ဓာတ်အားခပြုပြင်ပြောင်းလဲမှုကို ယခုအစိုးရ သက်တမ်း အတွင်း ဆောင်ရွက်သွား မည်ဟု ဆို

ဓာတ်အားခပြုပြင်ပြောင်းလဲမှုကို ယခုအစိုးရ သက်တမ်း အတွင်း ဆောင်ရွက်သွား မည်ဟု ဆို

ဓာတ်အားခပြုပြင်ပြောင်းလဲမှုများကို ယခုအစိုးရသက်တမ်းအတွင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး ကပြောပါတယ်။

“မီတာခပြောင်းလဲကောက်ခံမယ်ဆိုတာ ကျနော်တို့ကတစ်နှစ်ကို ထုတ်လုပ်မှုကုန်ကျစရိတ်ကနေ စိုက်ထုတ်သုံးစွဲနေရတာ ဘီလီယံ ၅၀၀ ကျော်လောက်ရှိပါတယ်။အကြမ်းအားဖြင့်ပြောမယ်ဆိုရင်တစ်နေ့ကို မြန်မာကျပ်(1. 2)ဘီလီယံကနေ (1.5)ဘီလီယံကျပ်လောက် နိုင်ငံတော်ကနေ စိုက်ထုတ်သုံးစွဲနေရပါတယ်။ ဒါလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ အဲ့ဒီအတွက်ကျနော်တို့က ဓာတ်အားခကိုနိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ ISC လို၊ကမ္ဘာ့ဘဏ်လိုအဖွဲ့တွေကလည်းတိုက်တွန်းလာပါတယ်။ ဒီဓာတ်အားခစနစ်နဲ့သာဆိုရင်ကျနော်တို့ပြောရမယ်ဆိုရင် အခုမီးမရဘူးဆိုတာ IPP ခေါ်တဲ့ (Independent Power Plant)ပရိုဂျူဆာတွေကလည်းမလာပါဘူး။ဘာလို့မလာဆိုရင် ဓာတ်အားခပေးတဲ့အခါ ၃၅ ကျပ်၊ ၅၀ ကျပ်၊၇၅ ကျပ် ဒီလိုနှုန်းနဲ့ပဲပေးနိုင်တဲ့အတွက်ကျနော်တို့ကသူတို့ တောင်းတဲ့ ၁၅၀ တို့ ၂၀ဝ တို့မပေးနိုင်တဲ့အတွက် IPP တွေကလည်းအဆင်မပြေပါဘူး။မပြေတဲ့အတွက် ဒီအပေါ်မှာရှုံးတာလည်းရှိတဲ့ အတွက် ကျနော်တို့ဓာတ်အားခကို မဖြစ်မနေပြုပြင်ပြောင်းလဲဖို့လို အပ်လာပါတယ်။”လို့ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး ကပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုတွေကို ယနေ့ မေ ၉ ရက်၊မွန်းလွဲပိုင်းအချိန်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်တဲ့နိုင်ငံတော် အစိုးရ၏ပြည်သူ့အတွက်တတိယတစ်နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များ၏မေးမြန်းမှုအပေါ်၎င်းက အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊မေ ၉

(  Zawgyi  )

 ဓာတ္အားချပဳျပင္ေျပာင္းလဲမႈမ်ားကို ယခုအစိုးရသက္တမ္းအတြင္းေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦး ကေျပာပါတယ္။

“မီတာခေျပာင္းလဲေကာက္ခံမယ္ဆိုတာ က်ေနာ္တို႔ကတစ္ႏွစ္ကို ထုတ္လုပ္မႈကုန္က်စရိတ္ကေန စိုက္ထုတ္သုံးစြဲေနရတာ ဘီလီယံ ၅၀၀ ေက်ာ္ေလာက္ရွိပါတယ္။အၾကမ္းအားျဖင့္ေျပာမယ္ဆိုရင္တစ္ေန႔ကို ျမန္မာက်ပ္(1. 2)ဘီလီယံကေန (1.5)ဘီလီယံက်ပ္ေလာက္ ႏိုင္ငံေတာ္ကေန စိုက္ထုတ္သုံးစြဲေနရပါတယ္။ ဒါလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမွာ အဲ့ဒီအတြက္က်ေနာ္တို႔က ဓာတ္အားခကိုႏိုင္ငံတကာမိတ္ဖက္ အဖြဲ႕အစည္းျဖစ္တဲ့ ISC လို၊ကမာၻ႔ဘဏ္လိုအဖြဲ႕ေတြကလည္းတိုက္တြန္းလာပါတယ္။ ဒီဓာတ္အားခစနစ္နဲ႔သာဆိုရင္က်ေနာ္တို႔ေျပာရမယ္ဆိုရင္ အခုမီးမရဘူးဆိုတာ IPP ေခၚတဲ့ (Independent Power Plant)ပ႐ိုဂ်ဴဆာေတြကလည္းမလာပါဘူး။ဘာလို႔မလာဆိုရင္ ဓာတ္အားခေပးတဲ့အခါ ၃၅ က်ပ္၊ ၅၀ က်ပ္၊၇၅ က်ပ္ ဒီလိုႏႈန္းနဲ႔ပဲေပးႏိုင္တဲ့အတြက္က်ေနာ္တို႔ကသူတို႔ ေတာင္းတဲ့ ၁၅၀ တို႔ ၂၀ဝ တို႔မေပးႏိုင္တဲ့အတြက္ IPP ေတြကလည္းအဆင္မေျပပါဘူး။မေျပတဲ့အတြက္ ဒီအေပၚမွာရႈံးတာလည္းရွိတဲ့ အတြက္ က်ေနာ္တို႔ဓာတ္အားခကို မျဖစ္မေနျပဳျပင္ေျပာင္းလဲဖို႔လို အပ္လာပါတယ္။”လို႔ အၿမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦး ကေျပာၾကားခဲ့ပါတယ္။

အဆိုပါေျပာၾကားမႈေတြကို ယေန႔ ေမ ၉ ရက္၊မြန္းလြဲပိုင္းအခ်ိန္က ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ က်င္းပျပဳလုပ္တဲ့ႏိုင္ငံေတာ္ အစိုးရ၏ျပည္သူ႔အတြက္တတိယတစ္ႏွစ္တာကာလအတြင္းေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ သတင္းေထာက္ မ်ား၏ေမးျမန္းမႈအေပၚ၎က အထက္ပါအတိုင္းျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ေမ ၉