နိုင်ငံပိုင်ကဏ္ဍမှ ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ လေးဘီလျံနီးပါး ကုန်သွယ်ခဲ့

နိုင်ငံပိုင်ကဏ္ဍမှ ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ လေးဘီလျံနီးပါး ကုန်သွယ်ခဲ့

ဇူလိုင် စတုတ္ထအပတ်အတွင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှုအခြေအနေ စာရင်းအချက်အလက်များအရ နိုင်ငံပိုင်ကဏ္ဍမှ  ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ လေးဘီလျံနီးပါး ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ၊ မေ စသည့် ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာတွင် နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၃၉၄၆ ဒသမ ၅၈၇ သန်းရှိခဲ့ရာ အဆိုပါပမာဏတွင် ပို့ကုန် ကန်ဒေါ်လာ ၃၂၅၇ ဒသမ ၈၂၉ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၆၈၈ ဒသမ ၇၅၈ သန်းရှိခဲ့ကာ ရှစ်လတာကာလအတွင်း ကုန်သွယ်ရေးပိုငွေ နှစ်ဘီလျံခွဲကျော် (၂၅၆၉ ဒသမ ၀၇၁ သန်း) ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလအတွင်း ကုန်သွယ်မှုကို ပြန်ကြည့်ပါက စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၂  ဒသမ ၄၉၉ သန်းရှိခဲ့ပြီး နိုင်ငံပိုင်ကဏ္ဍမှ တစ်လပျှမ်းမျှကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။အဆိုပါ နိုင်ငံပိုင်ကဏ္ဍမှ ကုန်သွယ်မှု ကန်ဒေါ်လာ လေးဘီလျံနီးပါးတွင် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၉၈၂ ဒသမ၂၁၈ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၂၉၆၄ ဒသမ ၃၇၇ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

အရပ်သားအစိုးရလက်ထက် နိုင်ငံပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂၄ ဒသမ ၀၅၇ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆၂၉၁ ဒသမ ၈၈၃ သန်းနှင့် ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၂၉၆၉ ဒသမ ၈ ၄၂၄ သန်း ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။    

PWA
Photo Credit : www.mitt.com.mm
ရန်ကုန်၊ ဇူလိုင် - ၃၁

( Zawgyi )

ဇူလိုင္ စတုတၳအပတ္အတြင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ခဲ့တဲ့ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ႏိုင္ငံပိုင္၊ ပုဂၢလိကပိုင္ ကုန္သြယ္မႈအေျခအေန စာရင္းအခ်က္အလက္မ်ားအရ ႏိုင္ငံပိုင္က႑မွ  ရွစ္လတာကာလအတြင္း ကန္ေဒၚလာ ေလးဘီလ်ံနီးပါး ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖၚဝါရီ၊ မတ္၊ ဧၿပီ၊ ေမ စသည့္ ရွစ္လတာကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ရာတြင္ ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၃၉၄၆ ဒသမ ၅၈၇ သန္းရွိခဲ့ရာ အဆိုပါပမာဏတြင္ ပို႔ကုန္ ကန္ေဒၚလာ ၃၂၅၇ ဒသမ ၈၂၉ သန္း၊ သြင္းကုန္ ကန္ေဒၚလာ ၆၈၈ ဒသမ ၇၅၈ သန္းရွိခဲ့ကာ ရွစ္လတာကာလအတြင္း ကုန္သြယ္ေရးပိုေငြ ႏွစ္ဘီလ်ံခြဲေက်ာ္ (၂၅၆၉ ဒသမ ၀၇၁ သန္း) ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ဧၿပီလအတြင္း ကုန္သြယ္မႈကို ျပန္ၾကည့္ပါက စုစုေပါင္းကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၄၄၂  ဒသမ ၄၉၉ သန္းရွိခဲ့ၿပီး ႏိုင္ငံပိုင္က႑မွ တစ္လပွ်မ္းမွ်ကုန္သြယ္မႈ ကန္ေဒၚလာ သန္း ၅၀၀ နီးပါး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။အဆိုပါ ႏိုင္ငံပိုင္က႑မွ ကုန္သြယ္မႈ ကန္ေဒၚလာ ေလးဘီလ်ံနီးပါးတြင္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၉၈၂ ဒသမ၂၁၈ သန္းႏွင့္ နယ္စပ္ကုန္သြယ္ေရးမွ ၂၉၆၄ ဒသမ ၃၇၇ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

အရပ္သားအစိုးရလက္ထက္ ႏိုင္ငံပိုင္က႑မွ ကုန္သြယ္ရာတြင္  ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၂၄ ဒသမ ၀၅၇ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၆၂၉၁ ဒသမ ၈၈၃ သန္းႏွင့္ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၂၉၆၉ ဒသမ ၈ ၄၂၄ သန္း ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။    

PWA
Photo Credit : www.mitt.com.mm
ရန္ကုန္၊ ဇူလိုင္ - ၃၁