ဓာတ်တိုင်များတင်ကာရပ်ထားတဲ့ကားဝင်တိုက်မိသဖြင့် ဆရာဝန် သုံးဦးပွဲခြင်းပြီးသေဆုံးကာ သုံးဦးဒဏ်ရာရ

ဓာတ်တိုင်များတင်ကာရပ်ထားတဲ့ကားဝင်တိုက်မိသဖြင့် ဆရာဝန် သုံးဦးပွဲခြင်းပြီးသေဆုံးကာ သုံးဦးဒဏ်ရာရ

ဖျာပုံမြို့နယ် အမှတ် ၁၆ ရပ်ကွက်အနီး ဖျာပုံ-ကျိုက်လတ်-မအူပင်လမ်းပေါ်မှာ ယနေ့(ဇွန်လ ၁၁ရက်) မနက် ၃နာရီခွဲအချိန်ခန့်က ဓာတ်တိုင်များတင်ကာ ရပ်နားထားတဲ့ကားကို ဝင်ရောက်တိုက်မိရာမှ သုံးဦးသေဆုံးသွားတဲ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့တယ်လို့ ဖျာပုံမြို့နယ်အခြေစိုက် ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့များထံမှ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဓာတ်တိုင်များတင်ဆောင်ရပ်နားထားတဲ့ ၁၀ ဘီးယာဉ် 9H/ - - - - ကို ကိုယ်ပိုင်ယာဉ် 6K/ - - - မှ ဝင်ရောက်တိုက်မိခဲ့ပြီး ကိုယ်ပိုင်ယာဉ်ပေါ်တွင် ယာဉ်မောင်းဖြစ်သူ ဒေါက်တာ ဝေယံမျိုးထက် အပါအဝင် ဆရာဝန်ခြောက်ဦးအနက် သုံးဦးသေဆုံးကာ သုံးဦးမှာ အပြင်းအထန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ထိုဖြစ်စဉ်ကြောင့် ဒေါက်တာ ဝေယံမျိုးထက်၊ ဒေါက်တာ အေးမြတ်သူ၊ ဒေါက်တာပန်ဂျာထွယ် တို့မှာ သေဆုံး သွားခဲ့ပြီး ဒေါက်တာ နေမျိုးစု၊ ဒေါက်တာ လှမျိုးသူ၊ ဒေါက်တာ နှင်းအိစိုး တို့မှာ ဒဏ်ရာများအသီးသီးရရှိပြီး ဖျာပုံမြို့နယ်ဆေးရုံသို့ ပရဟိတအဖွဲ့များမှ ကူညီကယ်ဆယ်ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၁၁

(  Zawgyi  )

 ဖ်ာပုံၿမိဳ႕နယ္ အမွတ္ ၁၆ ရပ္ကြက္အနီး ဖ်ာပုံ-က်ိဳက္လတ္-မအူပင္လမ္းေပၚမွာ ယေန႔(ဇြန္လ ၁၁ရက္) မနက္ ၃နာရီခြဲအခ်ိန္ခန႔္က ဓာတ္တိုင္မ်ားတင္ကာ ရပ္နားထားတဲ့ကားကို ဝင္ေရာက္တိုက္မိရာမွ သုံးဦးေသဆုံးသြားတဲ့ ျဖစ္ရပ္တစ္ခု ႀကဳံေတြ႕ခဲ့တယ္လို႔ ဖ်ာပုံၿမိဳ႕နယ္အေျခစိုက္ ကူညီကယ္ဆယ္ေရး ပရဟိတအဖြဲ႕မ်ားထံမွ သိရပါတယ္။

အဆိုပါျဖစ္စဥ္ဟာ ဓာတ္တိုင္မ်ားတင္ေဆာင္ရပ္နားထားတဲ့ ၁၀ ဘီးယာဥ္ 9H/ - - - - ကို ကိုယ္ပိုင္ယာဥ္ 6K/ - - - မွ ဝင္ေရာက္တိုက္မိခဲ့ၿပီး ကိုယ္ပိုင္ယာဥ္ေပၚတြင္ ယာဥ္ေမာင္းျဖစ္သူ ေဒါက္တာ ေဝယံမ်ိဳးထက္ အပါအဝင္ ဆရာဝန္ေျခာက္ဦးအနက္ သုံးဦးေသဆုံးကာ သုံးဦးမွာ အျပင္းအထန္ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။ ထိုျဖစ္စဥ္ေၾကာင့္ ေဒါက္တာ ေဝယံမ်ိဳးထက္၊ ေဒါက္တာ ေအးျမတ္သူ၊ ေဒါက္တာပန္ဂ်ာထြယ္ တို႔မွာ ေသဆုံး သြားခဲ့ၿပီး ေဒါက္တာ ေနမ်ိဳးစု၊ ေဒါက္တာ လွမ်ိဳးသူ၊ ေဒါက္တာ ႏွင္းအိစိုး တို႔မွာ ဒဏ္ရာမ်ားအသီးသီးရရွိၿပီး ဖ်ာပုံၿမိဳ႕နယ္ေဆး႐ုံသို႔ ပရဟိတအဖြဲ႕မ်ားမွ ကူညီကယ္ဆယ္ပို႔ေဆာင္လိုက္ရတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၁၁