နန်းခမ်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်နှင့် သစ်ခွဲစက်များ ပိုင်ရှင်မဲ့ ဖမ်းမိ

နန်းခမ်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်နှင့် သစ်ခွဲစက်များ ပိုင်ရှင်မဲ့ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ဝန်သိုမြို့နယ် ၊နန်းခမ်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်နှင့် သစ်ခွဲစက်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့ သည် ဝန်းသိုမြို့နယ်၊ နန်းခမ်းကြိုးဝိုင်းအကွက်(၅)အတွင်း တရားမဝင် သစ်စက် နှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်(၁)စီး နှင့် တရားမဝင်ကျွန်း/ ကညင်ခွဲသား (၆.၈၁၃၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍  ဆက်စပ်ပတ်သက်သူများ အား ဖမ်းဆီးရမိရေးအတွက် စီစဉ် ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဝန်းသို၊ ဇွန် ၂၇

(  Zawgyi  )

 စစ္ကိုင္းတိုင္းေဒသႀကီး၊ဝန္သိုၿမိဳ႕နယ္ ၊နန္းခမ္းႀကိဳးဝိုင္းအတြင္းမွ တရားမဝင္သစ္ႏွင့္ သစ္ခြဲစက္မ်ား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၂၅ ရက္ေန႔က စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ ဝန္းသိုၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ား၊ သစ္ေတာလုံၿခဳံေရး အဖြဲ႕ဝင္မ်ား ပါဝင္ေသာပူးေပါင္း အဖြဲ႕ သည္ ဝန္းသိုၿမိဳ႕နယ္၊ နန္းခမ္းႀကိဳးဝိုင္းအကြက္(၅)အတြင္း တရားမဝင္ သစ္စက္ ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ဆိုင္ကယ္(၁)စီး ႏွင့္ တရားမဝင္ကြၽန္း/ ကညင္ခြဲသား (၆.၈၁၃၄)တန္အား ပိုင္ရွင္မဲ့ဖမ္းဆီး ရမိခဲ့ပါတယ္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍  ဆက္စပ္ပတ္သက္သူမ်ား အား ဖမ္းဆီးရမိေရးအတြက္ စီစဥ္ ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဝန္းသို၊ ဇြန္ ၂၇