ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား Level – 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရ

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား Level – 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်၊ အင်းကြင်းလမ်းတွင် ဒီကနေ့ မေ ၄ ရက်၊ နံနက် ၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် Level – 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်မှုသို့ Level – 1 ယာဉ်အုပ်စုများနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ကလည်း ပူးပေါင်းပါဝင် ငြိမ်းသတ်ပေးခဲ့ပြီး ယင်းမီးလောင်မှုကို ယနေ့ နံနက် ၅ နာရီ ၂၁ မိနစ်အချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမီးလောင်မှုသည် GAS အိုးပေါက်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး မီးလောင်မှုအကြောင်းအရင်း အသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ပြေသိမ်း
ရန်ကုန်၊ မေ - ၄
ဓါတ်ပုံ - နာရေးကူညီမှုအသင်း (ရန်ကုန်)

( Zawgyi )




ပြေသိမ်း
ရန်ကုန်၊ မေ - ၎