင့် အဓိကျသောနေရာ များတွင် CCTV ကင်မရာများထပ်မံတပ်ဆင်ပေးသွားမယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဒီကနေ့ ဇူလိုင် ၉ ရက်တွင် ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေးအတွက် အစီအစဉ်ကောင်းတစ်ရပ်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ”ကိုသိရှိလိုကြောင်း မေးမြန်းခဲ့မှုအပေါ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး ကအထက်ပါအတိုင်း ပြန်လည်ဖြေကြားပေးခဲ့တာပါ။

ယင်းမေးခွန်းနှင့်စပ်လျဉ်း၍ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက “မှုခင်းကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အဓိက လမ်းမကြီး၊လမ်းသွယ်၊လမ်းကြားများမှာလျှပ်စစ်မီးများ၊ LED မီးလုံးတပ်ဆင်လျက်ရှိပါတယ်။မှုခင်းကျဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရဲ့ ထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်၊ဇူလိုင် ၁ ရက်နေ့မှစတင်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်း CCTV Camera (၂၁)လုံးကို တပ်ဆင်ထားရှိသလို မြို့မရဲစခန်းကနေပြီးတော့ အထိုင်စက်နဲ့ စောင့်ကြည့်ဆောင်ရွက်လျက်ရှိပါတယ်။

ထပ်မံပြီး တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေး အတွက် လမ်းသွယ်လမ်းကြားများနှင့် အဓိကျသောနေရာများတွင် CCTV ကင်မရာများ တပ်ဆင်ပေးခြင်းနှင့် ထိန်းချုပ်မှတ်တမ်းပြုစုခြင်း၊ပျက်စီးမှုများရှိလာပါက အချိန်မီပြုပြင်ထိန်းသိမ်းစေခြင်း၊မှုခင်းကျဆင်းရေး စီမံချက်ရေးဆွဲ၍ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်း၊လှည့်ကင်းဆောင်ရွက်ခြင်းနှင့် မှုခင်းအသိပညာပေး ဟောပြောဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်ပေးလျက် ရှိပါတယ်။”လို့ ဖြေကြားပေးခဲ့ပါတယ်။

ဆက်လက်၍ နယ်/လုံဝန်ကြီးက ရရှိထားသော Data များအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း မှုခင်းအများဆုံး ဖြစ်ပွားသော ရပ်ကွက်များအားစိစစ်ခဲ့ရာ မြို့အစွန်ရပ်ကွက်များဖြစ်သော (၅၄/၇၀/၇၁/၁၀၄/၁၀၅) ရပ်ကွက်တို့တွင် အမှုကြီး အများဆုံးဖြစ်ပွားခဲ့ပြီး ကျန်ရှိသည့်(၁၈/၁၉/၂၄/၂၅) ရပ်ကွက်တို့တွင် ခိုးမှုမှာအများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

 ဒါ့အပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ယခုလက်ရှိအချိန်အထိ အမှုကြီး(၈)မှု၊ အခြားအမှု(၂၆၃)မှုရှိခဲ့ပြီး ကြိုတင်ကာကွယ်နိုင်ခဲ့သည့်အမှုအနေဖြင့် (၂၂၃၁)မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

 ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၉

(   Zawgyi  )

 တရားဥပေဒစိုးမိုးေရးႏွင့္မႈခင္းက်ဆင္းေရးအတြက္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္အတြင္းရွိ လမ္းသြယ္လမ္းၾကားမ်ားႏွင့္ အဓိက်ေသာေနရာ မ်ားတြင္ CCTV ကင္မရာမ်ားထပ္မံတပ္ဆင္ေပးသြားမယ္လို႔ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေအာင္စိုးမိုးက ဒီကေန႔ ဇူလိုင္ ၉ ရက္တြင္ က်င္းပခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္၊အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက “ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ တရားဥပေဒစိုးမိုးေရးႏွင့္မႈခင္းက်ဆင္းေရးအတြက္ အစီအစဥ္ေကာင္းတစ္ရပ္ျဖင့္ ေဆာင္႐ြက္ေပးႏိုင္ရန္ အစီအစဥ္ ရွိ/မရွိ”ကိုသိရွိလိုေၾကာင္း ေမးျမန္းခဲ့မႈအေပၚ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီး ေအာင္စိုးမိုး ကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားေပးခဲ့တာပါ။

ယင္းေမးခြန္းႏွင့္စပ္လ်ဥ္း၍ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီး ေအာင္စိုးမိုးက “မႈခင္းႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ ၿမိဳ႕နယ္အတြင္းရွိ အဓိက လမ္းမႀကီး၊လမ္းသြယ္၊လမ္းၾကားမ်ားမွာလွ်ပ္စစ္မီးမ်ား၊ LED မီးလုံးတပ္ဆင္လ်က္ရွိပါတယ္။မႈခင္းက်ဆင္းေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးရဲ႕ ေထာက္ပံ့မႈျဖင့္ ၂၀၁၇ ခုႏွစ္၊ဇူလိုင္ ၁ ရက္ေန႔မွစတင္ၿပီး ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္း CCTV Camera (၂၁)လုံးကို တပ္ဆင္ထားရွိသလို ၿမိဳ႕မရဲစခန္းကေနၿပီးေတာ့ အထိုင္စက္နဲ႔ ေစာင့္ၾကည့္ေဆာင္႐ြက္လ်က္ရွိပါတယ္။

ထပ္မံၿပီး တရားဥပေဒစိုးမိုးေရးႏွင့္မႈခင္းက်ဆင္းေရး အတြက္ လမ္းသြယ္လမ္းၾကားမ်ားႏွင့္ အဓိက်ေသာေနရာမ်ားတြင္ CCTV ကင္မရာမ်ား တပ္ဆင္ေပးျခင္းႏွင့္ ထိန္းခ်ဳပ္မွတ္တမ္းျပဳစုျခင္း၊ပ်က္စီးမႈမ်ားရွိလာပါက အခ်ိန္မီျပဳျပင္ထိန္းသိမ္းေစျခင္း၊မႈခင္းက်ဆင္းေရး စီမံခ်က္ေရးဆြဲ၍ ယာဥ္စစ္ပိတ္ဆို႔ေဆာင္႐ြက္ျခင္း၊လွည့္ကင္းေဆာင္႐ြက္ျခင္းႏွင့္ မႈခင္းအသိပညာေပး ေဟာေျပာေဆာင္႐ြက္ျခင္းတို႔ကို စီမံေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္။”လို႔ ေျဖၾကားေပးခဲ့ပါတယ္။

ဆက္လက္၍ နယ္/လုံဝန္ႀကီးက ရရွိထားေသာ Data မ်ားအရ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္အတြင္း မႈခင္းအမ်ားဆုံး ျဖစ္ပြားေသာ ရပ္ကြက္မ်ားအားစိစစ္ခဲ့ရာ ၿမိဳ႕အစြန္ရပ္ကြက္မ်ားျဖစ္ေသာ (၅၄/၇၀/၇၁/၁၀၄/၁၀၅) ရပ္ကြက္တို႔တြင္ အမႈႀကီး အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး က်န္ရွိသည့္(၁၈/၁၉/၂၄/၂၅) ရပ္ကြက္တို႔တြင္ ခိုးမႈမွာအမ်ားဆုံးျဖစ္ပြားခဲ့တယ္လို႔လည္း ဆိုပါတယ္။

 ဒါ့အျပင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္း ယခုလက္ရွိအခ်ိန္အထိ အမႈႀကီး(၈)မႈ၊ အျခားအမႈ(၂၆၃)မႈရွိခဲ့ၿပီး ႀကိဳတင္ကာကြယ္ႏိုင္ခဲ့သည့္အမႈအေနျဖင့္ (၂၂၃၁)မႈရွိခဲ့တယ္လို႔လည္း သိရပါတယ္။

 ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၉