ပင်လည်ဘူးတွင် မီးကြွင်းမီးကျန် မှ နေအိမ် လောင်သည့် မီးကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပင်လည်ဘူးတွင် မီးကြွင်းမီးကျန် မှ နေအိမ် လောင်သည့် မီးကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်လောင်သည့် မီးကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၂၉ ရက် နံနက် ၄ နာရီ ခန့် တွင် ပင်လည်ဘူးမြို့နယ်၊ ကွမ်းတောင်ကျေးရွာနေ ဒေါ်မြရင် (၆၅)နှစ်၏ နေအိမ်၌ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဒေါ်မြရင်နှင့် ၎င်း ၏ သမီးဖြစ်သူ မဇင်မာဝင်း(၂၇)နှစ် တို့ မီးလောင်သေဆုံးခဲ့ပါတယ်။အဆိုပါနေအိမ် မီးလောင်မှုကြောင့် ဒေါ်မြရင် နှင့် ၎င်း၏သမီးများဖြစ်သည့် မဇင်မာဝင်း၊ မဝင်းအေး၊ မနေဇင်ဝင်း တို့ ၄ ဦးအနက်  မနေဇင်ဝင်း တွင် ယာလက်/ ခြေကျင်းဝတ် မီးလောင်ဒဏ်ရာများ(မစိုးရိမ်ရ)နှင့် မဝင်းအေး တွင် နေအိမ်ပေါ်မှခုန်ချသဖြင့် ခါးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

သေဆုံးသူ နှင့် ဒဏ်ရာရရှိသူများကို ပင်လည်ဘူးဆေးရုံသို့ တင်ပို့ခဲ့ပြီး ဒေါ်မြရင်(သေဆုံး)အား ပင်လည်ဘူး မြို့မရဲစခန်းက (ပ)၄၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၈၅ ၊ပေါ့လျော့မှုကြောင့် လူသေမှု/ သာမန် နာကျင်စေမှု/ မီးပေါ့ဆမှု တို့ဖြင့် အမှုဖွင့် လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ပင်လည်ဘူး၊ ဧပြီ ၃၀

(  Zawgyi  )

 စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လည္ဘူးၿမိဳ႕နယ္ တြင္ မီးႂကြင္းမီးက်န္မွတဆင့္ ေနအိမ္ေလာင္သည့္ မီးေၾကာင့္ အမ်ိဳးသမီး ၂ ဦး ေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဧၿပီလ ၂၉ ရက္ နံနက္ ၄ နာရီ ခန႔္ တြင္ ပင္လည္ဘူးၿမိဳ႕နယ္၊ ကြမ္းေတာင္ေက်း႐ြာေန ေဒၚျမရင္ (၆၅)ႏွစ္၏ ေနအိမ္၌ မီးဖိုမီးႂကြင္းမီးက်န္မွတဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ရာ ေဒၚျမရင္ႏွင့္ ၎ ၏ သမီးျဖစ္သူ မဇင္မာဝင္း(၂၇)ႏွစ္ တို႔ မီးေလာင္ေသဆုံးခဲ့ပါတယ္။အဆိုပါေနအိမ္ မီးေလာင္မႈေၾကာင့္ ေဒၚျမရင္ ႏွင့္ ၎၏သမီးမ်ားျဖစ္သည့္ မဇင္မာဝင္း၊ မဝင္းေအး၊ မေနဇင္ဝင္း တို႔ ၄ ဦးအနက္  မေနဇင္ဝင္း တြင္ ယာလက္/ ေျခက်င္းဝတ္ မီးေလာင္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ႏွင့္ မဝင္းေအး တြင္ ေနအိမ္ေပၚမွခုန္ခ်သျဖင့္ ခါးနာက်င္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိခဲ့ပါတယ္။

ေသဆုံးသူ ႏွင့္ ဒဏ္ရာရရွိသူမ်ားကို ပင္လည္ဘူးေဆး႐ုံသို႔ တင္ပို႔ခဲ့ၿပီး ေဒၚျမရင္(ေသဆုံး)အား ပင္လည္ဘူး ၿမိဳ႕မရဲစခန္းက (ပ)၄၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/ ၃၃၇/ ၂၈၅ ၊ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ သာမန္ နာက်င္ေစမႈ/ မီးေပါ့ဆမႈ တို႔ျဖင့္ အမႈဖြင့္ လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ပင္လည္ဘူး၊ ဧၿပီ ၃၀