နှစ်ပေါင်း(၇၀)ကျော်ကြာရှည်ခဲ့သော ပြည်တွင်းစစ်ပဋိပက္ခကို သင်ခန်းစာ အဖြစ်ထားပြီးဘုံသဘောတူညီချက်တွေပေါ်မှာ အခိုင်အမာ ရပ်တည်ဆောင်ရွက်ဖို့ (ALP) ဒု-ဥက္ကဋ္ဌ ဆို

နှစ်ပေါင်း(၇၀)ကျော်ကြာရှည်ခဲ့သော ပြည်တွင်းစစ်ပဋိပက္ခကို သင်ခန်းစာ အဖြစ်ထားပြီးဘုံသဘောတူညီချက်တွေပေါ်မှာ အခိုင်အမာ ရပ်တည်ဆောင်ရွက်ဖို့ (ALP) ဒု-ဥက္ကဋ္ဌ ဆို

နှစ်ပေါင်း(၇၀)ကျော်ကြာရှည်ခဲ့သော ပြည်တွင်းစစ်ပဋိပက္ခကိုသင်ခန်းစာအဖြစ်ထားပြီးဘုံအကျိုးစီးပွား ဘုံသဘောတူညီချက်တွေပေါ်မှာ အခိုင်အမာရပ်တည်ပြီးကြိုးပမ်းဆောင်ရွက်သွားဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဌ   ဦးခိုင်စိုးနိုင်အောင် ကတိုက် တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာဆက်လက်ပြုလုပ်လျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက် အစည်းအဝေးတတိယနေ့မှာ ယခုကဲ့သို့တိုက်တွန်းပြောကြား လိုက်တာဖြစ် ပါတယ်။

“နှစ်ပေါင်း(၇၀)ကျော်ကြာ  ပြည်တွင်းစစ်၊ပြည်တွင်းပဋိပက္ခသ့မိုင်းကိုလေံလာကြည့်တဲ့အခါ ဘုံအကျိုးစီးပွား ဘုံသဘေတူညီချက်တွေကို အဓိကနေရာမှာမထားဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့အတွက် နှစ်ပေါင်း(၇၀)ကျော်ရှည်ကြာခဲ့ရတာ လို့ဆိုနိုင်ပါတယ်။ ဒါတွေကိုလည်း သင်ခန်းစာ အဖြစ်ထားပြီး ဘုံအကျိုးစီးပွား  ဘုံသဘောတူညီချက် တွေပေါ်မှာအခိုင်အမာ ရပ်တည်ပြီးကြိုးပမ်းဆောင်ရွက် သွားကြဖို့ို လိုကြောင်းအလေးအန က်တိုက်တွန်းလိုပါတယ်။တူတာတွဲလုပ် မတူတာကိုခွဲလုပ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်ရဲ့အမြင်သဘောထား ကိုလိုရင်းတိုရှင်းရှင်းပြလိုပါတယ်။ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအရေးဟာ ဘုံအကျိုးစီးပွား ဘုံသဘောတူညီချက်တွေဖြစ်ပါတယ်။ဒါကြောင့် အဲ့ဒါတွေနဲ့ပတ်သက်လို့ ပတ်သက်ဆက်နွယ်မှုရှိတဲ့အကြောင်းအရာတွေကို တွဲလုပ်ကြဖို့လိုအပ်ပါတယ်။

မတူတာကိုခွဲလုပ်ဆိုတာကတော့ တစ်ဖွဲ့ချင်းဆီရဲ့အကျိုးစီးပွားဖြစ်ပါတယ်။အဲ့ဒါကိုတော့ခွဲလုပ်ကြရမှာပါ။ ကျနော်အနေနဲ့ပြောကြားလိုတာက EAO  တွေဟာသမိုင်းအရသော်လည်းကောင်း လက်ရှိအခြေအနေရဲ့ ဖြစ်ပေါ်မှုဖြစ်စဉ်အရသော်လည်းကောင်း အခြေအနေတူညီမှုမရှိကြတာကို အားလုံးအသိပင်ဖြစ်ပါတယ်။ဒါကြောင့်တွဲပြီးလုပ်ကြတဲ့အခါ ဖြစ်ချင်တာ၊ဖြစ်နိုင်တာ ဖြစ်သင့်တာတွေကို  ခွဲခြားစိတ်ဖြာပြီး  ဖြစ်နိုင်တာတွေကို  ဦးစားပေးလုပ်ဆောင်တာဟာ ပိုပြီးတော့လက်တွေ့ကျနိုင်တယ်လို့ပြောကြားလိုပါတယ်။”လို့ ALP ဒုတိယဥက္ကဌ  ဦးခိုင်စိုးနိုင်အောင် ကပြောကြားခဲ့တာပါ။

ဒါ့အပြင် NCA ကိုလက်မှတ်ရေးထိုးထားတာဟာ(၄)နှစ်နီးပါးရှိပြီဖြစ်ပြီး EAO တွေလိုချင်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပုံစံတစ်ခုကိုမဖော်ထုတ်နိုင်သေးတာဟာ  EAO တွေရဲ့အားနည်းချက်တစ်ခုလိုဖြစ်နေသည့်တွက် EAO တွေလိုချင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ပုံစံတစ်ခုကိုလည်းအားလုံး အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ ဒီ ထိပ်သီးအစည်းအဝေးမှာဆုံးဖြတ်ချက်ချသင့်ကြောင်းကိုလည်း ၎င်းကတိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

ယခုကျင်းပလျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက် အစည်းအဝေးကို မေ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ (၆)ရက်ကြာကျင်းပမှာဖြစ်ပါတယ်။ယင်းအစည်းအဝေးသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ် ပါတီ(NMSP)နှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အပါအဝင် ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ လည်းလေ့လာသူများအဖြစ် တက်ရောက်လျက်ရှိကြတယ်လို့ သိရပါတယ်။

 ပြေသိမ်း
ချင်းမိုင်၊မေ ၁၆
ဓါတ်ပုံ - NCA-S EAO

(  Zawgyi  )

 ႏွစ္ေပါင္း(၇၀)ေက်ာ္ၾကာရွည္ခဲ့ေသာ ျပည္တြင္းစစ္ပဋိပကၡကိုသင္ခန္းစာအျဖစ္ထားၿပီးဘုံအက်ိဳးစီးပြား ဘုံသေဘာတူညီခ်က္ေတြေပၚမွာ အခိုင္အမာရပ္တည္ၿပီးႀကိဳးပမ္းေဆာင္႐ြက္သြားဖို႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP) ဒုတိယဥကၠဌ   ဦးခိုင္စိုးႏိုင္ေအာင္ ကတိုက္ တြန္းေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ေမ ၁၆ ရက္တြင္ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာဆက္လက္ျပဳလုပ္လ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္ အစည္းအေဝးတတိယေန႔မွာ ယခုကဲ့သို႔တိုက္တြန္းေျပာၾကား လိုက္တာျဖစ္ ပါတယ္။

“ႏွစ္ေပါင္း(၇၀)ေက်ာ္ၾကာ  ျပည္တြင္းစစ္၊ျပည္တြင္းပဋိပကၡသ့မိုင္းကိုေလံလာၾကည့္တဲ့အခါ ဘုံအက်ိဳးစီးပြား ဘုံသေဘတူညီခ်က္ေတြကို အဓိကေနရာမွာမထားဘဲ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၾကတဲ့အတြက္ ႏွစ္ေပါင္း(၇၀)ေက်ာ္ရွည္ၾကာခဲ့ရတာ လို႔ဆိုႏိုင္ပါတယ္။ ဒါေတြကိုလည္း သင္ခန္းစာ အျဖစ္ထားၿပီး ဘုံအက်ိဳးစီးပြား  ဘုံသေဘာတူညီခ်က္ ေတြေပၚမွာအခိုင္အမာ ရပ္တည္ၿပီးႀကိဳးပမ္းေဆာင္႐ြက္ သြားၾကဖို႔ို လိုေၾကာင္းအေလးအန က္တိုက္တြန္းလိုပါတယ္။တူတာတြဲလုပ္ မတူတာကိုခြဲလုပ္ဆိုတာနဲ႔ ပတ္သက္လို႔ က်ေနာ္ရဲ႕အျမင္သေဘာထား ကိုလိုရင္းတိုရွင္းရွင္းျပလိုပါတယ္။ ဒီမိုကရက္တစ္ဖက္ဒရယ္ျပည္ေထာင္စုအေရးဟာ ဘုံအက်ိဳးစီးပြား ဘုံသေဘာတူညီခ်က္ေတြျဖစ္ပါတယ္။ဒါေၾကာင့္ အဲ့ဒါေတြနဲ႔ပတ္သက္လို႔ ပတ္သက္ဆက္ႏြယ္မႈရွိတဲ့အေၾကာင္းအရာေတြကို တြဲလုပ္ၾကဖို႔လိုအပ္ပါတယ္။

မတူတာကိုခြဲလုပ္ဆိုတာကေတာ့ တစ္ဖြဲ႕ခ်င္းဆီရဲ႕အက်ိဳးစီးပြားျဖစ္ပါတယ္။အဲ့ဒါကိုေတာ့ခြဲလုပ္ၾကရမွာပါ။ က်ေနာ္အေနနဲ႔ေျပာၾကားလိုတာက EAO  ေတြဟာသမိုင္းအရေသာ္လည္းေကာင္း လက္ရွိအေျခအေနရဲ႕ ျဖစ္ေပၚမႈျဖစ္စဥ္အရေသာ္လည္းေကာင္း အေျခအေနတူညီမႈမရွိၾကတာကို အားလုံးအသိပင္ျဖစ္ပါတယ္။ဒါေၾကာင့္တြဲၿပီးလုပ္ၾကတဲ့အခါ ျဖစ္ခ်င္တာ၊ျဖစ္ႏိုင္တာ ျဖစ္သင့္တာေတြကို  ခြဲျခားစိတ္ျဖာၿပီး  ျဖစ္ႏိုင္တာေတြကို  ဦးစားေပးလုပ္ေဆာင္တာဟာ ပိုၿပီးေတာ့လက္ေတြ႕က်ႏိုင္တယ္လို႔ေျပာၾကားလိုပါတယ္။”လို႔ ALP ဒုတိယဥကၠဌ  ဦးခိုင္စိုးႏိုင္ေအာင္ ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ NCA ကိုလက္မွတ္ေရးထိုးထားတာဟာ(၄)ႏွစ္နီးပါးရွိၿပီျဖစ္ၿပီး EAO ေတြလိုခ်င္တဲ့ ဒီမိုကရက္တစ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ပုံစံတစ္ခုကိုမေဖာ္ထုတ္ႏိုင္ေသးတာဟာ  EAO ေတြရဲ႕အားနည္းခ်က္တစ္ခုလိုျဖစ္ေနသည့္တြက္ EAO ေတြလိုခ်င္တဲ့ ဒီမိုကရက္တစ္ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ ပုံစံတစ္ခုကိုလည္းအားလုံး အျမန္ဆုံးအေကာင္အထည္ေဖာ္ၾကဖို႔ ဒီ ထိပ္သီးအစည္းအေဝးမွာဆုံးျဖတ္ခ်က္ခ်သင့္ေၾကာင္းကိုလည္း ၎ကတိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္။

ယခုက်င္းပလ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္ အစည္းအေဝးကို ေမ ၁၄ ရက္မွ ၁၉ ရက္ေန႔အထိ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာ (၆)ရက္ၾကာက်င္းပမွာျဖစ္ပါတယ္။ယင္းအစည္းအေဝးသို႔ NCA ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၈)ဖြဲ႕ႏွင့္ NCA အေကာင္အထည္ေဖာ္ဖက္မ်ားျဖစ္ၾကသည့္ မြန္ျပည္သစ္ ပါတီ(NMSP)ႏွင့္လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး(LDU)တို႔ အပါအဝင္ ညီေနာင္တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ လည္းေလ့လာသူမ်ားအျဖစ္ တက္ေရာက္လ်က္ရွိၾကတယ္လို႔ သိရပါတယ္။

 ေျပသိမ္း
ခ်င္းမိုင္၊ေမ ၁၆
ဓါတ္ပုံ - NCA-S EAO