နိုင်ငံတကာအဆင့်မီ ငါးပြတိုက်အချိန်မီဖွင့်လှစ်နိုင်ရေး ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် Myanmar Aquariums ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံ

နိုင်ငံတကာအဆင့်မီ ငါးပြတိုက်အချိန်မီဖွင့်လှစ်နိုင်ရေး ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် Myanmar Aquariums ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံ

နိုင်ငံတကာအဆင့်မီ ငါးပြတိုက်အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Myanmar Aquariums ကုမ္ပဏီမှတာန်ရှိသူများသည် ဒီကနေ့ မေ ၁၃ ရက်၊နံနက် ၁၁ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ခန်းမ(၄)မှာ တွေဆုံ ဆွေးနွေးမှုတွေ ကိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အား အဆိုပါကုမ္ပဏီလီမိတက်မှတာဝန်ရှိသူများက ရန်ကုန်မြို့၏ အဆင့်မီရေအောက်ကမ္ဘာငါးပြတိုက် အချိန်မီဖွင့်လှစ်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တွေ့ဆုံပွဲသို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ Myanmar Aquariums နိုင်ငံတကာအဆင့်မီငါးပြတိုက်အဆောက်အအုံဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် မုတ္တမဟိုးလ်ဒင်းလိမီတက်တို့မှနှစ်ရှည်ငှားရမ်းစာချုပ်ဖြင့် တွဲဖက်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံရှိ Sd Surbana မှဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။Myanmar Aquariums ကုမ္ပဏီလီမိတက်မှဆောက်လုပ်နေသော ယင်းငါးပြတိုက်သည် ရေချို၊ ရေငန်နှစ်မျိုး၊နှစ်စား ပါဝင်သော ငါးပြတိုက်ဖြစ်ပြီး ရှားပါးပြီးတွေ့ရန်ခက်ခဲသည့် ရေအောက်သတ္တဝါမျိုးစုံနှင့်၎င်း တို့၏နေထိုင်သွားလာမှုပုံစံ အပါအဝင် ငါးဖမ်းအလုပ်သမားများ၏ လူနေမှုပုံစံစသည့်တို့ကိုပါ ကြည့်ရှုလေ့လာနိုင်မည့် နေရာတစ်ခုအဖြစ်ဖန်တီးတည်ဆောက်လျက်ရသလို ငါးပြတိုက်သို့ လာရောက်လေ့လာအပန်းဖြေကြသူများ အနေဖြင့်လည်း ၎င်းနေရာများသို့ အမှန်တကယ်ရောက် သွားရသကဲ့သို့၊ ပင်လယ် သမုဒ္ဒရာထဲ ရှိ ရေသတ္တဝါများကိုအနီးကပ် ထိတွေ့ခံစားရသလို အတွေ့အကြုံမျိုးရရှိနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၃
ဓါတ်ပုံ - ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး။

(   Zawgyi   )

 ႏိုင္ငံတကာအဆင့္မီ ငါးျပတိုက္အခ်ိန္မီဖြင့္လွစ္ႏိုင္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး၊ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ Myanmar Aquariums ကုမၸဏီမွတာန္ရွိသူမ်ားသည္ ဒီကေန႔ ေမ ၁၃ ရက္၊နံနက္ ၁၁ နာရီအခ်ိန္တြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ခန္းမ(၄)မွာ ေတြဆုံ ေဆြးေႏြးမႈေတြ ကိုျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ေတြ႕ဆုံရာတြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အား အဆိုပါကုမၸဏီလီမိတက္မွတာဝန္ရွိသူမ်ားက ရန္ကုန္ၿမိဳ႕၏ အဆင့္မီေရေအာက္ကမာၻငါးျပတိုက္ အခ်ိန္မီဖြင့္လွစ္ႏိုင္ေရးကိစၥႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပခဲ့ၾကၿပီး ေတြ႕ဆုံပြဲသို႔ ရခိုင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဆိုပါ Myanmar Aquariums ႏိုင္ငံတကာအဆင့္မီငါးျပတိုက္အေဆာက္အအုံေဆာက္လုပ္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး၊ ငါးလုပ္ငန္း ဦးစီးဌာနႏွင့္ မုတၱမဟိုးလ္ဒင္းလိမီတက္တို႔မွႏွစ္ရွည္ငွားရမ္းစာခ်ဳပ္ျဖင့္ တြဲဖက္ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး စင္ကာပူႏိုင္ငံရွိ Sd Surbana မွဒီဇိုင္းေရးဆြဲေပးထားျခင္းျဖစ္တယ္လို႔ သိရပါတယ္။Myanmar Aquariums ကုမၸဏီလီမိတက္မွေဆာက္လုပ္ေနေသာ ယင္းငါးျပတိုက္သည္ ေရခ်ိဳ၊ ေရငန္ႏွစ္မ်ိဳး၊ႏွစ္စား ပါဝင္ေသာ ငါးျပတိုက္ျဖစ္ၿပီး ရွားပါးၿပီးေတြ႕ရန္ခက္ခဲသည့္ ေရေအာက္သတၱဝါမ်ိဳးစုံႏွင့္၎ တို႔၏ေနထိုင္သြားလာမႈပုံစံ အပါအဝင္ ငါးဖမ္းအလုပ္သမားမ်ား၏ လူေနမႈပုံစံစသည့္တို႔ကိုပါ ၾကည့္ရႈေလ့လာႏိုင္မည့္ ေနရာတစ္ခုအျဖစ္ဖန္တီးတည္ေဆာက္လ်က္ရသလို ငါးျပတိုက္သို႔ လာေရာက္ေလ့လာအပန္းေျဖၾကသူမ်ား အေနျဖင့္လည္း ၎ေနရာမ်ားသို႔ အမွန္တကယ္ေရာက္ သြားရသကဲ့သို႔၊ ပင္လယ္ သမုဒၵရာထဲ ရွိ ေရသတၱဝါမ်ားကိုအနီးကပ္ ထိေတြ႕ခံစားရသလို အေတြ႕အႀကဳံမ်ိဳးရရွိႏိုင္မွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၃
ဓါတ္ပုံ - ရန္ကုန္တိုင္းအစိုးရအဖြဲ႕႐ုံး။