နေပြည်တော် Wisdom Hill ကျောင်းVictoria အမှုပထမဦးဆုံးစတင်ရုံးထုတ်၊ယင်းအမှုအားတရားသူကြီး (၂)ပါး ထိုင်၊ခုံရုံဖွဲစစ်ဆေးမည်။

နေပြည်တော် Wisdom Hill ကျောင်းVictoria အမှုပထမဦးဆုံးစတင်ရုံးထုတ်၊ယင်းအမှုအားတရားသူကြီး (၂)ပါး ထိုင်၊ခုံရုံဖွဲစစ်ဆေးမည်။

နေပြည်တော် Wisdom Hill ကျောင်းVictoria အမှုယနေ့နံနက်ပိုင်းနေပြည်တော်၊ဒက္ခိဏခရိုင်တရားရုံးတွင် ယင်းအမှုနှင့် တရားစွဲတင်ခံရသူ ယာဉ်မောင်းအောင်ကျော်မျိုး(ခ)အောင်ကြီးအား စတင်ရုံးထုတ်ခဲ့ပြီးယင်း အမှုအားတရားသူကြီး(၂)ပါးထိုင်၊ခုံရုံဖွဲစစ်ဆေးသွားဖြစ်ကြောင်း ဒက္ခိဏခရိုင်တရားရုံး၊သတင်းပြန်ကြား ရေး၊ဒုတိယခရိုင်တရားသူကြီးဒေါ်သီတာနွယ်မှပြောကြားခဲ့ပါတယ်။

“ဒီရာဇဝတ်ကြီးအမှုအမှတ်(၇၆)အမှုမှာပြည်သူတွေစိတ်ဝင်စားပြီး၊အရေးကြီးတဲ့အမှုဖြစ်တဲ့အတွက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြည်ထောင်စုတရားလွှတ်တော်တရားစီရင်ရေးပုဒ်မ(၂၃-ခ)အရတရားသူကြီး(၂)ဦး ပါဝင်တဲ့ခုံအဖွဲ့နဲ့ စစ်ဆေးဖို့ရန် တာဝန်ပေးအပ်ခဲ့ ပါတယ်၊ ဥက္ကဋ္ဌအဖြစ်ခရိုင်တရားသူကြီးဦးတင့်လွင်မှပါဝင်ပြီးအဖွဲ့ ဝင်အဖြစ်ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးမှဆောင်ရွက်သွား မှာဖြစ်ပါတယ်။

ဒီနေ့ရုံချိန်းမှာတော့အစွပ်စွဲခံရသူ ဖက်မှလိုက်ပါဆောင်ရွက်မယ့် ရှေ့နေများနဲ့ ဥပဒေအရာရှိရဲ့ညွန်ကြားချက်နဲ့ တရားလို ဖက်မှ လိုက်ပါဆောင်ရွက် မယ့်ရှေ့နေတွေကကိုယ်စားလှယ်စာတင်သွင်သွားခဲ့ကြပါတယ်။စွပ်စွဲခံရသူဖက်ကတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေဦးနှင့်အထက်တန်း ရှေ့နေဦးသဲမောင်မောင်က ကိုယ်စားလှယ်စာတင် ပါတယ်။တရားလိုဖက်မှဥပဒေအရာရှိညွန်ကြားချက်နဲ့လိုက်ပါဆောင်ရွက်မဲ့တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နု အောင်၊ဦးမျိုးဇော်အောင်နဲ့ ဒေါ်လှဝင်းသန်းတို့က ကိုယ်စားလှယ်စားတင်ပါတယ်။

နောက်ရုံးချိန်းကိုတော့၂၀၁၉ ခုနှစ်၊ဇူလိုင်လ(၂၄)ကိုချိန်ဆိုပါတယ်။အဲ့ဒီနေ့မှာမူခင်းစီမံခန့်ခွဲမှုအစည်းအဝေးလည်းပြုလုပ်ပါမယ်။ယင်းနေ့မှာ အဆင်သင့်ဖြစ်ခဲ့ပါယင်တရားလိုကို စတင်စစ်ဆေးပါမယ်။ ဒီကနေ့ကတော့တရားလိုဖက်ကလိုက်ပါ ဆောင် ရွက်မယ့် ရှေ့နေတွေ ကိုယ်စားလှယ် စာတင်တယ်။စွပ်စွဲခံရသူဖက်ကလည်ငှားရမ်းထားတဲ့လိုက်ပါဆောင် ရွက် ကြမဲ့ရှေ့နေတွေကိုယ်စားလှယ် စာတင်တဲ့အတွက် ဒီနေ့ ရုံးချိန်မှာတော့ ဒီလောက်ဘဲဆောင်ရွက် ခဲ့ကြတာ ဘဲဖြစ်ပါတယ်။

ကျမတို့အခုဆိုရင်နိုင်ငံတစ်ဝန်းမှာမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နဲ့ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် သတ်မှတ်ထားတဲ့ရက်အပါ တွင်းပြီးအောင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်၊တရားလိုဖက်မှာတရားလိုရယ်၊နောက်ထပ်သက်သေက(၂၆)ယောက်ဆိုတော့ အားလုံး(၂၇)ယောက် ဖြစ်ပါတယ်။ တရားခံဖက်ကတော ပြောလို့ မရ သေး တဲ့အတွက်အမှု စစ်ဆေးပေါ်ပေါက်ချက် အရ တရားခံကအပြစ်ရှိမှ စွဲချက် တင်ပြီးတော့ မှသူဖက်ကနေပြီးမှ တရားခံပြသက်သေတင်ပြလို့ရမှာဖြစ်ပါတယ်။ကျမတို့တရားရုံးအနေနဲ့ကိုယ့်တရားရုံးကိုစွဲတင်ထားတဲ့အမှုကို ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ၊ဥပဒေနဲ့အညီစီရင်ဆုံးဖြတ်သွားကြတာဘဲဖြစ်ပါတယ် “ ဟုဒုတိယခရိုင် တရားသူကြီးဒေါ်သီတာနွယ်က သတင်းမီဒီယာများ အားရှင်းလင်းပြောကြားခဲ့ပါတယ်။

နေပြည်တော်၊ဒက္ခိဏခရိုင်တရာရုံးတွင်Victoria အမှုနှင့်ပတ်သက်၍ယနေ့ရုံးချိန်းတွင်ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ခံရသူကျောင်းကြီးကြပ်ရေးမှူး ၏ယာဉ်မောင်းအောင်ကျော်မျိုး(ခ) အောင်ကြီးအားစတင်ရုံး ထုတ်ခဲ့သော်လည်း၊ အမှုစတင် စစ်ဆေးခြင်း မပြုသေးဘဲ နှစ်ဖက်ရှေ့နေများကိုယ်စားလှယ်စာတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးရုံချိန်းအား လာမည့် ဇူလိုင်လ(၂၄) ရက်နေ့သို့ပြန်လည်ချိန်ဆိုခဲ့ပါတယ်။ယင်းVictoria အမှုအားယနေ့ဒက္ခိဏခရိုင်တရားရုံး၏ရုံးချိန်သို့လာရောက်ဝန်ရံ သူများမှာလည်း Justice for Victoria စတစ်ကာပါ အင်္ကျီများ ဝတ်ဆင်၍ လာရောက်ရောက်ဝန်းရံနေကြပြီး ယင်းအမှုကို စိတ်ဝင်စားသည့် ပြည်သူ အများအပြားလည်း လာရောက်ကြည့်ရှုနေကြသည် ကိုလည်းတွေ့ ရှိရပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၅။

(  Zawgyi  )

 ေနျပည္ေတာ္ Wisdom Hill ေက်ာင္းVictoria အမႈယေန႔နံနက္ပိုင္းေနျပည္ေတာ္၊ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ ယင္းအမႈႏွင့္ တရားစြဲတင္ခံရသူ ယာဥ္ေမာင္းေအာင္ေက်ာ္မ်ိဳး(ခ)ေအာင္ႀကီးအား စတင္႐ုံးထုတ္ခဲ့ၿပီးယင္း အမႈအားတရားသူႀကီး(၂)ပါးထိုင္၊ခုံ႐ုံဖြဲစစ္ေဆးသြားျဖစ္ေၾကာင္း ဒကၡိဏခ႐ိုင္တရား႐ုံး၊သတင္းျပန္ၾကား ေရး၊ဒုတိယခ႐ိုင္တရားသူႀကီးေဒၚသီတာႏြယ္မွေျပာၾကားခဲ့ပါတယ္။

“ဒီရာဇဝတ္ႀကီးအမႈအမွတ္(၇၆)အမႈမွာျပည္သူေတြစိတ္ဝင္စားၿပီး၊အေရးႀကီးတဲ့အမႈျဖစ္တဲ့အတြက္ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ကေနျပည္ေထာင္စုတရားလႊတ္ေတာ္တရားစီရင္ေရးပုဒ္မ(၂၃-ခ)အရတရားသူႀကီး(၂)ဦး ပါဝင္တဲ့ခုံအဖြဲ႕နဲ႔ စစ္ေဆးဖို႔ရန္ တာဝန္ေပးအပ္ခဲ့ ပါတယ္၊ ဥကၠ႒အျဖစ္ခ႐ိုင္တရားသူႀကီးဦးတင့္လြင္မွပါဝင္ၿပီးအဖြဲ႕ ဝင္အျဖစ္ဒုတိယခ႐ိုင္ တရားသူႀကီး ဦးညိဳေဌးမွေဆာင္႐ြက္သြား မွာျဖစ္ပါတယ္။

ဒီေန႔႐ုံခ်ိန္းမွာေတာ့အစြပ္စြဲခံရသူ ဖက္မွလိုက္ပါေဆာင္႐ြက္မယ့္ ေရွ႕ေနမ်ားနဲ႔ ဥပေဒအရာရွိရဲ႕ၫြန္ၾကားခ်က္နဲ႔ တရားလို ဖက္မွ လိုက္ပါေဆာင္႐ြက္ မယ့္ေရွ႕ေနေတြကကိုယ္စားလွယ္စာတင္သြင္သြားခဲ့ၾကပါတယ္။စြပ္စြဲခံရသူဖက္ကတရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္၊ ေဒၚစုဒါလီေအာင္၊ ဦးေနဦးႏွင့္အထက္တန္း ေရွ႕ေနဦးသဲေမာင္ေမာင္က ကိုယ္စားလွယ္စာတင္ ပါတယ္။တရားလိုဖက္မွဥပေဒအရာရွိၫြန္ၾကားခ်က္နဲ႔လိုက္ပါေဆာင္႐ြက္မဲ့တရားလႊတ္ေတာ္ေရွ႕ေနေဒၚ႐ြက္ႏု ေအာင္၊ဦးမ်ိဳးေဇာ္ေအာင္နဲ႔ ေဒၚလွဝင္းသန္းတို႔က ကိုယ္စားလွယ္စားတင္ပါတယ္။

ေနာက္႐ုံးခ်ိန္းကိုေတာ့၂၀၁၉ ခုႏွစ္၊ဇူလိုင္လ(၂၄)ကိုခ်ိန္ဆိုပါတယ္။အဲ့ဒီေန႔မွာမူခင္းစီမံခန႔္ခြဲမႈအစည္းအေဝးလည္းျပဳလုပ္ပါမယ္။ယင္းေန႔မွာ အဆင္သင့္ျဖစ္ခဲ့ပါယင္တရားလိုကို စတင္စစ္ေဆးပါမယ္။ ဒီကေန႔ကေတာ့တရားလိုဖက္ကလိုက္ပါ ေဆာင္ ႐ြက္မယ့္ ေရွ႕ေနေတြ ကိုယ္စားလွယ္ စာတင္တယ္။စြပ္စြဲခံရသူဖက္ကလည္ငွားရမ္းထားတဲ့လိုက္ပါေဆာင္ ႐ြက္ ၾကမဲ့ေရွ႕ေနေတြကိုယ္စားလွယ္ စာတင္တဲ့အတြက္ ဒီေန႔ ႐ုံးခ်ိန္မွာေတာ့ ဒီေလာက္ဘဲေဆာင္႐ြက္ ခဲ့ၾကတာ ဘဲျဖစ္ပါတယ္။

က်မတို႔အခုဆိုရင္ႏိုင္ငံတစ္ဝန္းမွာမႈခင္းစီမံခန႔္ခြဲမႈအစီအစဥ္နဲ႔ေဆာင္႐ြက္ေနတာျဖစ္တဲ့ အတြက္ သတ္မွတ္ထားတဲ့ရက္အပါ တြင္းၿပီးေအာင္ေဆာင္႐ြက္ၾကမွာျဖစ္ပါတယ္၊တရားလိုဖက္မွာတရားလိုရယ္၊ေနာက္ထပ္သက္ေသက(၂၆)ေယာက္ဆိုေတာ့ အားလုံး(၂၇)ေယာက္ ျဖစ္ပါတယ္။ တရားခံဖက္ကေတာ ေျပာလို႔ မရ ေသး တဲ့အတြက္အမႈ စစ္ေဆးေပၚေပါက္ခ်က္ အရ တရားခံကအျပစ္ရွိမွ စြဲခ်က္ တင္ၿပီးေတာ့ မွသူဖက္ကေနၿပီးမွ တရားခံျပသက္ေသတင္ျပလို႔ရမွာျဖစ္ပါတယ္။က်မတို႔တရား႐ုံးအေနနဲ႔ကိုယ့္တရား႐ုံးကိုစြဲတင္ထားတဲ့အမႈကို ဥပေဒလုပ္ထုံး လုပ္နည္းနဲ႔အညီ၊ဥပေဒနဲ႔အညီစီရင္ဆုံးျဖတ္သြားၾကတာဘဲျဖစ္ပါတယ္ “ ဟုဒုတိယခ႐ိုင္ တရားသူႀကီးေဒၚသီတာႏြယ္က သတင္းမီဒီယာမ်ား အားရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ေနျပည္ေတာ္၊ဒကၡိဏခ႐ိုင္တရာ႐ုံးတြင္Victoria အမႈႏွင့္ပတ္သက္၍ယေန႔႐ုံးခ်ိန္းတြင္ပုဒ္မ ၃၇၆ ျဖင့္ တရားစြဲတင္ခံရသူေက်ာင္းႀကီးၾကပ္ေရးမႉး ၏ယာဥ္ေမာင္းေအာင္ေက်ာ္မ်ိဳး(ခ) ေအာင္ႀကီးအားစတင္႐ုံး ထုတ္ခဲ့ေသာ္လည္း၊ အမႈစတင္ စစ္ေဆးျခင္း မျပဳေသးဘဲ ႏွစ္ဖက္ေရွ႕ေနမ်ားကိုယ္စားလွယ္စာတင္သြင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး႐ုံခ်ိန္းအား လာမည့္ ဇူလိုင္လ(၂၄) ရက္ေန႔သို႔ျပန္လည္ခ်ိန္ဆိုခဲ့ပါတယ္။ယင္းVictoria အမႈအားယေန႔ဒကၡိဏခ႐ိုင္တရား႐ုံး၏႐ုံးခ်ိန္သို႔လာေရာက္ဝန္ရံ သူမ်ားမွာလည္း Justice for Victoria စတစ္ကာပါ အက်ႌမ်ား ဝတ္ဆင္၍ လာေရာက္ေရာက္ဝန္းရံေနၾကၿပီး ယင္းအမႈကို စိတ္ဝင္စားသည့္ ျပည္သူ အမ်ားအျပားလည္း လာေရာက္ၾကည့္ရႈေနၾကသည္ ကိုလည္းေတြ႕ ရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၁၅။