နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ပြည့်မီနိုင်ရန် အရင်းအနှီးများ တဲ့ စီးမံကိန်းကြီးများ ဝင်ရောက်လာဖို့လိုအပ်နေဟုဆို

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ပြည့်မီနိုင်ရန် အရင်းအနှီးများ တဲ့ စီးမံကိန်းကြီးများ ဝင်ရောက်လာဖို့လိုအပ်နေဟုဆို

ယခုနှစ်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များ ပြည့်မီနိုင်စေဖို့အတွက် အရင်းအနှီးများတဲ့ စီးမံကိန်းကြီးများ ဆက်လက်ဝင်ရောက်လာဖို့လိုအပ်နေသေးတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ဟာ လာမယ့်စက်တင်ဘာ ၃၀ မှာ ကုန်ဆုံးမှာဖြစ်ပြီး ထိုဘဏ္ဍာရေးနှစ် တစ်ဝက်ကုန်ဆုံးချိန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၂၅၇၀ သန်းနီးပါးသာ ဝင်ရောက်ထားသလို မျှော်မှန်းချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၅၈၀၀ ပြည့်မီရန် လိုအပ်ချက်တွေ ရှိနေသလို အရင်းအနှီးများပြားတဲ့ စီမံကိန်းကြီးတွေဝင်ရောက်မှသာ ပြည့်မီနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သိရပါတယ်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့အတွက် လုပ်ထုံးလုပ်နည်းဖြေလျှော့မှုတွေကို အစိုးရဘက်က လုပ်နေသလို တစ်ဖက်မှာလည်း ဒီအပေါ်မှာ ဝန်ကြီးဌာနတွေဘက်က ပူးပေါင်းဆောင်ရွက် မှုတွေ အားကောင်းဖို့ လိုအပ်နေသေးပါတယ်”လို့ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၃၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကာလ အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၂၀ ကျော် ဝင်ရောက်ဖို့ မျှော်မှန်းထားပြီး  ၂၀၂၁ အထိ တစ်နှစ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဝင်ရောက်ဖို့် လျာထားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း(MIPP)အရ သိရပါတယ်။ ထိုရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာဖို့ဟာ မြေယာဆိုင်ရာကဏ္ဍတွေ လျှပ်စစ်မီးကဏ္ဍ၊ ကျွမ်းကျင်ဝန်ထမ်းရရှိမှုနဲ့ ချေးငွေ ရရှိမှုတွေမှာလည်း ပိုမိုအားကောင်းဖို့ လိုအပ်တယ်လို့လည်း ကျွမ်းကျင်သူတွေက အကြံပြုထားကြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ မေ ၂၁

(  Zawgyi  )

 ယခုႏွစ္ထဲမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေမွ်ာ္မွန္းခ်က္မ်ား ျပည့္မီႏိုင္ေစဖို႔အတြက္ အရင္းအႏွီးမ်ားတဲ့ စီးမံကိန္းႀကီးမ်ား ဆက္လက္ဝင္ေရာက္လာဖို႔လိုအပ္ေနေသးတယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ဟာ လာမယ့္စက္တင္ဘာ ၃၀ မွာ ကုန္ဆုံးမွာျဖစ္ၿပီး ထိုဘ႑ာေရးႏွစ္ တစ္ဝက္ကုန္ဆုံးခ်ိန္မွာေတာ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဟာ အေမရိကန္ေဒၚလာ ၂၅၇၀ သန္းနီးပါးသာ ဝင္ေရာက္ထားသလို ေမွ်ာ္မွန္းခ်က္ျဖစ္တဲ့ အေမရိကန္ေဒၚလာ သန္း ၅၈၀၀ ျပည့္မီရန္ လိုအပ္ခ်က္ေတြ ရွိေနသလို အရင္းအႏွီးမ်ားျပားတဲ့ စီမံကိန္းႀကီးေတြဝင္ေရာက္မွသာ ျပည့္မီႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ သိရပါတယ္။ “ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုမိုဝင္ေရာက္လာဖို႔အတြက္ လုပ္ထုံးလုပ္နည္းေျဖေလွ်ာ့မႈေတြကို အစိုးရဘက္က လုပ္ေနသလို တစ္ဖက္မွာလည္း ဒီအေပၚမွာ ဝန္ႀကီးဌာနေတြဘက္က ပူးေပါင္းေဆာင္႐ြက္ မႈေတြ အားေကာင္းဖို႔ လိုအပ္ေနေသးပါတယ္”လို႔ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၆ ခုႏွစ္ကေန ၂၀၃၆ ခုႏွစ္အထိ ႏွစ္ေပါင္း ၂၀ ကာလ အတြင္း ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ အေမရိကန္ေဒၚလာ ဘီလီယံ ၂၂၀ ေက်ာ္ ဝင္ေရာက္ဖို႔ ေမွ်ာ္မွန္းထားၿပီး  ၂၀၂၁ အထိ တစ္ႏွစ္ကို ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံဝင္ေရာက္ဖို႔္ လ်ာထားတယ္လို႔ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈ ျမႇင့္တင္ေရးစီမံကိန္း(MIPP)အရ သိရပါတယ္။ ထိုရင္းႏွီးျမႇဳပ္ႏွံမႈေတြ အားေကာင္းလာဖို႔ဟာ ေျမယာဆိုင္ရာက႑ေတြ လွ်ပ္စစ္မီးက႑၊ ကြၽမ္းက်င္ဝန္ထမ္းရရွိမႈနဲ႔ ေခ်းေငြ ရရွိမႈေတြမွာလည္း ပိုမိုအားေကာင္းဖို႔ လိုအပ္တယ္လို႔လည္း ကြၽမ္းက်င္သူေတြက အႀကံျပဳထားၾကပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေမ ၂၁