နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ နေပြည်တော် (Wisdom Hill) မူကြိုကျောင်းအမှုနှင့် ပတ်သက်၍ မျက်ကွယ်ပြုခြင်း အလျင်းမရှိ၊ လစ်လျူရှုခြင်း အလျင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူမှ ပြော

နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ နေပြည်တော် (Wisdom Hill) မူကြိုကျောင်းအမှုနှင့် ပတ်သက်၍ မျက်ကွယ်ပြုခြင်း အလျင်းမရှိ၊ လစ်လျူရှုခြင်း အလျင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူမှ ပြော

နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ နေပြည်တော် (Wisdom Hill) မူကြိုကျောင်းအမှုနှင့် ပတ်သက်၍ မျက်ကွယ်ပြုခြင်း အလျင်းမရှိ၊ လစ်လျူရှုခြင်း အလျင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး မှ ပြောပါတယ်။

"(Wisdom Hill) ကျောင်းကိစ္စဖြစ်ပါတယ်၊ အဲ့ဒါနဲ့ပတ်သက်လို့ ဒီကျောင်းကိစ္စ ဖြစ်စဉ်ဟာ အားလုံးသိပြီးဖြစ်ပါတယ်၊ ဒီအပေါ်မှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဒီကိစ္စနဲ့ပတ်သက်လို့ မျက်ကွယ်ပြုမထားဘူး၊ လစ်လျူရှုမထားဘူး၊ ဒါနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်အောင် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိတဲ့သူတွေကို အားလုံးညွန်ကြားထားပြီး ဖြစ်ပါတယ်၊ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စပြီးဖြစ်ကတည်းက သိပါတယ်၊ သိတဲ့အပေါ်မှာလည်း တာဝန်ရှိတဲ့သူတွေကိုလည်း ညွှန်ကြားထားပါတယ်၊ ဒီရက်ပိုင်းမှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ သဘောထားနဲ့ ရပ်တည်ချက်ကတော့ ဒီအပေါ်မှာ ကျနော်တို့ Watch လုပ်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ လစ်လျူရှုထားခြင်း အလျင်းမရှိပါဘူး၊ မျက်ကွယ်ပြုထားခြင်း အလျင်းမရှိပါဘူး၊ အဲ့ဒါနဲ့ပတ်သက်လို့ အမှုမှန်မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ ဒါကို အလေးအနက်မှာကြားထားပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေအားလုံး မှာကြားထားပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူချုပ် ဦးဇော်ဌေး မှ ပြောကြားခဲ့ပါတယ်။

ယမန်နေ့ညနေပိုင်း၊ နေပြည်တော်၊ သမ္မတအိမ်တော်ဝန်းရှိ၊ မီဒီယာစင်တာတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ ဇူလိုင် - ၆

( Zawgyi )

ႏိုင္ငံေတာ္သမၼတႀကီးႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔မွ ေနျပည္ေတာ္ (Wisdom Hill) မူႀကိဳေက်ာင္းအမႈႏွင့္ ပတ္သက္၍ မ်က္ကြယ္ျပဳျခင္း အလ်င္းမရွိ၊ လစ္လ်ဴရႈျခင္း အလ်င္းမရွိေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး မွ ေျပာပါတယ္။

"(Wisdom Hill) ေက်ာင္းကိစၥျဖစ္ပါတယ္၊ အဲ့ဒါနဲ႔ပတ္သက္လို႔ ဒီေက်ာင္းကိစၥ ျဖစ္စဥ္ဟာ အားလုံးသိၿပီးျဖစ္ပါတယ္၊ ဒီအေပၚမွာေတာ့ ႏိုင္ငံေတာ္သမၼတႀကီးနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔က ဒီကိစၥနဲ႔ပတ္သက္လို႔ မ်က္ကြယ္ျပဳမထားဘူး၊ လစ္လ်ဴရႈမထားဘူး၊ ဒါနဲ႔ပတ္သက္လို႔ အမႈမွန္ေပၚေပါက္ေအာင္ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တာဝန္ရွိတဲ့သူေတြကို အားလုံးၫြန္ၾကားထားၿပီး ျဖစ္ပါတယ္၊ ႏိုင္ငံေတာ္သမၼတႀကီးနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔က စၿပီးျဖစ္ကတည္းက သိပါတယ္၊ သိတဲ့အေပၚမွာလည္း တာဝန္ရွိတဲ့သူေတြကိုလည္း ၫႊန္ၾကားထားပါတယ္၊ ဒီရက္ပိုင္းမွာလည္း ဒီကိစၥေတြနဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးမႈေတြ သမၼတႀကီးနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ သေဘာထားနဲ႔ ရပ္တည္ခ်က္ကေတာ့ ဒီအေပၚမွာ က်ေနာ္တို႔ Watch လုပ္ပါတယ္၊ ဒါနဲ႔ပတ္သက္လို႔ လစ္လ်ဴရႈထားျခင္း အလ်င္းမရွိပါဘူး၊ မ်က္ကြယ္ျပဳထားျခင္း အလ်င္းမရွိပါဘူး၊ အဲ့ဒါနဲ႔ပတ္သက္လို႔ အမႈမွန္ျမန္ျမန္ဆန္ဆန္ မွန္မွန္ကန္ကန္ ေဖာ္ထုတ္ၿပီး အေရးယူႏိုင္ဖို႔ ဒါကို အေလးအနက္မွာၾကားထားပါတယ္၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိတဲ့သူေတြအားလုံး မွာၾကားထားပါတယ္" ဟု ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉခ်ဳပ္ ဦးေဇာ္ေဌး မွ ေျပာၾကားခဲ့ပါတယ္။

ယမန္ေန႔ညေနပိုင္း၊ ေနျပည္ေတာ္၊ သမၼတအိမ္ေတာ္ဝန္းရွိ၊ မီဒီယာစင္တာတြင္ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းလည္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ဇူလိုင္ - ၆