နွားများတင်ဆောင်လာသည့် မော်တော်ယာဉ် မြောင်းအတွင်းထိုးကျတိမ်းမှောက်

နွားများတင်ဆောင်လာသည့် မော်တော်ယာဉ် မြောင်းအတွင်းထိုးကျတိမ်းမှောက်

မန္တလေး-နောင်ချို ၊ ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် မေလ ၁၄ ရက်နေ့က နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်သည် မြောင်း အတွင်းထိုးကျတိမ်းမှောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၅ ရက် မွန်လွဲ ၃ နာရီ ခွဲ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ မန္တလေး- နောင်ချိုလမ်း၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၇၉/၄)တွင် ပေါက်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မောင်းနှင်လာသော နွားထီး အကောင် (၂၀)တင်ဆောင်၍ မောင်းနှင်လာသော ၁၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်၊ အနက်(၆)ပေခန့်ရှိ မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် နွားထိန်း(၂)ဦးအနက် (၁)ဦး တွင် စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သည့် အတွက် နောင်ချိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် များမှ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ပိမိနေသည့် နွားများကိုလည်း မော်တော်ယာဉ်အပြင်ဘက်သို့ ထုတ်ယူ ကယ်ဆယ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
နောင်ချို၊ မေ ၁၅

(  Zawgyi  )

မႏၲေလး-ေနာင္ခ်ိဳ ၊ ျပည္ေထာင္စု ကားလမ္းမႀကီးေပၚတြင္ ေမလ ၁၄ ရက္ေန႔က ႏြားမ်ားတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ ေျမာင္း အတြင္းထိုးက်တိမ္းေမွာက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕မွ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ေမလ ၁၅ ရက္ မြန္လြဲ ၃ နာရီ ခြဲ အခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕၊ မႏၲေလး- ေနာင္ခ်ိဳလမ္း၊ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္(၇၉/၄)တြင္ ေပါက္ၿမိဳ႕ဘက္မွ မူဆယ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာေသာ ႏြားထီး အေကာင္ (၂၀)တင္ေဆာင္၍ ေမာင္းႏွင္လာေသာ ၁၂ ဘီးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ဝဲဘက္၊ အနက္(၆)ေပခန႔္ရွိ ေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ခဲ့ပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ႏြားထိန္း(၂)ဦးအနက္ (၁)ဦး တြင္ စိုးရိမ္ရသည့္ ဒဏ္ရာမ်ားရရွိခဲ့သည့္ အတြက္ ေနာင္ခ်ိဳၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ဝင္ မ်ားမွ ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ၿပီး ပိမိေနသည့္ ႏြားမ်ားကိုလည္း ေမာ္ေတာ္ယာဥ္အျပင္ဘက္သို႔ ထုတ္ယူ ကယ္ဆယ္ခဲ့တယ္လို႔ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေနာင္ခ်ိဳ၊ ေမ ၁၅