ဒါရိုက်တာမင်းထင်ကိုကိုကြီးအား ထောင်ဒဏ် ၁ နှစ်ချမှတ်

ဒါရိုက်တာမင်းထင်ကိုကိုကြီးအား ထောင်ဒဏ် ၁ နှစ်ချမှတ်

တပ်မတော်ဘက်မှ တရားစွဲဆိုထားတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ထောင်ဒဏ် ၁ နှစ်ကျခံစေရန်  ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားသူကြီးက အပြီးသတ်အမိန့်ချမှတ်လိုက်တာဖြစ်ပြီး အမိန့်မှာ ချုပ်ရက်မှ ထုတ်နုတ်ခံစားခွင့်ပြုကြောင်း ပါရှိတာဖြစ်တဲ့အတွက် အချုပ်နဲ့ တရားရင်ဆိုင်နေခဲ့ရတဲ့ ၄ လကျော်ကာလကို ထောင်ဒဏ် ၁ နှစ်ထဲကနေ ထုတ်နုတ်ခံစားခွင့်ရမှာဖြစ်ပါတယ်။ဒါရိုက်တာမင်းထင်ကိုကိုကြီးကို သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားတဲ့ စာသားတွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(က)နဲ့ အင်းစိန်မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(က) ကတော့ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေတပ်တစ်ခုခုမှ အရာရှိအား၊ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိရဲ့ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း ပြုစေရန် အကြံရှိရင် ဒါမှမဟုတ် အဲ့ဒီလို ပြုလုပ်နိုင်တဲ့ အကြောင်းရှိရင် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီးထဲမှာ ဖော်ပြထားပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၂၉ 

(  Zawgyi  )

 တပ္မေတာ္ဘက္မွ တရားစြဲဆိုထားတဲ့ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးကို ေထာင္ဒဏ္ ၁ ႏွစ္က်ခံေစရန္  ဒီကေန႔ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ အၿပီးသတ္အမိန႔္ခ်မွတ္လိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္တရားသူႀကီးက အၿပီးသတ္အမိန႔္ခ်မွတ္လိုက္တာျဖစ္ၿပီး အမိန႔္မွာ ခ်ဳပ္ရက္မွ ထုတ္ႏုတ္ခံစားခြင့္ျပဳေၾကာင္း ပါရွိတာျဖစ္တဲ့အတြက္ အခ်ဳပ္နဲ႔ တရားရင္ဆိုင္ေနခဲ့ရတဲ့ ၄ လေက်ာ္ကာလကို ေထာင္ဒဏ္ ၁ ႏွစ္ထဲကေန ထုတ္ႏုတ္ခံစားခြင့္ရမွာျဖစ္ပါတယ္။ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးကို သူ႔ရဲ႕ Facebook အေကာင့္မွာ ေရးသားထားတဲ့ စာသားေတြက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္က်ဆင္းေစတယ္ဆိုၿပီး ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ မွ ဒုတိယဗိုလ္မႉးႀကီး လင္းထြန္းက တရားလိုျပဳလုပ္ကာ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၅ဝ၅(က)နဲ႔ အင္းစိန္ၿမိဳ႕နယ္တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၅ဝ၅(က) ကေတာ့ ျပည္ေထာင္စုအစိုးရရဲ႕ ၾကည္း၊ ေရ၊ ေလတပ္တစ္ခုခုမွ အရာရွိအား၊ သို႔မဟုတ္ တပ္သားအား စစ္ပုန္ကန္ျခင္းကိုေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ မိမိရဲ႕ တာဝန္ဝတၱရားကို မေလးစားျခင္းေသာ္လည္းေကာင္း၊ ပ်က္ကြက္ျခင္းေသာ္ လည္းေကာင္း ျပဳေစရန္ အႀကံရွိရင္ ဒါမွမဟုတ္ အဲ့ဒီလို ျပဳလုပ္ႏိုင္တဲ့ အေၾကာင္းရွိရင္ စြဲဆိုတဲ့ ပုဒ္မျဖစ္ၿပီး အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၂ ႏွစ္ထိ ခ်မွတ္ႏိုင္တဲ့အျပင္ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစခ်မွတ္ႏိုင္တယ္လို႔ ရာဇသတ္ႀကီးထဲမွာ ေဖာ္ျပထားပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၂၉