နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ရှစ်လတာအတွင်း ကန်ဒေါ်လာ ခုနှစ်ဘီလျံကျော်ဖိုး ကုန်သွယ်ခဲ့

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ရှစ်လတာအတွင်း ကန်ဒေါ်လာ ခုနှစ်ဘီလျံကျော်ဖိုး ကုန်သွယ်ခဲ့

အိမ်နီးချင်း ၅ နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ တရားဝင်ကုန်သွယ်ရာတွင် ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ ခုနှစ်ဘီလျံကျော်ရှိခဲ့ပြီး မေလ တစ်လတာအတွင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် (၁၀၇၈ ဒသမ ၁၃၃ သန်း) ရှိခဲ့တယ်လို့ ဇူလိုင် စတုတ္ထအပတ်အတွင်း ထုတ်ပြန်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါပမာဏမှာ ပြီးခဲ့သည့် ဧပြီလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၁၁ ဒသမ ၁၇၇ သန်းထက်စာရင် ၃၃ သန်း လျော့နည်းခဲ့ကာ ယခုဘဏ္ဍာနှစ်အတွင်း တတိယမြောက် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပေါ်သည့် ကာလဖြစ်ကြောင်း သိရပါတယ်။

ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ လအလိုက် ကုန်သွယ်မှုပမာဏမှာ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၆၆၆ ဒသမ ၉၉၃ သန်းဖိုး၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၇၂၄ ဒသမ ၅၀၂ သန်းဖိုး၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၆၆၈ ဒသမ ၃၉၄ သန်း၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၁၇၂ ဒသမ ၇၆၉ သန်းဖိုး၊ ဖေဖေါ်ဝါရီလတွင် ကန်ဒေါ်လာ ၇၆၅ ဒသမ ၈၆ သန်းဖိုး၊ မတ်လတွင် ကန်ဒေါ်လာ ၉၅၃ ဒသမ ၇၅၅ သန်း၊ ဧပြီလတွင် ကန်ဒေါ်လာ ၁၁၁၁ ဒသမ ၁၇၇ သန်းနှင့် မေလတွင် ကန်ဒေါ်လာ ၁၀၇၈ ဒသမ ၁၃၃ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၃၄၆၆ ဒသမ ၇၅၉ သန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၅၅၈ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၀၈၀ သန်း၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၂၁၁ သန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၆၈၇ သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၀၄ ဒသမ ၆၄၅ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၈၁ ဒသမ ၀၂၇ သန်း၊ နဘုလယ်/ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၇၇၈ ဒသမ ၄၈၅ သန်းကျော်၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၀၃၆ သန်းဖိုး စုစုပေါင်း နယ်စပ်စခန်း ၁၆ ခုမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၇၂၃၄ ဒသမ ၃၇၂ သန်းဖိုး ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကုန်သွယ်ခဲ့ရာမှာ ရှစ်လအတွင်း ပို့ကုန် ကန်ဒေါ်လာ ၅၁၃၇ ဒသမ ၈၉၃ သန်း တင်ပို့ခဲ့ပြီး သွင်းကုန် ၂၀၉၆ ဒသမ ၄၇၉ သန်း တင်သွင်းခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၃၀၄၁ ဒသမ ၄၁၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၁

( Zawgyi )

အိမ္နီးခ်င္း ၅ ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ တရားဝင္ကုန္သြယ္ရာတြင္ ယခုဘ႑ာႏွစ္ ရွစ္လတာကာလအတြင္း ကန္ေဒၚလာ ခုႏွစ္ဘီလ်ံေက်ာ္ရွိခဲ့ၿပီး ေမလ တစ္လတာအတြင္း ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ (၁၀၇၈ ဒသမ ၁၃၃ သန္း) ရွိခဲ့တယ္လို႔ ဇူလိုင္ စတုတၳအပတ္အတြင္း ထုတ္ျပန္တဲ့ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါပမာဏမွာ ၿပီးခဲ့သည့္ ဧၿပီလအတြင္း ကုန္သြယ္မႈပမာဏ ေဒၚလာ ၁၁၁၁ ဒသမ ၁၇၇ သန္းထက္စာရင္ ၃၃ သန္း ေလ်ာ့နည္းခဲ့ကာ ယခုဘ႑ာႏွစ္အတြင္း တတိယေျမာက္ ကုန္သြယ္မႈပမာဏ အမ်ားဆုံးျဖစ္ေပၚသည့္ ကာလျဖစ္ေၾကာင္း သိရပါတယ္။

ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ လအလိုက္ ကုန္သြယ္မႈပမာဏမွာ ေအာက္တိုဘာလတြင္ အေမရိကန္ေဒၚလာ ၆၆၆ ဒသမ ၉၉၃ သန္းဖိုး၊ ႏိုဝင္ဘာလတြင္ ကန္ေဒၚလာ ၇၂၄ ဒသမ ၅၀၂ သန္းဖိုး၊ ဒီဇင္ဘာလတြင္ ကန္ေဒၚလာ ၆၆၈ ဒသမ ၃၉၄ သန္း၊ ဇန္နဝါရီလတြင္ အေမရိကန္ေဒၚလာ ၁၁၇၂ ဒသမ ၇၆၉ သန္းဖိုး၊ ေဖေဖၚဝါရီလတြင္ ကန္ေဒၚလာ ၇၆၅ ဒသမ ၈၆ သန္းဖိုး၊ မတ္လတြင္ ကန္ေဒၚလာ ၉၅၃ ဒသမ ၇၅၅ သန္း၊ ဧၿပီလတြင္ ကန္ေဒၚလာ ၁၁၁၁ ဒသမ ၁၇၇ သန္းႏွင့္ ေမလတြင္ ကန္ေဒၚလာ ၁၀၇၈ ဒသမ ၁၃၃ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ရွစ္လတာကာလအတြင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ေဒၚလာ ၃၄၆၆ ဒသမ ၇၅၉ သန္း၊ လြယ္ဂ်ယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၂၉ ဒသမ ၅၅၈ သန္း၊ ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၃၈၅ ဒသမ ၀၈၀ သန္း၊ ကန္ပိုက္တီး နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၂၆၁ ဒသမ ၂၁၁ သန္း၊ တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၅၈ ဒသမ ၆၈၇ သန္း၊ ျမဝတီ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၆၀၄ ဒသမ ၆၄၅ သန္း၊ ေကာ့ေသာင္း နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၈၁ ဒသမ ၀၂၇ သန္း၊ နဘုလယ္/ထီးခီး နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၇၇၈ ဒသမ ၄၈၅ သန္းေက်ာ္၊ တမူး နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၇၈ ဒသမ ၀၃၆ သန္းဖိုး စုစုေပါင္း နယ္စပ္စခန္း ၁၆ ခုမွ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၇၂၃၄ ဒသမ ၃၇၂ သန္းဖိုး ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ ကုန္သြယ္ခဲ့ရာမွာ ရွစ္လအတြင္း ပို႔ကုန္ ကန္ေဒၚလာ ၅၁၃၇ ဒသမ ၈၉၃ သန္း တင္ပို႔ခဲ့ၿပီး သြင္းကုန္ ၂၀၉၆ ဒသမ ၄၇၉ သန္း တင္သြင္းခဲ့သျဖင့္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၃၀၄၁ ဒသမ ၄၁၄ သန္း ျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၁