နိုင်ငံတော်အကျိုးစီးပွားဆိုသည်ကိုသာ ဦးစားပေးလွန်းပါက ပြည်သူများအတွက် ကျန်သွားနိုင် ဟု သူရဦးရွှေမန်း ပြောကြား

နိုင်ငံတော်အကျိုးစီးပွားဆိုသည်ကိုသာ ဦးစားပေးလွန်းပါက ပြည်သူများအတွက် ကျန်သွားနိုင် ဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူ့အခွင့်အရေးနှင့် အကျိုးစီးပွားကို မှန်ကန်မျှတစွာ ရရှိအောင် အလေးထားဖော်ဆောင်ခြင်းမပြုဘဲ နိုင်ငံတော်အကျိုးစီးပွား ဆိုသည်ကိုသာ ဦးစားပေးလွန်းလျှင်လည်း ပြည်သူများအတွက် ကျန်သွားနိုင်ပါတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ခေါင်းဆောင် သူရဦးရွှေမန်း ကပြောပါတယ်။

ဒါ့အပြင် ၎င်းက နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုသလို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး နှစ်ခုလုံးရည်မှန်း ချက်ထားရှိ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ “ပြည်သူ့အခွင့်အရေးနှင့် အကျိုးစီးပွားကို မှန်ကန်မျှတစွာ ရရှိအောင်အလေးထား
ဖော်ဆောင်ခြင်း မပြုဘဲ နိုင်ငံတော်အကျိုးစီးပွား ဆိုသည်ကိုသာ ဦးစားပေးလွန်းလျှင်လည်း ပြည်သူများအတွက် ကျန်သွားနိုင်ပါတယ်။UBP ပါတီအနေနဲ့ပါတီ၏မူဝါဒ ၂၂ ချက်နှင့်လုပ်ငန်းစဉ် ၈၁ ခု ချမှတ်ထားရာအခြေအနေ၊ အချိန်အခါအရ ဆီလျော်မှုရှိပြီး အကောင်းဆုံးလို့ယူဆ ပါတယ်။သို့ရာတွင် ပြီးပြည့်စုံပြီဟူ၍ မယူဆပါဘူး။ပြည်သူများ၏ဆန္ဒ၊လိုလားချက်၊သဘောထားနှင့် အကြုံပြုချက်တို့အရ သုံးသပ်၍ ဖြည့်စွက်ပြင်ဆင်မှာဖြစ်ပါတယ်။

အဓိကခံယူထားသည်မှာ ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်။”လို့ သူရဦးရွှေမန်း ကပြောကြားခဲ့တာပါ။အဆိုပါပြောကြားမှု ဇွန် ၂၆ ရက်နေ့က ဒိုက်ဦးမြို့နယ်မှာပြုလုပ်တဲ့ UBP ပါတီနှင့်ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံ ဆွေးနွေးပွဲမှာ UBP ပါတီခေါင်းဆောင် သူရဦးရွှေန်းက ပြောကြာခဲ့တာပါ။ယင်းတွေ့ဆုံပွဲသို့ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စားကြသူများက တက်ရောက်လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဇွန် ၂၇
ဓါတ်ပုံ - UBP

(  Zawgyi  )

 ျပည္သူ႔အခြင့္အေရးႏွင့္ အက်ိဳးစီးပြားကို မွန္ကန္မွ်တစြာ ရရွိေအာင္ အေလးထားေဖာ္ေဆာင္ျခင္းမျပဳဘဲ ႏိုင္ငံေတာ္အက်ိဳးစီးပြား ဆိုသည္ကိုသာ ဦးစားေပးလြန္းလွ်င္လည္း ျပည္သူမ်ားအတြက္ က်န္သြားႏိုင္ပါတယ္လို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)ေခါင္းေဆာင္ သူရဦးေ႐ႊမန္း ကေျပာပါတယ္။

ဒါ့အျပင္ ၎က ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္လိုသလို ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳး ႏွစ္ခုလုံးရည္မွန္း ခ်က္ထားရွိ ေဆာင္႐ြက္ရမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ “ျပည္သူ႔အခြင့္အေရးႏွင့္ အက်ိဳးစီးပြားကို မွန္ကန္မွ်တစြာ ရရွိေအာင္အေလးထား
ေဖာ္ေဆာင္ျခင္း မျပဳဘဲ ႏိုင္ငံေတာ္အက်ိဳးစီးပြား ဆိုသည္ကိုသာ ဦးစားေပးလြန္းလွ်င္လည္း ျပည္သူမ်ားအတြက္ က်န္သြားႏိုင္ပါတယ္။UBP ပါတီအေနနဲ႔ပါတီ၏မူဝါဒ ၂၂ ခ်က္ႏွင့္လုပ္ငန္းစဥ္ ၈၁ ခု ခ်မွတ္ထားရာအေျခအေန၊ အခ်ိန္အခါအရ ဆီေလ်ာ္မႈရွိၿပီး အေကာင္းဆုံးလို႔ယူဆ ပါတယ္။သို႔ရာတြင္ ၿပီးျပည့္စုံၿပီဟူ၍ မယူဆပါဘူး။ျပည္သူမ်ား၏ဆႏၵ၊လိုလားခ်က္၊သေဘာထားႏွင့္ အႀကဳံျပဳခ်က္တို႔အရ သုံးသပ္၍ ျဖည့္စြက္ျပင္ဆင္မွာျဖစ္ပါတယ္။

အဓိကခံယူထားသည္မွာ ျပည္သူမ်ား၏ ဆႏၵႏွင့္လိုအပ္ခ်က္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမွာျဖစ္တယ္။”လို႔ သူရဦးေ႐ႊမန္း ကေျပာၾကားခဲ့တာပါ။အဆိုပါေျပာၾကားမႈ ဇြန္ ၂၆ ရက္ေန႔က ဒိုက္ဦးၿမိဳ႕နယ္မွာျပဳလုပ္တဲ့ UBP ပါတီႏွင့္ေဒသခံျပည္သူလူထုမ်ားႏွင့္ေတြ႕ဆုံ ေဆြးေႏြးပြဲမွာ UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊန္းက ေျပာၾကာခဲ့တာပါ။ယင္းေတြ႕ဆုံပြဲသို႔ ပါတီ၏ေခါင္းေဆာင္ သူရဦးေ႐ႊမန္းႏွင့္ ပါတီမွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူမႈအဖြဲ႕အစည္းမ်ား၊ ပါတီဝင္အျဖစ္ အဆိုျပဳထားသူမ်ား၊ ပါတီအေပၚ စိတ္ဝင္စားၾကသူမ်ားက တက္ေရာက္ေလ့လာခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ဇြန္ ၂၇
ဓါတ္ပုံ - UBP